ရန်ကုန်၊ ဇူလိုင် ၆ ရက်။ ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှု ရရှိရေး၊ လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊ နောက်ထပ် ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်းရေး စသည်တို့အတွက် ဇူလိုင် ၆ ရက်နေ့တွင် အင်းစိန်မြို့နယ် မင်းဓမ္မကုန်း၊ ကျောက်တော်ကြီးဘုရားရှေ့မှ အင်းစိန်စီအိုင်ဒီ (CID) ရုံးရှေ့ထိ ချီတက် ဆန္ဒပြနေသည်။
