စစ်တပ်အာဏာသိမ်းပြီး ၁၃၁ ရက် အတွင်း အသတ်ခံရသူ ၈၆၂ ဦးရှိပြီ

ရန်ကုန်၊ ဇွန် ၁၂ ရက်။

စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ ရက်ပေါင်း ၁၃၁ ရက်အတွင်း စစ်တပ်၏ ပစ်ခတ်၊ ဖမ်းဆီး၊ရိုက်နှက်ခံရမှုကြောင့် သေဆုံးသည့်ပြည်သူ ၈၆၂ ဦး ရှိသွားပြီဖြစ်ကြောင်း ယနေ့ ( ဇွန်လ ၁၂ ရက်) ညနေပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက် ရေးအသင်း (AAPP)က ထုတ်ပြန်ထား သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ဖေဖော်ဝါ ရီလ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၁၂ ရက်နေ့ထိ ဖမ်းဆီးခံရသူ (၄၈၄၈) ဦးရှိပြီး၊ (၁၇၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည့်အတွက် ရှောင်တိမ်းနေရသူ (၁၉၃၆) ဦးရှိကြောင်း၊ ယင်းအထဲမှ မျက်ကွယ် သေဒဏ် (၃၁) ဦး၊ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ (၁၄) ဦး၊အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂၀) နှစ်စီ (၃၉) ဦး၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇) နှစ်စီ ချမှတ်ခံထားရသူ (၅) ဦးရှိသည်ဟု AAPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *