RNA_ဒီဇင်ဘာ(၉)၊၂၀၂၄ခုနှစ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏ ကျောက်ဂူအမြောက်တပ် (အမတ ၃၄၉)၊ နောင်ဝိုးတပ် (ခလရ ၂၉၂) နှင့် နောင်ချိုမြို့နယ် တောင်ခမ်းသို့ ရပ်စောက်မှစစ်ကူသွားသော စစ်ကြောင်းများနှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ကျောက်ဂူဒေသရှိ စစ်ကောင်စီလက်အောက်ခံများနှင့် DPLA ရဲဘော်များ နိုဝင်ဘာ (၃၀) ရက်နေ့မှစတင်ကာ နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ဒီဇင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ဒရုန်းဖြင့် ဓာတုဗုံးအသုံးပြုတိုက်ခိုက်သည့်အတွက် ရဲဘော်များ ဓာတုအဆိပ်သင့် မူးဝေအော့အန်ခြင်းများ ဖြစ်ပွားခဲ့ရသည်ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)က ယနေ့ ထုတ်ပြန်ထားသည်။
#RedNewsAgency #RNA #REDNEWS