Red News Agency

Independent Journalism for Justice and Human Rights.

Tag: နွေဦးတော်လှန်ရေး

  • ပခုက္ကူ – ရေစကြို ကားလမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေ

    ပခုက္ကူ – ရေစကြို ကားလမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေ

    RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို ကားလမ်းတနေရာရှိ ကိုရှိန်းဆီဆိုင်ရှေ့၌ အင်အား (၁၄)ဦးပါ ကား (၂) စီးနှင့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ရေစကြို PDF တပ်ဖွဲ့ကာ တိုက်ခိုက်ရာ (၁၀) ဦးသေဆုံးခဲ့သည်။

    သေဆုံး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများထံမှ Carbine ၆ လက်၊ Carbine ကျည်ဘောက် ၆ ဘောက်၊ ကာဘိုင်ကျည် ၁၄၆ တောင့်၊ MA4 တစ်လက်၊ MA4 ကျည်ဘောက် ၅ ဘောက်၊ ၅.၅၆ ကျည် ၉၄ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ 40 mm ဗုံးသီး ၄ လုံး၊ Phone ၃ လုံး၊ Power bank ၁ လုံး၊ Equipment ၁ ခု၊ ရေဗူး ၁ ဗူး၊ Super custom ကား ၁ စီး၊ ဗလာကျည် ၃ တောင့် သိမ်းဆည်းရမိခဲ့သည်။

    (more…)

  • မဆုမွန်ထက်ကျဆုံး သတင်းမှားအတွက် တောင်းပန်ခြင်း

    မဆုမွန်ထက်ကျဆုံး သတင်းမှားအတွက် တောင်းပန်ခြင်း

    RNA_ဖေဖော်ဝါရီ(၆)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ပြီး လက်နက်အင်အားမမျှသည့်အတွက် မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ အသက် (၂၀) အရွယ် ဆေးတပ်သား ရဲမေ မဆုမွန်ထက် ယမန်နေ့က ကျဆုံးခဲ့ရသည်ဟု Red News Agency သတင်းမှား တင်ခဲ့မိသည့်အတွက် စာဖတ်ပရိတ်သတ်များအား တောင်းပန်ပါသည်။

    စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်အခြေစိုက် မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒလန်များကို တိုက်ခိုက်ရှင်းလင်းနေကြောင်း၊ တိုက်ပွဲအတွင်း လက်နက်အင်အား မမျှသည့်အတွက် မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ မဆုမွန်ထက်အပါအဝင် ကျဆုံးရဲဘော် (၈) ဦးထိ ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်ကို ရေးသားခဲ့‌ သော်လည်း ၎င်းအဖွဲ့မြေပြင်မှာ အမှန်တကယ်မရှိကြောင်း စစ်ကိုင်းတိုင်းအတွင်းအဖွဲ့အစည်းများက အသိပေးထားသည်။

    Red News Agency

  • ဖယ်ခုံ PDF ရဲဘော်ဒေးဗစ်ဈာပန

    ဖယ်ခုံ PDF ရဲဘော်ဒေးဗစ်ဈာပန

    ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၅) ဦးသေပြီး၊ ဖယ်ခုံ PDF ရဲဘော် ဒေးဗစ်ကျဆုံး

    RNA_ဖေဖော်ဝါရီ(၆)၊၂၀၂၃ ခုနှစ်။

    ရှမ်း – ကယား အစပ် ဖယ်ခုံမြို့နယ်၊ လွိုင်ကော်- ဖယ်ခုံ လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅) ဦးသေဆုံးပြီး၊ ဖယ်ခုံ PDF ရဲဘော်ဒေးဗစ် ကျဆုံးခဲ့ကြောင်း သိရသည်။

    လွိုင်ကော်- ဖယ်ခုံ လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များဖြစ်သည့် ဖယ်ခုံ PDF တပ်ရင်း (၂)၊ KNDF B03၊ URF တပ်ဖွဲ့တို့က ဖေဖော်ဝါရီ (၄) ရက်နေ့က တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

    (more…)

  • ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်

    ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်

    RAN_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်တော်၏ ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား တပ်စုဖွဲ့တာဝန်ပေးအပ်ခြင်းနှင့် လက်နက်တပ်ဆင်ပေးထားကြောင်း သိရသည်။
     
    ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်ခြင်းနှင့် တပ်စုဖွဲ့တာဝန်ပေးအပ်ခြင်း အခန်းအနားကို အခမ်းအနား ဖေဖော်ဝါရီ (၁) ရက်နေ့ကပြုလုပ်ခဲ့ပြီး၊ အခန်းအနားတွင် ဒေါနစစ်ကြောင်း၊ စစ်ဆင်ရေးတာဝန်ခံမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် စစ်ဆင်ရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ပြောကြားခြင်း၊ စစ်ကြောင်းမှူးမှ ရဲဘော်များကို ဂုဏ်ပြုစကားပြောဆိုခြင်း၊ ရဲဘော်များ သစ္စာဌာန်ခြင်း၊ ဂုဏ်ပြုဆုပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း Daw Na Column မှ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=uDzzJJ5XJSM[/embedyt]
    အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်ပိုင်းတိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မ​တော် စစ်ကြောင်းများမှ ရဲဘော်များကို ကိုယ်ပိုင်နံပါတ် ယူနီဖောင်း လက်နက် စသည့် စစ်အသုံးအဆောင်ပစ္စည်းများ တပ်ဆင်နေကြောင်း သိရသည်။
     
    #RedNewsAgency

  • ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း YDF ရဲဘော်များ သစ္စာဆို 

    ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း YDF ရဲဘော်များ သစ္စာဆို 

    RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ် ရေးတပ် – YDF ရဲဘော်များအနေဖြင့် စစ်အာဏာရှင်နှင့် လက်ပါးစေများဖြစ်သည့် ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲတွင် သစ္စာဆိုခဲ့ကြကြောင်း သိရသည်။

    Photo : Myat Thu 

    (more…)

  • မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသူတချို့ ရိုက်နှက်ခံနေရ 

    မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသူတချို့ ရိုက်နှက်ခံနေရ 

    RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။

    မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးအမျိုးသားနှင့် အမျိုးသမီး ဝန်ထမ်းတချို့က နိုင်ငံရေးအကျဉ်းသူတချို့ကို ဆဲဆို ရိုက်နှက်မှုများရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် ရက်ပိုင်းက အမျိုးသမီးအဆောင်တွင် သာမန်အကျဉ်းသူတချို့နှင့် စကားအခြေအတင်ဖြစ်ရာတွင် မြင်းခြံထောင် ဝန်ထမ်း (၂) ပွင့် နှင့် ဒေါ်မြင့်ဇော်မှ အမျိုးသား ဝန်ထမ်းများကိုခေါ်ကာ နိုင်ငံရေးအကျဉ်းသူ တချို့ကို ဒုတ်ဖြင့်ရိုက်ခြင်း၊ ဆဲဆိုခြင်းစသည်တို့ ပြုလုပ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုအသိုင်းအဝန်းမှ သိရသည်။

    (more…)

  • “အမေဖုန်းဆက်တော့ အမေ့ကိုလွမ်းတယ်ဗျာ” စစ်မြေပြင်ရှေ့တန်းရဲဘော်တို့၏ ရင်တွင်းစကား

    “အမေဖုန်းဆက်တော့ အမေ့ကိုလွမ်းတယ်ဗျာ” စစ်မြေပြင်ရှေ့တန်းရဲဘော်တို့၏ ရင်တွင်းစကား

    RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။
     
    “အခုဆိုရင် ကျွန်တော့်အမေ နေမကောင်းဘူး အမေဟိုနေ့က ဖုန်းဆက်တယ် အမေဖုန်းဆက်တော့ အမေ့ကို လွမ်းတယ်ဗျာ” ဟု ရဲဘော်တယောက်၏ ရင်တွင်းစကားများနှင့်အတူ ရဲဘော်များ၏ ရင်တွင်းစကားများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ခံယူချက်များ စသည်တို့ကို ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=G0YNQPIQshg[/embedyt]
    “အာဏာသိမ်းခဲ့တာလည်း ၂ နှစ်ပြည့်ပြီ ကျွန်တော်တို့ ဒီလိုငြိမ်ခံနေရလို့ မရဘူး၊ ဒီလိုနေ့မှာ အရှုံးပေးလို့မရဘူး ဒီလိုဆက်သွားနေလို့ ဘာမှမထူးတော့ဘူး ဒီကောင်တွေကို အမြစ်ဖြတ်​ ချေမှုန်းမှရတော့မယ်”၊ အဖေနဲ့ ဖုန်းပြောဖြစ်တော့ အိမ်က ထမင်းဝိုင်းမှာ ငါးဖယ်ဟင်း ကြည့်ပြိး ငါ့ သားကြီးကို ကြိုက်မှာပဲ အခု ငါ့သားကြီး ဘယ်လိုနေရလဲဆိုပြီး အမေက ငိုတယ်တယ်တဲ့”၊ “ဒီကိုကရေစီဆိုတာ လွယ်လွယ်နဲ့ရတဲ့အရာမဟုတ်ဘူး၊ ကိုယ့်ဘက်က ဘာမှမပေးဆပ်ဘဲနဲ့ ဒီမိုကရေစီကို လွယ်လွယ်နဲ့ ရဖို့တော့ စိတ်မကူးနဲ့ “ စသည့် ရဲဘော်များ၏ စကားဝိုင်း ရင်တွင်းစကားများကို တောင်ပိုင်းတိုင် စစ်ဒေသ ရှေ့တန်းစစ်မြေပြင်မှ ရဲဘော်သစ်နောင်နောင်နှင့် ရဲဘော်များ၏ စကားဝိုင်းဖွဲ့ကာ ပြောကြားထားကြသည်။
     
    Red News Agency
     

  • ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်ရဲထွန်း တိုက်ပွဲတွင် ကျဆုံး 

    ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်ရဲထွန်း တိုက်ပွဲတွင် ကျဆုံး 

    RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။

    ကျောင်းသားလက်ရုံးတပ်တော် – Student Armed Force မှ ရဲဘော်ရဲထွန်းသည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း တော်လှန်ရေးတာဝန်များထမ်းဆောင်ရင်း ရဲဝံ့ပြောင်မြောက်စွာ အသက်ပေးလှူ (ကျဆုံး)ခဲ့ရကြောင်း သိရသည်။

    ကျောင်းသားလက်ရုံးတပ်တော်မှရဲဘော်များ၊ မဟာ မိတ်ရဲဘော်များ ပူးပေါင်းပေါင်းပြီး အကြမ်းဖက် အာဏာ သိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၄) ရက်နေ့က ရဲဘော်ရဲထွန်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း Student Armed Force ကထုတ်ပြန်ထားသည်။

    ” ရဲဘော်ရဲထွန်း၏ နောက်ဆုံးခရီးကို ကျောင်းသားလက်ရုံးတပ်တော်မှ တပ်ဖွဲ့ဝင်ရဲဘော်များ၊ နယ်မြေခံပကဖရဲဘော်များနှင့် ဒေသခံပြည်သူများမှ ဂုဏ်ပြုပို့ဆောင်ခဲ့သည်။ ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို မမှိတ်မသုန် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ရဲဘော် ရဲထွန်း၏ ကျဆုံးမှု အား လေးမြတ်စွာ ဦးညွှတ် အလေးပြုအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ကမ္ဘာကျော် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး လှုပ်ရှားမှု

    ကမ္ဘာကျော် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး လှုပ်ရှားမှု

    စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး လှုပ်ရှားမှု (၂) နှစ်ပြည့်ပြီ

    RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၃ ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က ပြည်သူ့အစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းပြီးနောက် နောက်တရက်နေ့တွင် ပြည်သူများသည် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း သံပုံးတီးကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

    ယနေ့သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကမ္ဘာကျော် သံပုံတီး လှုပ်ရှားမှု (၂)နှစ်ပြည့်နေ့ဖြစ်သည်။ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ပါအဝင် မြို့နယ်တချို့ကို စစ်အာဏာသိမ်းမှုကိုလက်မခံသည့် သံပုံးတီး လှုပ်ရှားမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့ ည (၇) နာရီဝန်းကျင်တွင် ပြုလုပ်ခဲ့ကြသည်။

    (more…)

  • မဲဆောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု

    မဲဆောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု

    RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၃ ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က အကြမ်းဖက်အာဏာသိမ်းသည့် စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့် ( ဖေဖော်ဝါရီ ၁ ရက်) နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့တနေရာတွင် CDM နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက စစ်အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=UNlDCDa9vqA[/embedyt]

    #RedNewsAgency