နွေဦးတော်လှန်ရေး

ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ ရွှေပြည်အေးမြို့ကို အပြီးသတ်သိမ်းပိုက်

ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ ရွှေပြည်အေးမြို့ကို အပြီးသတ်သိမ်းပိုက်

RNA_နိုဝင်ဘာ (၂၉)၊၂၀၂၃ခုနှစ်။   စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီတပ်လက်အောက်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း Homalin People's Defence Force - HPDF က ရုပ်သံနှင့်တကွ ယနေ့ ထုတ်ပြန်ထားသည်။   ရွှေပြည်အေးမြို့အား စစ်ကိုင်းတိုင်းအထူးလှုပ်ရှားတပ်ရင်း (SR-4 ထုတ်နှုတ်)၊ တိုင်းရုံးအဖွဲဲ့ နှင့် ခန္တီးခရိုင် အမှတ် (၁၊၂) ဦးဆောင်ခဲ့ပြီး ဒေသတွင်း (ပ.က.ဖ)၊ (ပ.လ.ဖ) နှင့် Local Force ဖြစ်သော HPDF-124 မှ ရဲဘော် (၅) ယောက်၊ မိုးကြိုး မှ ရဲဘော်…
Read More
မတ္တရာမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းတခုကို TNLA နှင့် MDY PDF တို့ အပြီးသတ်သိမ်းပိုက်

မတ္တရာမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းတခုကို TNLA နှင့် MDY PDF တို့ အပြီးသတ်သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၈)၊၂၀၂၃ ခုနှစ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကုန်းတခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် TNLA ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက်နေ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းကုန်းကို နံနက် ၈ နာရီတွင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ၁၀ နာရီ ၃၀ မိနစ်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၁၃) လက်နှင့် ဆက်စပ်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကောင်စီ တပ််ဖွဲ့ဝင် (၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သေဆုံး ၁၅ လောင်းတွေ့ရှိရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။ (more…)
Read More
လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့ စျေးတခုအတွင်း လူထုသပိတ်ဖော်ဆောင်

လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့ စျေးတခုအတွင်း လူထုသပိတ်ဖော်ဆောင်

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ သပိတ်အင်အားစုများစုပေါင်း၍ ယနေ့ နံနက်ပိုင်းက စျေးတခုအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။ “လူထုကြီးရဲ့ ရွပ်ရွပ်ချွံချွံတော်လှန်မှုကြောင့် ဒီကနေ့မှာတော့ အာဏာလောဘ တက်ပြီး လူထုကို ဖိနှိပ်နေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ မရှုမလှ အရေးနိမ့်နေပါပြီ၊ပြိုကျနေပါပြီ..။ ပျက်စီးနေပါပြီ”ဟု ကိုနန်းလင်းကဟောပြောခဲ့ကြောင်း တကသကျောင်းသားဟောင်းများအင်အားစု - University Students’ Unions Alumni Force ထံမှ သိရသည်။   တိုင်းပြည်နှင့် တပ်မတော်ကို ကယ်တင်ချင်ပါက ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်များလက်အောက်မှ အမြန်ဆုံး ရုန်းထွက်ကြရန်၊ ပြည်သူနှင့် ပူးပေါင်းပြီး ပြည်သူ့ဘက်ရပ်တည်ကြရန် မြန်မာ့တပ်မတော်သားများကို ရည်ရွယ်၍ ကိုနန်းလင်းက ပြောကြားခဲ့သေးသည်။ #RedNewsAgency
Read More
ပြိုလဲနေသော စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုများလည်း မအောင်မြင်

ပြိုလဲနေသော စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုများလည်း မအောင်မြင်

"မြေပြန့်လို့ခေါ်ဆိုရမယ့် စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီစခန်းနဲ့ မြို့တွေကိုလည်း စွန့်လွှတ်ထားရပါတယ်။ ကောလင်းမြို့ကို ဆုံးရှုံးထားသလို ထီးချိုင့်ကိုလည်း လက်လွှတ်ရမယ့် အနေအထားမှာ ထန်တလန်ဖြစ်စဉ်လိုမျိုး ဖန်တီးနေတာကိုတွေ့ရမှာပါ" ကျော်ရဲစံ မကွေးတိုင်းအတွင်း စစ်ကောင်စီက ခံစစ်သဖွယ်ပြင်ဆင်နေတာကို တွေ့လာရပါတယ်။ အထူးသဖြင့် ရခိုင်ရိုးမနဲ့ဆက်စပ်နေရာတွေမှာ စစ်ကြောင်းထိုးတာ အင်အားဖြည့်တာတွေပြုလုပ်လာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆို အမ်းဌာနချုပ်ကို သွားရာလမ်းဖြစ်တဲ့ ငဖဲ-အမ်း လမ်းတဝိုက်စစ်ကောင်စီ​က နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်တာကိုတွေ့ရပါတယ်။ ဒါဟာ ရခိုင့်တပ်တော်နဲ့ PDF တွေ မကွေးတိုင်းအတွင်း ဝင်ရောက်မလာနိုင်အောင် ကြိုတင်တားဆီးထားတဲ့သဘောပါပဲ။ ရခိုင်ပြည်နယ်မှာ ၁၀၂၇ စတင်ဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်စခန်း ၄၀ ကျော်လက်လွှတ်ထားရပါတယ်။ ဒါ့အပြင် စစ်တွေမြို့နဲ့ ၁၉ မိုင်သာဝေးတဲ့ ပေါက်တောမြို့ကိုလည်း လက်လွှတ်ရမယ့် အနေအထားနဲ့ စစ်ကောင်စီက ရင်ဆိုင်နေရပါတယ်။ AA…
Read More
Sold Out လို့မအော်ခင် ပြန်စဉ်းစားပါ

Sold Out လို့မအော်ခင် ပြန်စဉ်းစားပါ

"အခုအချိန်ဟာ တော်လှန်ရေး ရေချိန်မြင့်တက်နေတဲ့ အတွက် Sold Out ဆိုတဲ့ စကားကို သူ့ထက်ငါ အလုအယက် တင်ချင်ကြတာမှန်ပေမဲ့ အချိန်ခဏလောက်တော့ သည်းခံသင့်ရင် သည်းခံရမှာပါ" လှဆောင် အာမချောင်နဲ့ ဆိုတဲ့စကားဟာ ဒီနိုင်ငံမှာ လူတိုင်းနီးပါးလောက် ပြောဖူးကြမယ့် စကားမျိုးဖြစ်ပါလိမ့်မယ်။ မလုပ်နိုင်တဲ့ကိစ္စတွေကို လုပ်နိုင်တယ်ဆိုပြီး အာမခံတာတွေ၊ မပြောသင့်တဲ့စကားတွေကို မပြောသင့်တဲ့ အချိန်နဲ့ နေရာမှာ ပြောမိတဲ့ ကိစ္စတွေ၊ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်ပြောတဲ့ ကိစ္စတွေမှာ အာမချောင်နဲ့လို့ ပြောလေ့ရှိကြပါတယ်။ အခုလည်းပဲ နိုင်ငံတဝန်း စစ်အာဏာရှင်တော်လှန်ရေး ရေချိန်မြင့်တက်လာတာနဲ့ အမျှ ပါးစပ်စည်းမစောင့်ဘဲ အာချောင်တဲ့သူတွေ အများအပြားရှိလာပါတယ်။ အဲဒါကတော့ ခုရက်ပိုင်းခေတ်စားနေတဲ့ "Sold Out" ပဲဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က…
Read More
ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

RNA_ဖားကန့် နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရွာလယ်လမ်းမပေါ်ရှိ ဂျာနူး ဆေးဆိုင်နှင့် ငွေလွှဲ ငွေထုတ်လုပ်ကိုင်သည့်ဆိုင်အား အောက်တိုဘာ ၃၁ ရက်နေ့ နေ့ခင်းက ဓါးပြတိုက်ခံရပြီး သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်အပါ အခြားဓါးပြတိုက်မှုတို့မှ သံသယရှိသူများကို KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)မှ ဖော်ထုတ်ရမိသော ကွင်းဆက်များအရ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ ဆက်စပ်ဖမ်းဆီးစစ်ဆေးခံရသူများထဲ၌ KPDF မှ ဖားကန့်မြို့နယ် မှော်စီစာ အပိုင်းတာဝန်ခံ ဝမ်းဘက် (ခ) ရင်သွေးဦး နှင့် လက်ထောက်ဖြစ်သူ ဇွဲကိုတို့ပါဝင်နေပြီး KIA အရာရှိအချို့လည်းပါဝင်နေကြောင်း သိရသည်။ "လက်ရှိက စစ်ဆေးနေဆဲကာလပါ ဝမ်းဘက်ကို လက်နက်ဖြုတ်…
Read More
ခင်ဗျားတို့မသိတဲ့ ဖြစ်ရပ်မှန်

ခင်ဗျားတို့မသိတဲ့ ဖြစ်ရပ်မှန်

"ခြေတစ်ချောင်းမရှိတော့တာနဲ့ သူများကိုမှီခိုပြီး ဒီတိုင်းငြိမ်နေလိုက်ဖို့ ကျတော့်မှာ လိပ်ပြာမလုံဘူး တစ်ချို့ဆို အသက်တွေတောင်ပေးနေရတာ ကျတော်ကခြေတစ်ချောင်းပဲ ပေးလိုက်ရတာ သူတို့ထက်စာရင်အများကြီး တော်ပါသေးတယ်ဗျာ" ရာဟု (simon) "ဒီပုံကိုသေချာကြည့်ရင် ထူးခြားတာတစ်ခုကို ခင်ဗျားတို့မြင်ရလိမ့်မယ် " အခုမြင်နေရတဲ့ပုံက Under ground အနုပညာသမားတွေပါ၀င်ဖျော်ဖြေခဲ့တဲ့ မဲဆောက်က ဂီတပွဲတစ်ခုဖြစ်တဲ့ ITTA ပွဲထဲက ပုံတစ်ပုံဖြစ်တယ်။ ခုံပေါ်မှာထိုင်ရင်း မိုက်ကရိုဖုန်းကတစ်ဆင့် စကားလုံးတွေကို ဓါးသွားလိုခပ်ပြင်းပြင်းနဲ့ နားထောင်နေတဲ့လူတွေရင်ထဲထိရောက်အောင် ဆိုနေတဲ့ hip hop အဆိုတော်တစ်ယောက်... " သူ့နာမည်က မင်းလွန် " ။ "တော်လှန်ရေးကာလမှာ Generation Lee ဆိုတာ သူ့ရဲ့ hits အဖြစ်ခဲ့ဆုံးသီချင်းပေါ့ " (more…)
Read More
စစ်ကောင်စီအကြံပေးအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံပေးသင့်

စစ်ကောင်စီအကြံပေးအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံပေးသင့်

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီအထူးအကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစောအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံများပေးပြီး၊ ပြည်သူလူထု၏ အသံကို ရဲရဲနားထောင်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်တခုကို လုပ်ဆောင်ရန်လိုအပ်နေပြီဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။ ယနေ့ တိုက်ပွဲများသည် အဖြူအမဲကွဲသွားပြီဖြစ်သည့်အတွက် အကြမ်းဖက်စစ်ခေါင်းဆောင်လက်အောက်မှ စစ်သည်တော်များကိုလည်း ပြည်သူ့ဘက်ရပ်တည်ရန် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပန်ကြားထားမှုအပါအဝင် နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူသို့ပြောကြားချက် (ပန်ကြားချက်) များထဲမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်သည်။ Red News Agency
Read More
စစ်အာဏာရှင် လူတစုအတွက် ချကျွေးဖို့ အလှည့်ကျလာတဲ့ Non CDM များ

စစ်အာဏာရှင် လူတစုအတွက် ချကျွေးဖို့ အလှည့်ကျလာတဲ့ Non CDM များ

"စစ်အာဏာရှင်စနစ်ဆိုး သက်တမ်းရှည်နေခြင်းမှာလည်း အခုချိန်ထိ စစ်တပ်ရဲ့ ယန္တရားလည်ပတ်မှုမှာ ပါဝင်နေတဲ့ "စစ်တပ်ထောက်တိုင်တွေကြောင့်" ဆိုရင်ပိုမှန်ပါလိမ့်မယ်။ ဒါ့ကြောင့် အခုလက်ရှိ Non CDM ဝန်ထမ်းအများစုသည် စစ်တပ်နည်းတူ အပြစ်ရှိကြတယ်ဆိုတာ ငြင်းမရတဲ့အချက် ဖြစ်တယ်" မောင်ဝိ စစ်ကောင်စီအမိန့်နဲ့ ဌာနအလိုက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တက်ရောက်ပြီးတဲ့ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများကို အခြေခံပြီး တပ်ခွဲ ၂ ခွဲ ဖွဲ့စည်းထားရန်ထုတ်ပြန်ခဲ့ပါတယ်။ လုံခြုံရေးနှင့် သဘာ၀ ဘေးအန္တရာယ်အတွက် လိုအပ်ပါက တပ်ခွဲ တစ်ခွဲမှ ရုံးပြင်ပထွက်ပြီး တာဝန်ထမ်းဆောင်ရန်၊ ကျန်တပ်ခွဲ တစ်ခွဲမှ ပုံမှန်ရုံးလုပ်ငန်းနဲ့ အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့ ရက်စွဲနဲ့…
Read More
စစ်ကောင်စီ နိုင်ငံရေး စစ်ရေးအရ ဆောက်တည်ရာမရ အနေအထား ကြုံတွေ့နေရပြီ

စစ်ကောင်စီ နိုင်ငံရေး စစ်ရေးအရ ဆောက်တည်ရာမရ အနေအထား ကြုံတွေ့နေရပြီ

RNA_နိုဝင်ဘာ( ၁၈)၊၂၀၂၃ ခုနှစ်။ “စစ်ကောင်စီဟာ အင်မတန်မှဘဲ နိုင်ငံရေးအရကော စစ်ရေးအရကော ဆောက်တည်ရာမရတဲ့ အနေအထားမျိုးကို ကြုံတွေ့နေရပြီဖြစ်ပါတယ်။ အဲဒါကြောင့်မလို့ စစ်ကောင်စီက လုပ်ရိုးလုပ်စဉ်အတိုင်း မကြာခဏပဲ မဲပြာပုဆိုးကို ပြန်ဝတ်လေ့ရှိတဲ့ အလေ့အထအတိုင်းပဲ မရိုးနိုင်တဲ့ ဖြစ်စဉ်တွေကို ပြန်လုပ်တော့မှာဖြစ်ပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူသို့ပြောကြားချက် (ပန်ကြားချက်) များထဲမှ နိုင်ငံရေးနှင့် ပတ်သက်သည့် ဖြစ်လာနိုင်ခြေများ ပြောကြားထားမှုကို ကောက်နုတ် တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More