ရသေ့တောင်

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို AA အပြီးသတ်သိမ်းပိုက်

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို AA အပြီးသတ်သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက်၊ စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းမှ စစ်ကောင်စီလက်အောက်ခံများ လက်နက်ချအညံ့မခံသည့်အတွက် နိုဝင်ဘာ ၁၈ ရက်နေ့ကစတင်တိုက်ခိုက်ရာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ရက္ခိုင့်တပ်တော်-AA ရဲဘော်များက အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ညီနောင်မဟာမိတ်များဖြစ်သည့် MNDAA၊ TNLA၊ AA တို့သည် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တွင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်နိုင်ခဲ့သော်လည်း ရက္ခိုင်ဒေသစစ်မျက်နှာ၌ ၁၀၂၇ စစ်ဆင်ရေးကို နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့သည့်အတွက် ယနေ့ ( နိုဝင်ဘာ ၂၂ ရက်) သည် ရက္ခိုင်ဒေသအတွင်း စစ်ဆင်ရေးကာလ (၁၀) ရက်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ (more…)
Read More
AA တရက်တာတိုက်ပွဲတွင် စစ်တပ်မှ ၂၄ ဦး အနည်းဆုံးကျပြီး ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

AA တရက်တာတိုက်ပွဲတွင် စစ်တပ်မှ ၂၄ ဦး အနည်းဆုံးကျပြီး ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

RNA_နိုဝင်ဘာ (၁၄)၊ ၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ် ရက္ခိုင့်တပ်တော် - AA နှင့် စစ်ကောင်စီတပ်လက်အောက်ခံများ ယမန်နေ့က မြို့နယ် ၃ ခုတွင် တိုက်ပွဲ ၅နေရာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၄ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်းအဖြစ် ၁၀ ဦးဖမ်းဆီးရမိသည်ဟု AA ကထုတ်ပြန်ထားသည်။ မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ (၂) ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်ထွန်း၊ တပ်စုမှူး ဗိုလ်ကြီး ဖြိုးဇေယျာလှိုင်အပါအဝင် စစ်သုံ့ပန်း ၁၀ ဦးဖမ်းဆီးရမိပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးကျဆုံးကြောင်း သိရသည်။ မောင်တောမြို့…
Read More
ယနေ့ ရခိုင်ပြည်နယ် ၃ မြို့နယ်မှာ တိုက်ပွဲ (၅) နေရာဖြစ်

ယနေ့ ရခိုင်ပြည်နယ် ၃ မြို့နယ်မှာ တိုက်ပွဲ (၅) နေရာဖြစ်

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်တို့ရှိ (၅) နေရာတွင် စစ်ကောင်စီတပ်စခန်းနှင့် လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များကို ရက္ခိုင့်တပ်တော် -AA က ယနေ့ (နိုဝင်ဘာလ ၁၃ ရက်) တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံများကို ရက္ခိုင့်တပ်တော်က ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ၊ ဒုံးပိုက်ရွာအနီးတွင် နံနက် (၅) နာရီ (၃၀) မိနစ်ခန့်မှစတင်၍ လည်းကောင်း၊ အငူမော်ဆိပ်ကမ်းမြောက်ဘက် ၁၁.၅ ကီလိုမီတာအကွာ ဒုံးပိုက်ကျေးရွာအနီးတွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်။ မောင်တောမြို့နယ်၊ မီးတိုက်နှင့် သင်္ဘောလှရွာအနီးလည်းကောင်း၊ မင်းပြားမြို့နယ်၊ ဖားပြို (ချင်း) ကျေးရွာ၏ အရှေ့မြောက်ဖက် (၁၁၀၀) မီတာအကွာ ရန်ကုန်-စစ်တွေ ကားလမ်းမထက်နှင့် ပန်းမြောင်းရွာ၏…
Read More
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများ AA ကိုသာ အားကိုးနေရ

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများ AA ကိုသာ အားကိုးနေရ

RNA_မေ(၂၉)၊၂၀၂၃ ခုနှစ်။   ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းမှ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများသည် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို အားကိုးမရသည့်အတွက် ရက္ခိုင့်တပ်တော်- AAကိုသာ အားကိုးနေရကြောင်း ဒေသခံများက ပြောကြားသည်။   မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည် မိုခါမုန်းတိုင်းပြည်လည်ထူထောင်ရေးအတွက် နိုင်ငံတကာပါအဝင်ပါအဝင် ပြည်တွင်းလုပ်ငန်းရှင်များထံမှ အလှူငွေနှင့်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများအပါအဝင် စားနပ်ရိက္ခာများရရှိထားသော်လည်း ရခိုင်ပြည်နယ်တွင်း ကူညီထောက်ပံ့မှုမရှိသလောက်ဖြစ်ပြီး ရက္ခိုင့်တပ်တော် -AA ရဲဘော်များက လက်တွေ့ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။   “ဒီမှာက AAပဲအားကိုးရတာ စကစက ဘာမှမရှိဘူး။ စကစက တအိမ်ထောင် ဆန်နို့ဆီဗူး၂ဗူး လှူတယ် ဓာတ်ပုံရိုက်ပြီး ပြန်သွားတယ်" ဟု ဒေသခံတဦးက ပြောသည်။ (more…)
Read More
ဘေးရှောင်များ၏ စပါးခင်းများကို AA ရိတ်သိမ်းပေး

ဘေးရှောင်များ၏ စပါးခင်းများကို AA ရိတ်သိမ်းပေး

စစ်ကောင်စီတပ်နှင့် ယာယီအပစ်ရပ်ပြီးနောက် စစ်ဘေးရှောင်များ၏ စပါးခင်းများကို AA ရိတ်သိမ်းပေး RNA_ဒီဇင်ဘာ(၁)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့မှစ ယာယီအပစ်ရပ်ပြီးနောက် စစ်ဘေးရှောင် ပြည်သူများ၏ စပါးခင်းများ အချိန်မီ ရိတ်သိမ်းရန် အရေးတကြီး ချက်ချင်းလိုအပ်နေသည့် အတွက် ရက္ခိုင့်တပ်တော်- AA စစ်သည်များနှင့် ULA အဖွဲ့ဝင်များမှ စပါးခင်းပိုင်ရှင်များကိုယ်စား ရိတ်သိမ်းပေးနေကြောင်း သိရသည်။ (more…)
Read More
ရွှေနဒီအမြန်ရေယာဉ်မှ ဖမ်းဆီးခံရသူများထဲက ပြန်လွတ်လာသူတချို့၏ ပြောပြချက်

ရွှေနဒီအမြန်ရေယာဉ်မှ ဖမ်းဆီးခံရသူများထဲက ပြန်လွတ်လာသူတချို့၏ ပြောပြချက်

ဘူးသီးတောင်၊ နိုဝင်ဘာ ၅ ရက်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အပိုင် မေယုမြစ်ထဲတွင် အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ပျောက်ဆုံးနေ သူများကို နိုဝင်ဘာလ ၅ ရက်နေ့ ယခု ဘူးသီးတောင်မြို့ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ ပြန်လွှတ်လာသူတချို့က အတွေ့အကြုံများကို ပြောပြထားပါတယ်။ Red News Agency
Read More