09
Feb
ဇင်လင်းနိုင်၊ ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ ၂၀၂၁ နွေဦးတော်လှန်ရေးကာလမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ လက်နက်မဲ့ အပြစ်မဲ့ပြည်သူတစ်ဦးကို အကြမ်းဖက် စစ်တပ်က ခေါင်းစပစ်ခဲ့တာဟာ ဒီနေ့က ၁ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်ကနေပြည်တော် သပြေကုန်းအဝိုင်းမှာ ထောင်နဲ့ချီတဲ့ လုအုပ်ကြီးက အာဏာသိမ်း အကြမ်းဖက် စစ်တပ်ကို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ အကြမ်းဖက်ရဲအရာရှိတစ်ဦးက ဆန္ဒပြတဲ့ လူအုပ်ထဲကို ကျည်ဆန်နဲ့ ပစ်ခတ်ခဲ့လို့ မြသွဲ့သွဲ့ခိုင်ရဲ့ ဆိုင်ကယ်စီးဦးထုပ်ကိုထိမှန်ခဲ့တယ်။ မြသွဲ့သွဲ့ခိုင်ခိုင်လည်း လဲကျသွားပါတယ်။ (more…)