Author: Editor

  • ကျဆုံးသွားသည့် ရဲဘော်များအတွက် ဆုတောင်းပွဲ ပြုလုပ်

    ကျဆုံးသွားသည့် ရဲဘော်များအတွက် ဆုတောင်းပွဲ ပြုလုပ်

    RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။

    နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်ခံရသူများနှင့် ခုခံတော်လှန်စစ်အတွင်း ကျဆုံးသွားသည့်ရဲဘော်များအတွက် ယနေ့ညတွင် ခုခံတော်လှန်စစ် ဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှေ့တန်းတနေရာတွင် ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=QW-FYuSUOJ4[/embedyt] Red News Agency

  • အင်းစိန်ထောင်ပိုင်နှင့် အဆောင်မှူး ရဲကျော်သူက ဗကသ ဒုဥက္ကဋ္ဌကို ရိုက်နှက်ရန် အဓိက လုပ်ဆောင်သူများဖြစ် 

    အင်းစိန်ထောင်ပိုင်နှင့် အဆောင်မှူး ရဲကျော်သူက ဗကသ ဒုဥက္ကဋ္ဌကို ရိုက်နှက်ရန် အဓိက လုပ်ဆောင်သူများဖြစ် 

    RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။

    ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင် ထောင်ပိုင် ဇော်လင်းအောင်၊ သပြေဆောင် (အကျဆောင်) အဆောင်မှူး ( နှစ်ပွင့်) ရဲကျော်သူနှင့် လက်ပါးစေ လူမိုက်များ လက်ချက်ဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာ‌ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားထိ ရိုက်နှက်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

    အင်းစိန်ထောင် အထူးတရားရုံးက ငြိမ်းစုစီ ပုဒ်မ၊ ၅၀၅ (ခ) တို့ဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကိုဝေယံဖြိုးမိုး ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်ခံရပြီး ထောင်ထဲပြန်ဝင်ချိန် ထောင်ဗူးဝ အကျရုံးတွင် ကိုယ်ရေးအကျဉ်းနှင့်အမှုဖြစ်စဉ် စာရင်းသွင်းချိန်တွင် ရိုက်နှက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထောင်ကျအကျဉ်းသားများထားရှိသည့် သပြေဆောင်အဝင်တွင် အဆောင်မှူး ရဲကျော်သူက ဆီးရိုက်ကြောင်း၊ ရဲကျော်သူနှင့်အတူ ဝန်ထမ်း (၂) ဦးက ဝိုင်းရိုက်ကြကြောင်း၊ အိပ်ဆောင်ပို့ပြီး ပုံစံထိုင်ခိုင်းစဉ် မထိုင်ရမလားဟုဆိုကာ အဆောင်မှူး လက်သတ်မွေးထားသည့် လူမိုက်အဖွဲ့ ( တန်းစီးနှင့် အပေါင်းအပါ) က ဝိုင်းရိုက်ကြသည့်အတွက် တစ်ကိုယ်လုံး ဒဏ်ရာများရရှိနေပြီး နံရိုးကျိုးထားကြောင်း၊ ဆေးကုသခွင့်မရကြောင်း သိရသည်။

    ” ဒါက အညိုးအတေးနဲ့လုပ်နေတာ ကျောင်းသား ခေါင်းဆောင်တယောက်လဲ ဖြစ်တယ်၊ အသားလွှတ် ဒီလိုလုပ်စရာ မရှိဘူး၊ ထောင်ပိုင်လုပ်ခိုင်းလို့သာ ဝန်ထမ်းနဲ့လက်ပါးစေတွေက လုပ်တာ၊ ဘယ်လောက်ဆိုးရွားနေလဲဆိုရင် ရိုက်နှက်ပြီးတော့ ဆေူကုသခွင့်မပေးဘူးကြားတယ်၊ ဒီကောင်တွေက ရက်စက်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး၊ ထောင်ပိုင်တွေ‌ ခေတ်အဆက်ဆက် သတ်လို့သေတဲ့ အကျဉ်းသားတွေ နည်းတာမဟုတ်ဘူး၊ အခုလဲ သေအောင်သတ်နေတာပဲ၊ ထောင်ထဲလောက် လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ဘယ်နေရာမှ မရှိဘူးပြောရမယ်၊ တကယ့်သေတွင်းကြီး၊ အခုထောင်ပိုင်က စစ်တပ်ကပြောင်းလာတာ တကယ့်အာဏာရူး၊ အာဏာအတွက်ဆို သတ်လောက်တယ်” ဟု မကြာမီက လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားတဦးက ပြောသည်။

    (more…)

  • သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးကို ထောင်ဒဏ် (၃) နှစ်စီချမှတ်

    သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးကို ထောင်ဒဏ် (၃) နှစ်စီချမှတ်

    RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။

    နွေဦးတော်လှန်ရေးမှာ ပြည်သူနှင့်အတူ စစ်အာဏာရှင်ဆန့်‌ကျင်ရေး ပါဝင်ခဲ့သည့် သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးကို ယနေ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ အင်းစိန်အကျဉ်းထောင် အထူးတရားရုံးက ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

    Red News Agency

  • ဒေါက်တာအောင်မိုးညိုကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် (၁၈) နှစ် ချမှတ်

    ဒေါက်တာအောင်မိုးညိုကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် (၁၈) နှစ် ချမှတ်

    RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။

    ပြည်သူ့အစိုးရ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အကြမ်းဖက်အာဏာသိမ်းအဖွဲ့က (၁၁) ‌လ ကျော်ကြာ ဖမ်းဆီးချုပ်နှောင်ထားပြီး ယနေ့တွင် အဂတိလိုက်စားမှု (၃) မှုဖြင့် တမှုကို (၆) နှစ် စုစုပေါင်း (၁၈) နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

    Red News Agency

  • စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးခံထားရသည့် ကိုမင်းသွေးသစ်ကို ထောင် (၁) နှစ်ချ 

    စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးခံထားရသည့် ကိုမင်းသွေးသစ်ကို ထောင် (၁) နှစ်ချ 

    RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်တပ်အာဏာသိမ်းမှုနှင့်အတူ (၁၁) လကျော်ကြာ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရသည့် ကိုမင်းသွေးသစ်ကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၉၅) နှင့် ယနေ့ အင်းစိန်ထောင် အထူးတရားရုံးက ထောင်ဒဏ် (၁)နှစ်အမိန့်ချလိုက်ကြောင်း သိရသည်။

    Red News Agency

  • “ရဲမေတို့ရှေ့ထွက် တော်လှန်နှစ်သစ်ခရီးဆက်၊ မုဒိန်းစစ်တပ်အမြစ်ဖြတ်” ဟုဆိုကာ ‌ဆန္ဒပြ

    “ရဲမေတို့ရှေ့ထွက် တော်လှန်နှစ်သစ်ခရီးဆက်၊ မုဒိန်းစစ်တပ်အမြစ်ဖြတ်” ဟုဆိုကာ ‌ဆန္ဒပြ

    RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။

    ကျောင်းသားနှင့်ပြည်သူများပူးပေါင်းသည့် စစ်ကိုင်းတိုင်စ၊ ဆားလင်ကြီးမြို့နယ်၊ လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်းက “ရဲမေတို့ရှေ့ထွက် တော်လှန်နှစ်သစ်ခရီးဆက်၊ မုဒိန်းစစ်တပ်အမြစ်ဖြတ်” ဟုဆိုကာ ယနေ့ နံနက်ပိုင်းက ကျေးရွာများအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။

    ဓာတ်ပုံ : ပေးပို့ CJ

    Red News Agency

  • HD ထွက်လာသည့်အမျိုးသမီးထောင်မှူး စစ်ဆေးခံနေရ

    HD ထွက်လာသည့်အမျိုးသမီးထောင်မှူး စစ်ဆေးခံနေရ

    “အင်းစိန်ထောင်က ထောင်မှူးမ” အမည်နှင့် HD ထွက်လာသည့်အမျိုးသမီးထောင်မှူး ဝန်ထမ်းရေးရာက စစ်ဆေးနေ

    RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ် ဗိုလ်ကြီးတဦးနှင့် ချစ်ကြိုက်နေသည့် အင်းစိန်ကျဉ်းထောင်က အမျိုးသမီး ထောင်မှူးမနန္ဒာ (အမည်လွှဲ) လူမှုကွန်ယက်မှာ HDထွက်လာသည့်အတွက် ဌာနထိခိုက်သည်ဟုဆိုကာ အကျဉ်းဦးစီးဌာ ဝန်ထမ်းရေးရာက စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။

    အင်းစိန်အကျဉ်းထောင် ဝန်ထမ်းရေးရာက HD ထွက်လာသည့်အခါ ဌာနဂုဏ်သိက္ခာ ထိခိုက်သည်ဟုဆိုကာ ပြီးခဲ့သည့် (၇) ရက်အတွင်းက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

    “အင်းစိန်ထောင်က ထောင်မှူးမ” အမည်နှင့် HD ( ဟိုတယ်တခုရင် အတူနေခဲ့သည့်ရုပ်သံ) တခုကို လူမှုကွန်ယက်တွင် ယခင်ချစ်ကြိုက်ခဲ့သူ (ရည်းစားဟောင်း) က ဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း၊ ယခု လက်ရှိ စစ်ကောင်စီတပ်က ဗိုလ်ကြီးနှင့် ချစ်ကြိုက်နေသည်ကို မကျေနပ်သည့်အတွက် လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ ရုပ်သံကိုဖြန့်ခဲ့ခြင်းဖြစ်ကြောင်း၊အမျိုးသမီး ထောင်းမှူး မနန္ဒာသည် အင်းစိန်အကျဉ်းထောင် အမျိုးသမီး အချုပ်‌ဆောင်မှာ တာဝန်ထမ်းဆောင်ကြောင်း သိရသည်။

    Red News Agency

  • လွတ်မြောက်နယ်မြေမှာ ခြေကုပ်မယူ၊ လွတ်မြောက်နယ်မြေဖြစ်အောင် ကြိုးစားနေတဲ့ အညာသားတွေ

    လွတ်မြောက်နယ်မြေမှာ ခြေကုပ်မယူ၊ လွတ်မြောက်နယ်မြေဖြစ်အောင် ကြိုးစားနေတဲ့ အညာသားတွေ

    “LDF တွေဆိုတာ မနေ့ကထက် ဒီနေ့ပိုကောင်းအောင် လုပ်နေတဲ့ကောင်တွေဆိုတော့ စစ်ရေးအတွေ့အကြုံတွေ လက်နက်တီထွင်တာတွေ ပိုကောင်းလာတာတော့ အမှန်ပဲ။ ဒီကောင်တွေက လွတ်မြောက်နယ်မြေမှာ ခြေကုပ်မယူပဲ သူတို့နယ်မြေကိုပဲ လွတ်မြောက်နယ်မြေဖြစ်အောင် ကြိုးစားနေကြတာ။ စစ်ကိုင်းတိုင်းရဲ့ ဒေသတော်တော်များများက လွတ်မြောက်နယ်မြေမဟုတ်ပေမယ့် လွပ်လပ်နယ်မြေအဆင့် ရောက်ကုန်ပြီ”

    တော်တော်ကြာခဲ့ပြီ …..ကနီနယ်ထဲမှာ လက်နက်စမ်းသပ်ရင်း မတော်တဆဖြစ်ပြီး လူငယ်လေး ၂ ယောက် ကျဆုံးသွားခဲ့တယ်။ အဲဒီအကြောင်း သတင်းကြားပေမယ့် ထုတ်မရေးဖြစ်ခဲ့ဘူး။ အဲဒီတုန်းကတော့ လုံခြုံရေးအခြေအနေအရပေါ့။ ပြောရရင် ဆိုရှယ်မီဒီယာပေါ်မှာ တက်မလာပဲ ကိုယ့်ဒေသအလိုက် ကိုယ်လုပ်စရာရှိတာ လုပ်နေတဲ့ တပ်ဖွဲ့တွေအများကြီးပဲ။ တပ်ဖွဲ့ဆိုတာက ကျေးရွာတခုချင်းဖြစ်ဖြစ် ကျေးရွာအုပ်စုလိုက်ပဲဖြစ်ဖြစ် စစ်သင်တန်းတွေတက် စုဖွဲ့ထားတဲ့ တပ်ဖွဲ့တွေကိုပြောတာ။ နာမည်တောင် တပ်မထားကြဘူး။

    ဆိုရှယ်မီဒီယာပေါ်ဘာကြောင့်တက်မလာတာလဲဆိုတော့ အရှင်းဆုံးပြောရရင် မတင်တာ။ ဖုန်းပွတ်သမားနည်းတာ၊ ဖုန်းဘေအကုန်မခံနိုင်တာနဲ့ လိုင်းမကောင်းတာတွေလည်း ပါတာပေါ့။ နောက်တခုကဘာလဲဆိုတော့ ဟိတ်ဟန်ထုတ်စရာ စတိုင်မရှိတာပဲ။ တကယ်တမ်း LDF တွေကြည့်လိုက်ရင် အလန်းစားမောင်းပြန်ရိုင်ဖယ်ကြီးတွေမကိုင်နိုင်ဘူး။

    (more…)

  • အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် မီးရှို့သတ်ခံရသူ (၃၅) ဦး ဈာပန ပြုလုပ်

    အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် မီးရှို့သတ်ခံရသူ (၃၅) ဦး ဈာပန ပြုလုပ်

    RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး အရှင်လတ်လတ် မီးရှို့သတ်ခံရသည့် အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် ပြည်သူ (၃၅) ဦး၏ ကျန်ရစ်သည့် အလောင်းများကို ဒေသခံပြည်သူများနှင့် ကရင်နီပြည်သူ့ကာကွယ်ရေတပ် ရဲဘော်များက သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

    မိုဆိုကျေးရွာအနီး စစ်ဘေးရှောင်ရန် ထွက်ခွါလာသည့် ပြည်သူ (၃၅) ဦးကို စစ်ကောင်စီတပ် တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၁၀၈) တပ်ဖွဲ့အပါအဝင် စစ်ကောင်စီတပ်သားများက ဒီဇင်ဘာလ ၂၄ ရက်နေ့က ကြိုးတုပ် ကားများပေါ်တင်ကာ အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြခြင်း ဖြစ်သည့်အတွက် ဒေသခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ယင်းဖြစ်ရပ်အတွက် စစ်ကောင်စီတပ်ကို အရေးယူနိုင်ရေး ဆောင်ရွက်နေကြကြောင်း သိရသည်။

    စစ်ကောင်စီတပ်၏ ဖရူဆို မြို့နယ်အတွင်းက လူအစုလိုက် အပုံလိုက် သတ်ဖြတ်ခံရသည့် ခိုင်လုံသည့် သတင်းများရထားကြောင်း၊ ဖရူဆိုဖြစ်ရပ်အပါအဝင် တနိုင်ငံလုံးက အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထား ခိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ နှင့် အရေးပေါ်အကူအညီပေးရေးဌာန အကြီးအကဲ မာတင်ဂရစ်ဖစ်ကလည်း ပြောကြားထားသည်။

    Photo: CJ

    Red News Agency

  • ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးတက်ရောက်ရန် မင်းအောင်လှိုင် ကြောက်လန့်နေ

    ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးတက်ရောက်ရန် မင်းအောင်လှိုင် ကြောက်လန့်နေ

    RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။

    ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံး (International Criminal Court – ICC) နှင့် အာဂျင်တီးနားတရားရုံးများသို့ တက်ရောက်ရန် မင်းအောင်လှိုင်ဦးဆောင်သည့်အာဏာသိမ်းအဖွဲ့ ကြောက်လန့်နေသည့်အတွက် တရားရုံးများနှင့် တရားစွဲသူများထံမှ အကြောင်းကြားစာရောက်လာပါက လက်မခံကြရန် စစ်ကောင်စီအဖွဲ့က အမိန့်ပေးထားကြောင်း သိရသည်။

    ” ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံး (International Criminal Court – ICC) နှင့် အာဂျင်တီးနားတရားရုံးများနှင့် တရားစွဲဆိုသူ များထံမှ ပေးပို့လာသည့်စာဖြစ်စေ၊ ပြည်ပသွားလာခွင့်ကန့်သတ်ခြင်းဆိုင်ရာ ဖမ်းဆီးမိန့်ဖြစ်စေ၊ ဖမ်းဝရမ်း သို့မဟုတ် လာရောက်ရန်သမ္မန်စာဖြစ်စေ ပြည်ပမှဝင်ရောက်လေ့ရှိသည့် DHL အပါအဝင် အမြန်ချောပို့နှင့် အခြားနည်းလမ်းများဖြင့် ပေးပို့လာသည့်စာများကို လက်ခံခြင်းမပြုရန်” စစ်ကောင်စီအဖွဲ့က ဒီဇင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပေးပို့ထားသည်။

    စစ်ကောင်စီအမိန့်ပေးတားမြစ်ထားသည့် ပြစ်မှုဆိုင်ရာနိုင်ငံတကာနှင့် အာဂျင်တီးနားနိုင်ငံ၊ ဖက်ဒရယ်တရားရုံးတို့မှ ပေးပို့လာသည့် အကြောင်းကြားစာများအား လက်ခံခြင်းမပြုရန် ဒီဇင်ဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု တရားသူကြီးချုပ်က စစ်ကောင်စီလက်အောက်ခံဌာနများသို့ ထပ်မံဖြန့်ဝေထားသည်။

    မင်းအောဂ်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာကိစ္စအပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့နောက်ပိုင်း ပြည်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှု၊ လူမျိုးသုဉ် သတ်ဖြတ်မှု၊ လေကြောင်းအသုံးပြု အရပ်သားပြည်သူများကို သတ်ဖြတ်မှု စသည်တို့ကြောင့်ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးမှာ တိုက်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

    Red News Agency