Editor

1551 Posts
ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးတက်ရောက်ရန် မင်းအောင်လှိုင် ကြောက်လန့်နေ

ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးတက်ရောက်ရန် မင်းအောင်လှိုင် ကြောက်လန့်နေ

RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံး (International Criminal Court - ICC) နှင့် အာဂျင်တီးနားတရားရုံးများသို့ တက်ရောက်ရန် မင်းအောင်လှိုင်ဦးဆောင်သည့်အာဏာသိမ်းအဖွဲ့ ကြောက်လန့်နေသည့်အတွက် တရားရုံးများနှင့် တရားစွဲသူများထံမှ အကြောင်းကြားစာရောက်လာပါက လက်မခံကြရန် စစ်ကောင်စီအဖွဲ့က အမိန့်ပေးထားကြောင်း သိရသည်။ " ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံး (International Criminal Court - ICC) နှင့် အာဂျင်တီးနားတရားရုံးများနှင့် တရားစွဲဆိုသူ များထံမှ ပေးပို့လာသည့်စာဖြစ်စေ၊ ပြည်ပသွားလာခွင့်ကန့်သတ်ခြင်းဆိုင်ရာ ဖမ်းဆီးမိန့်ဖြစ်စေ၊ ဖမ်းဝရမ်း သို့မဟုတ် လာရောက်ရန်သမ္မန်စာဖြစ်စေ ပြည်ပမှဝင်ရောက်လေ့ရှိသည့် DHL အပါအဝင် အမြန်ချောပို့နှင့် အခြားနည်းလမ်းများဖြင့် ပေးပို့လာသည့်စာများကို လက်ခံခြင်းမပြုရန်" စစ်ကောင်စီအဖွဲ့က…
Read More
ခလရ (၂၈၉) တပ်ရင်း အလံဖြူထောင်သည့်ကိစ္စ မီဒီယာကို ဖြေကြားသည့် ပြည်သူ (၂) ဦး ဖမ်းဆီးခံရ

ခလရ (၂၈၉) တပ်ရင်း အလံဖြူထောင်သည့်ကိစ္စ မီဒီယာကို ဖြေကြားသည့် ပြည်သူ (၂) ဦး ဖမ်းဆီးခံရ

RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခလရ၂၈၉ တပ်ရင်း၊တပ်နယ်အတွင်းမှာ အလံဖြူထောင်ထားတာ မြင်တွေ့ရသည်ဟု ရခိုင်အခြေစိုက်၊သတင်းဌာနတစ်ခုသို့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖြေကြားခဲ့သည့် ကျန်းမာရေးဝန်ထမ်း ကိုတင်ထွန်းအောင်နှင့် ပညာရေးဝန်ထမ်း ကိုတင်ဦးတို့ ဖမ်းဆီးခံရကြောင်း သိရသည်။ နေပြည်တော်၊ကုတင် ၃၀၀ ဆေးရုံးမှာ ဓာတ်မှန်ကျွမ်း ကျင်အနေဖြင့် တာဝန်ထမ်းဆောင်နေစဉ် မိခင်ကျန်းမာရေးကြောင့် ပြန်ရောက်လာသည့် ကိုတင်ထွန်းအောင်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ည (၇) နာရီဝန်းကျင်က ၂၈၉ တပ်ရင်းမှ စစ်သားများကဖမ်းဆီးသွားကြောင်း၊ ဝိသုဒါရုံစစ်ဘေးရှောင်စခန်းမှာတာဝန်ခံလုပ်နေသည့် မီးလက်ဝကျေးရွာ စာသင်ကျောင်း အထွေထွေလုပ်သားတစ်ဦးဖြစ်သည့် ကိုတင်ဦးကို ဝိသုဒါရုံစစ်ရှောင်စခန်းဝင်ပြီး ရဲတွေ ဖမ်းသွားကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ…
Read More
ကျဆုံးခဲ့ရသည့် PDF သူရဲကောင်း ကိုဝေလင်း အလောင်း ပြန်တွေ့

ကျဆုံးခဲ့ရသည့် PDF သူရဲကောင်း ကိုဝေလင်း အလောင်း ပြန်တွေ့

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကောင်စီတပ်သားများ စခန်းအနီး တက်လာစဉ် ရဲဘော်‌များကို ဆုတ်ခိုင်းပြီး ကတုတ်ကျင်းထဲကနေ ခံပစ်နေရာမှ ကျဆုံးခဲ့ရသည့် PDF သူရဲကောင်း ကိုဝေလင်း အလောင်း ယနေ့ တွေ့ရှိပြီ ဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းက PDF သူရဲကောင်း ကိုဝေလင်းသည် ဒီဇင်ဘာလ ၂၅ ရက်နေ့က ကရဂ်ပြည်နယ်၊ မြမတီမြို့နယ်၊ ထီးမယ်ဝါးခီးကျေးရွာအနီး တိုက်ပွဲမှာ ကျဆုံးခဲ့ရခြင်း ဖြစ်ပြီး၊ ယင်းနေ့ တိုက်ပွဲအတွင်း သတင်းစာဆရာ တဦးအပါအဝင် PDF တချို့ စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှု စသည်တို့ကြောင့် ကျဆုံးခဲ့ရပြီး၊ ဖမ်းဆီးခံခဲ့ရသူများ ရှိကြောင်း သိရသည်။…
Read More
အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်သူများကို ကြိုဆိုကြောင်း KNLA တပ်မဟာ (၅) ဗိုလ်မှူးချုပ်ပြော 

အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်သူများကို ကြိုဆိုကြောင်း KNLA တပ်မဟာ (၅) ဗိုလ်မှူးချုပ်ပြော 

RNA_ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၅) လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများထံ ဒီဇင်ဘာလအထိ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်များနှင့်အတူ (၅၀) နီးပါး အလင်းဝင်လာသည့်ကိစ္စနှင့် ပတ်သက်ပြီး အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်သူများကို ကြိုဆိုကြောင်း KNLA တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက ပြောကြားထားသည်။ " ဒီလိုအမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်လာသူ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ကျွန်တော်တို့ဖက်ကတော့ လှိုက်လဲပျူငှါစွာနဲ့ လက်ခံကြိုဆိုပါတယ်။ ရှေ့လျှောက်အနာဂတ် ဘာလုပ်ချင်၊ ဘာဖြစ်ချင်တာကတော့ သူတို့အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့နဲ့ နေသွားချင်လည်း လက်ခံတယ်။ သူတို့အိမ်ပြန်ချင်တယ်ဆိုရင်လည်း အတက်နိုင်ဆုံး စီစဥ်ပေးပါတယ်"…
Read More
နွေဦးတော်လှန်ရေးကာလ ကရင်နီပြည်မှာ ၁၈၇ ဦး ကျဆုံးခဲ့ရ

နွေဦးတော်လှန်ရေးကာလ ကရင်နီပြည်မှာ ၁၈၇ ဦး ကျဆုံးခဲ့ရ

RNA_ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ကရင်နီ (ကယား) ပြည်မှာ KNDF/PDF ပြည်သူ စုစုပေါင်း (၁၈၇) ဦး ကျဆုံးခဲ့ရကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ဖမ်းဆီး ပစ်ခတ် ညှင်းပန်း သတ်ဖြတ်မှုစသည်တို့ကြောင့် နွေဦးတောင်လှန်ရေးလာက ကရင်နီပြည် သပိတ်တိုက်ပွဲတွင် (၂) ဦး၊ စစ်ဘေးရှောင်စဉ် ( ၁၁) ဦး၊ အရပ်သားပြည်သူ ( ၁၃၃) ဦး၊ KNDF/PDF စသည့် လက်နက်ကိုင်တိုက်ပွဲဝင်သူ (၄၁)…
Read More
ထီးမယ့်ဝါးခီးနှင့် မဲ့ထော်သလေး အနီးတိုက်ပွဲတွင် ဆေးမှူး ရဲဘော်တဦး ကျဆုံး 

ထီးမယ့်ဝါးခီးနှင့် မဲ့ထော်သလေး အနီးတိုက်ပွဲတွင် ဆေးမှူး ရဲဘော်တဦး ကျဆုံး 

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမမြို့တောင်ဘက် တိုက်ပွဲပြင်စထန်နေသည့် ထီးမယ်ဝါးခီးကျေးရွာနှင့် မဲ့ထော်သလေးကျေးရွာအကြား ယနေ့ တိုက်ပွဲတွင် ပြည်သူ့ဘက်တော်သား ဆေးမှူး ရဲဘော် တဦး ကျဆုံးခဲ့ကြောင်း သိရသည်။ "ဒီနေ့တိုက်ပွဲမှာ KNLA တပ်ရင်းတခုက ဆေးမှူးကျတယ်လို့ပြောတယ်၊ PDF လို့လဲပြောကြတယ် အခုက ဘယ်အဖွဲ့ပါလို့ အတည်ပြုဖို့ ခက်နေသေးတယ်၊ ကျတာကတော့ မှန်တယ်၊ တယောက်က ဒဏ်ရာရတယ်၊ အခုဆေးကုဖို့ တိုက်ပွဲနဲ့ကင်းတဲ့နေရာ ပို့ထားလိုက်ပြီကြားတယ်၊ တိုက်ပွဲကတော့ ပြင်းထန်တယ် ၊ စခတွေက လေယာဉ်နဲ့ပါလာပစ်တာလေ" ဟု တိုက်ပွဲအခြေအနေစောင့်ကြည့်နေသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးက ပြောသည်။ KNLA၊ PDF နှင့်ပူးပေါင်းတပ်တို့က ယနေ့‌နံနက် အစောပိုင်းမှစတင်ကာ…
Read More
စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားနှင့်ပြည်သူပေါင်းပြီး ဆန္ဒပြရင်းနှိုးဆော်

စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားနှင့်ပြည်သူပေါင်းပြီး ဆန္ဒပြရင်းနှိုးဆော်

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားများသမဂ္ဂနှင့် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး ဆန္ဒပြရင်း နှိုးဆော်ဟောပြောခဲ့ကြကြောင်း သိရသည်။ Photo: CJ - ပေးပို့။ Red News Agency
Read More
ရန်ကုန်တက္ကသိုလ် ‌ကျောင်းသား ကိုအောင်ဘုန်းကျော် စစ်ကြောရေးတွင် ကျဆုံ

ရန်ကုန်တက္ကသိုလ် ‌ကျောင်းသား ကိုအောင်ဘုန်းကျော် စစ်ကြောရေးတွင် ကျဆုံ

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ရန်ကုန်တက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ပညာရပ်သင် ကျောင်းသား ကိုအောင်ဘုန်းကျော်သည် တာမွေမြို့နယ်၌ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် ယနေ့ ( ဒီဇင်ဘာလ ၂၇ ရက်) ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
စစ်ကောင်စီ လက်နက်ကြီး ထိမှန်ပြီး ကလေး ပ.က.ဖ မှ ရဲဘော် (၂) ဦးကျဆုံး

စစ်ကောင်စီ လက်နက်ကြီး ထိမှန်ပြီး ကလေး ပ.က.ဖ မှ ရဲဘော် (၂) ဦးကျဆုံး

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ နတ်ချောင်း ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီး ထိမှန်ကာ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ) က ရဲဘော် (၂) ဦးကျဆုံးခဲ့ရပြီး PDF ( Kalay) မှ (၁) ဦး၊ CNDF မှ (၁) ဦး၊ ပ.က.ဖ မှ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကလေးမြို့နယ် တောင်ပိုင်း၊ နတ်ချောင်း ကျေးရွာ အထက်တန်းကျောင်းနှင့် အောင်ဆုပန် ဘုန်းကြီး ကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၂၆ ရက်…
Read More
MDF Special Forces နှင့် မင်းကင်း PDF တပ်ခွဲ (၂) ခု စစ်ကောင်စီတပ် တိုက်စစ်ကြောင့် စခန်းစွန့်ခွါ

MDF Special Forces နှင့် မင်းကင်း PDF တပ်ခွဲ (၂) ခု စစ်ကောင်စီတပ် တိုက်စစ်ကြောင့် စခန်းစွန့်ခွါ

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်တိုင်း၊ မင်းကင်း မြစ်ရိုးအောက် မင်းကင်း PDF တပ်ခွဲ (၁)၊ တပ်ခွဲ (၂) နှင့် MDF Special Forces စခန်း နေရာအား ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ် အင်အားအလွန်အကျွံဖြင့် တိုက်စစ်ဆင်လာသည့်အတွက် စခန်းစွန့်ခွါခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ရဖြင့် PDF ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ် မှ စခန်းပတ်လည်ထောင်ထားသည့်မိုင်းများ နင်းမိကြကြောင်း၊ နယ်မြေကျွမ်းကျင်မှုကြောင်း PDF ရဲဘော်များ စခန်းထားခဲ့ကာ လွတ်မြောက်လာပြီဖြစ်ကြောင်း MDF ကထုတ်ပြန်ထားသည်။ Photo: MDF Special Force…
Read More