Author: Editor

  • PDF အဖွဲ့ဝင်တချို့၏ ပစ်ခတ်မှုကြောင့် (၇) နှစ်အရွယ် ကလေးငယ်တဦး သေဆုံး

    PDF အဖွဲ့ဝင်တချို့၏ ပစ်ခတ်မှုကြောင့် (၇) နှစ်အရွယ် ကလေးငယ်တဦး သေဆုံး

    RNA_ဇူလိုင်၁၀၊၂၀၂၂ခုနှစ်။

    ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှာ PDF အဖွဲ့ဝင်တချို့ ဒလန်သတ်မှတ်ထားသူ ဦးကျော်ဟိန်းနေအိမ်ကို ဝင်ရောက်ပစ်ခတ်စဉ် (၇) နှစ်အရွယ် မငုဝါနိုး ကျည်ထိမှန်ကာ သေဆုံးခဲ့ရသည်ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတ်ီက ယနေ့ နံနက်မှာ ထုတ်ပြန်ထားသည်။

    ဝေဒီကျေးရွာနေ ဦးကျော်ဟိန်းအား ဒလန်ဆိုသည့် စွပ်စွဲချက်ဖြင့် ဇူလိုင်လ ၉ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့သည်ကို အတည်ပြုနိုင်ကြောင်း၊ ပစ်ခတ်မှုအတွင်း ဦးကျော်ဟိန်းမှာ ထွက်ပြေးလွတ်​မြောက်ခဲ့ကာ နေအိမ်အတွင်းရှိ ဇနီးဖြစ်သူ အသက် (၄၀)ခန့်ရှိ ဒေါ်ဖြူသန်းနှင့် တူမဖြစ်သူ အသက် (၇) နှစ်အရွယ် မငုဝါနိုးတို့ ကျည်ဆံထိမှန်ခဲ့ပြီး မငုဝါနိုးမှာ အသက်သေဆုံးသွားခဲ့တယ်လို့ မငုဝါနိုး၏ ဖခင်ဖြစ်သူက ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတ်ီကို ပြောကြားထားသည်။

    (more…)

  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် နှစ်ပတ်လည်နေ့ ကျင်းပ 

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် နှစ်ပတ်လည်နေ့ ကျင်းပ 

    RNA_ဇူလိုင်၉၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် ဇူလိုင်လ ၂ ရက်နေ့က တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Kaung Kin နှင့် ဒေသခံပြည်သူများက ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=-JsY60C2iWQ[/embedyt]

    ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ၊ Kaung Kin ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၆) ယောက် အပါအဝင် တစ်မြို့နယ်လုံး (၂၆) ဦး ကျဆုံးခဲ့ကြောင်း Kaung Kin ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

    Red News Agency

  • ကဿပဝိဇ္ဇာ PDFက အိန္ဒိယထုတ် ခါးချိုးတစ်ထောင့်ထိုး ငါးလုံးပြူးသေနတ် ထုတ်လုပ်အောင်မြင်

    ကဿပဝိဇ္ဇာ PDFက အိန္ဒိယထုတ် ခါးချိုးတစ်ထောင့်ထိုး ငါးလုံးပြူးသေနတ် ထုတ်လုပ်အောင်မြင်

    RNA_ဇူလိုင်၉၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် ကဿပဝိဇ္ဇာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အိန္ဒိနိုင်ငံထုတ် ခါးချိုး ငါးလုံးပြူသေနတ် ထုတ်လုပ်အောင်မြင်ဖြစ်ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=-Dg6FqlDHSM[/embedyt]

    ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ကို လက်နက် ကိုင် ခုခံစစ်ဆင်နွှဲနေသည့် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စက်ရုံထုတ် သေနတ်များကို လုံလောက်စွာမရှိသည့်အတွက် စစ်အာဏာရှင်ကို တိုက်ခိုက်ရန် လက်လုပ် ဗုံး၊ လက်လုပ်မိုင်း၊ လက်လုပ်သေနတ်များ ထုတ်လုပ်နေကြရကြောင်း သိရသည်။

    Red News Agency

  • စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု NLD ထုတ်ပြန် 

    စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု NLD ထုတ်ပြန် 

    RNA_ဇူလိုင်၉၊၂၀၂၂ခုနှစ်။

    ရွေးကောက်ပွဲက တဆင့်ပြည်သူလူထုအပ်နှင်းထားသည့် အာဏာကို အဓမ္မလုယူထားသည့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း NLD က ယနေ့ ထုတ်ပြန်ထားသည်။

    ” အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိ သည်သာမက နိုင်ငံတော်သမ္မတကသာလျှင်ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းမှုသည် တရားဝင်မှုမရှိပါသဖြင့် ၎င်းအဖွဲ့၏ ဆောင်ရွက်သမျှသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များအားလုံး (ရွေးကောက်ပွဲအပါအဝင်) သည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှုမရှိပါသဖြင့် မိမိတို့အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်အနေဖြင့် လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ပါကြောင်း” ယနေ့ ထုတ်ပြန်ထားသည်။

    ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း (၁၁၇၁) နယ်ရှိရာ (၁၁၁၇) နယ်တွင် ကျင်းပနိုင်ခဲ့ပြီး၊ ဆန္ဒမဲပေးခွင့်ရှိသူ (၃၈,၂၇၁,၄၄၇) ဦး ရှိရာတွင် ပြည်သူ့ လွှတ်တော်တွင် (၂၇,၅၁၂,၈၅၅)ဦး၊ အမျိုးသားလွှတ်တော်တွင်(၂၇၄၉၅၅၅၅)ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များတွင် (၃၀၄၅၉၁၁၃)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၇၁)ရာခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်အားလုံး၏(၈၂.၃၆)ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် (၉၂၀)ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ခေါင်းဆောင်တစ်စုသည် ပြည်သူ့ဆန္ဒကိုလစ်လျူရှုကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အဓမ္မအာဏာသိမ်းပြီး ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခဲ့ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    Red News Agency

  • ပေါက်ရင်ယူ မပေါက်ရင်လှူ အစီအစဉ်က သေနတ်အတိုတလက် ဝယ်ယူနိုင်ခဲ့

    ပေါက်ရင်ယူ မပေါက်ရင်လှူ အစီအစဉ်က သေနတ်အတိုတလက် ဝယ်ယူနိုင်ခဲ့

    RNA_ဇူလိုင် ၇၊၂၀၂၂ ခုနှစ်။

    နွေဦးတော်လှန်ရေး ကြာလာသည်နှင့်အမျှ ပြည်သူများ၏ လှူဒါန်းမှုများနည်းပါးလာသည့်အတွက် ကံစမ်းမဲများရောင်းချကာ ” ပေါက်ရင်ယူ မပေါက်ရင်လှူ” အစီအစဉ်အတိုင်း အမျိုးသားကာကွယ်ရေးကွန်ယက်မှ သေနတ်အတိုတလက်စသည်တို့ကို ဝယ်ယူနိုင်ခဲ့ကြောင်း၊ ထပ်မံပြီး မဲများဝယ်ယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ကို လှူဒါန်းကြရန် ရဲဘော် ကိုလင်းသူရထွန်းက တိုက်တွန်းထားသည်။

    [embedyt] https://www.youtube.com/watch?v=mY0qU0IfVXk[/embedyt]

    Red News Agency

     

  • လူငယ်တော်လှန်ရေးတပ်ဦး၏ အခြေခံစစ်သင်တန်း အောင်မြင် 

    လူငယ်တော်လှန်ရေးတပ်ဦး၏ အခြေခံစစ်သင်တန်း အောင်မြင် 

    RNA_ဇူလိုင် ၆၊၂၀၂၂ခုနှစ်။

    စစ်အာဏာရှင်ကို လက်နက်ကိုင် ခုခံနေသည့် လူငယ်တော်လှန်ရေးတပ်ဦး-YRF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၂) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားကို ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    Photo : YRF
    Photo : YRF
    Photo : YRF
    Photo : YRF

    RedNewsAgency

  • ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော် (၁၁).ဦးဈာပန ယနေ့ပြုလုပ်

    ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော် (၁၁).ဦးဈာပန ယနေ့ပြုလုပ်

    RNA_ဇူလိုင် ၆၊၂၀၂၂ ခုနှစ်။

    စစ်ကောင်စီတပ်က (၄၀) ဝန်းကျင် သေဆုံးခဲ့သည့် ဖယ်ခုံ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် KNDF ရဲဘော် ကရင်နီသူရဲကောင်း (၁၁) ဦး၏ ဈာပနအခမ်းအနား ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ” တော်လှန်ရေးဆိုတာ ကလေးကစားစရာမဟုတ်သလို တိုက်ပွဲဆိုတာ ပန်းနဲ့ပစ်ပေါက်ကြတာ မဟုတ်ဘူ။ ပို့ဆောင်ခြင်းလမ်းတစ်လျှောက်လုံး ငိုကြွေးနေတဲ့ ငါတို့ပြည်သူ၊ ၀မ်းနည်းနေတဲ့ငါတို့ပြည်သူ၊ ဆုတောင်းပေးနေတဲ့ ငါတို့ပြည်သူတွေ အခေါင်းဖက်ပြီး၀မ်း‌နည်းနေတဲ့ ငါတို့ရဲဘော်တွေရဲ့ အဖြစ်ကို ဘယ်သူသိနိုင်မလဲ? ဒါဟာ ငါတို့ ကရင်နီပြည်သူအတွက် ပြန်မရနိုင်တဲ့အစားထိုးမှု၊ ကြီးမားတဲ့ ဆုံးရှုံးမှုပဲ” ဟု PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုက အသိပေးထားသည်။

     

    ဇူလိုင်လ ၄ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်က ဖယ်ခုံမြို့နယ် ကုန်းဆုံနှင့် လွယ်ပတာကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ လွယ်ပတာ ကုန်းစခန်းနှင့် ရွှေပြည်အေး အနီးရှိ ကုန်းစခန်းများကို KA၊KNDF၊ ဖယ်ခုံ PDF၊ SSRY တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်လွယ်ပတာ စခန်းကို သိမ်းပိုက်ရရှိလုနီးပါဖြစ်ပြီး စစ်ကောင်စီဘက်က (၄၀) ကျော်သေဆုံးနေချိန် သာလွန်အင်အားနှင့် လက်နက်ကြီး ပစ်ကူများကြောင့် ‌ကာကွယ်ရေးမဟာမိတ်တပ်များ ပြန်လည်ဆုတ်ခဲ့ရကြောင်း၊ ရဲဘော် ၁၁ ဦးကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း KNDF က ထုတ်ပြန်ထားသည်။

    Red News Agency

  • ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က ဥကရစ်ထ စခန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်

    ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က ဥကရစ်ထ စခန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်

    RNA_ဇူလိုင်၅၊၂၀၂၂ခုနှစ်။

    KNDO အထူးကွန်မန်ဒိုတပ်ရင်း ဆင်ဖြူစစ်ကြောင်း ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က စစ်ကောင်စီတပ် ဥကရစ်ထ စခန်းတိုက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူသို့ အသိပေးချက် ယနေ့ ထုတ်ပြန်လိုပ်သည်။

    ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    မြဝတီတောင်ဘက်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ရန်ကြိုးပမ်းလျှက်ရှိသော ဆင်ဖြူစစ်ကြောင်းနှင့် ပတ်သက်၍ ပြည်သူသို့ အောက်ပါအတိုင်း တင်ပြအပ်ပါသည် –

    ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်၊ ဥကရစ်ထကျေးရွာ၌တည်ရှိသော ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ မိမိတို့ ဆင်ဖြူစစ်ကြောင်းမှ (၂၆.၆.၂၀၂၂)ရက်နေ့၊ နံနက်အစောပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပါသည်။

    KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိရာတွင် မိမိတို့ ဆင်ဖြူစစ်ကြောင်းအနေဖြင့် လေးကေ့ကော်တိုက်ပွဲတွင် စစ်ကူအနေဖြင့် ပါဝင်တိုက်ခိုက်ခဲ့ခြင်းမှအစပြု၍ ဖလူးတိုက်ပွဲ၌ ဦးဆောင် တိုက်ပွဲဝင်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီစခန်းများဖြစ်သော မော်ခီးစခန်း၊ ဝေါလေ ရဲစခန်းတို့အား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဥကရစ်ထစစ်ကောင်စီ ခြေကုတ်စခန်းအား ဆက်လက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

    KNDO အထူးကွန်မန်ဒိုတပ်ရင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့် ဦးဆောင်သော ဆင်ဖြူစစ်ကြောင်းနှင့်Venom စစ်ကြောင်းတို့သည် (၂၂.၆.၂ဝ၂၂)ရက်နေ့၊ ည (၁ဝးဝဝ)နာရီအချိန်မှစ၍ မိမိတို့စခန်းမှ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား တိုက်ခိုက်ရန် ထွက်ခွာခဲ့ပြီး (၂၆.၆.၂ဝ၂၂)ရက်နေ့၊ နံနက် (၄းဝဝ) နာရီအချိန်တွင် ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်း အနားသို့ ရောက်ရှိကာ နံနက် (၅းဝဝ)နာရီအချိန်၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါသည်။ ထွက်ခွာချိန်အချိန် (၃)ရက်ကြာမြင့်ခဲ့ပြီး မိမိတို့ရဲဘော်များသည် လမ်းခရီး၌ သတ်မှတ်နေရာများတွင် နားခို၍ သိုသိပ်စွာဖြင့် ခရီးဆက်ကာ စစ်ကောင်စီစခန်းအနီးသို့ ချဉ်းကပ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

    KNDO အထူးကွန်မန်ဒိုတပ်ရင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့် ဦးဆောင်သော ဆင်ဖြူစစ်ကြောင်းနှင့်Venom စစ်ကြောင်းတို့သည် (၂၂.၆.၂၀၂၂)ရက်နေ့၊ ည (၁ဝးဝဝ)နာရီအချိန်မှစ၍ မိမိတို့စခန်းမှ ဥကရစ်ထစစ်ကောင်စီ ခြေကုတ်စခန်းအား တိုက်ခိုက်ရန် ထွက်ခွာခဲ့ပြီး (၂၆.၆.၂ဝ၂၂)ရက်နေ့၊ နံနက် (၄းဝဝ) နာရီအချိန်တွင် ဥကရစ်ထ စစ်ကောင်စီခြေကုတ်စခန်း အနားသို့ ရောက်ရှိကာ နံနက် (၅းဝဝ)နာရီအချိန်၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါသည်။

    ထွက်ခွာချိန်အချိန် (၃)ရက်ကြာမြင့်ခဲ့ပြီး မိမိတို့ရဲဘော်များသည် လမ်းခရီး၌ သတ်မှတ်နေရာများတွင်နားခို၍ သိုသိပ်စွာဖြင့် ခရီးဆက်ကာစစ်ကောင်စီစခန်းအနီးသို့ ချဉ်းကပ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

    စစ်ကောင်စီဘက်မှ စက်လက်များ၊ 40 mm များဖြင့် ပစ်ခက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခက်တိုက်ခိုက်နေ့လည် (၁း၃၀)နာရီအချိန်တွင် မိမိတို့ဘက်မှ ထိခိုက်ကျဆုံးမှုရှိလာပြီး ကျည်နည်းပါးလာသည့်အတွက် မိမိ (ဆင်ဖြူစစ်ကြောင်း၊ KNDO အထူး ကွန်မန်ဒိုတပ်ရင်း၊တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောစလုံး) ထံသို့ တင်ပြရာတွင် နေ့လည်(၂းဝဝ)နာရီအချိန်တွင် KNDO မှ ဗိုလ်အယ်စေးဝါးတို့အဖွဲ့ စစ်ကူရောက်ရှိလာခဲ့ပါသည်။

    ဆက်လက်ပြီး တိုက်ပွဲမှာပြင်းထန်လာခဲ့ပြီး ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းမှနေ၍ ခုခံမှုကောင်းများ ရှိနေသည့်အတွက် ညသန်းခေါင်းအချိန်တွင် ဗိုလ်ဒါဘော ဦးဆောင်သည့် Cobra စစ်ကြောင်းမှ စစ်ကူထပ်မံရောက်ရှိကာ တိုက်ခိုက်ခဲ့ပါသည်။

    ထိုသို့ စခန်းတစ်ခုလုံးအား သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ရန်သူ့ဘက်မှ စစ်ကူများ ထပ်မံရောက်ရှိလာခြင်း၊ ရဟတ်ယာဉ်များဖြင့် လက်နက်ကျည်ဆံများ လာရောက်ပို့ဆောင်ခြင်းများကြောင့် တိုက်ပွဲမှာဆက်လက်ပြင်းထန်နေခဲ့ပြီး မိမိတို့ဘက်မှ ထိခိုက်ကျ ဆုံးမှုများ၊ ဒဏ်ရာရသူများ တိုးလာပြီး ကျည်ဆံမလုံလောက်မှုများရှိလာပါသည်။

    စစ်ကူလာရောက်သော Cobra စစ်ကြောင်း၌လည်း ကျဆုံးရဲဘော်များ ရှိလာပါသည်။ မိမိတို့ဘက်မှ ထိခိုက် ကျဆုံးမှုများရှိလာနေသော်လည်း ဆက်လက်တိုက်ခိုက်ခဲ့ပါသည်။ လိုအပ်မှုများအား ဖြည့်ဆည်းနိုင်ရန်အတွက် နောက်တန်းတွင်ကျန်ခဲ့သည့် ထောက်ပို့တပ်ဖွဲ့ဝင်များက ကြိုးစားခဲ့ကြပါသည်။

    စစ်ကောင်စီခြေကုတ်စခန်းဘက်မှ အကျအဆုံးများပြားလွန်းလှသဖြင့် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့်အကြိမ်ရေများစွာ လာရောက်ပစ်ခက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ရာတွင် ယနေ့အထိဆိုပါက (၁၂၅) ကြိမ်တိုင် ရှိခဲ့ပြီ ဖြစ်ပါသည်။ (၂၈.၆.၂ဝ၂၂)ရက်နေ့ကလည်း လူတစ်ရပ်ခန့်မြင့်မားသော ဗုံးများ ကြဲချခဲ့ပါသည်။ တိုက်ပွဲစချိန်ကတည်းက(၃)မိုင်ခန့်သာ ဝေးကွာသည့် ဝေါလေဗျူဟာကုန်းမှ 120 mm ဖြင့် ပစ်ကူပေးခြင်း၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့်လာရောက်ပစ်ခက်ဗုံးကြဲခြင်းများကြောင့် ထပ်မံ၍ ကျဆုံးမှုများ ရှိလာခဲ့ပါသည်။ ထို့အတူ စစ်ကောင်စီဘက်မှ စစ်ကူလာ

    ရောက်သော တပ်မ (၄၄) စစ်ကြောင်းအား KNDO မှ ဗိုလ်အယ်စေးဝါးတို့အဖွဲ့နှင့် ပူးပေါင်းကာ အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါသည်။ သို့ရာတွင် တိုက်ပွဲရက် ကြာမြင့်လာသည်နှင့်အမျှ လက်နက်ခဲယမ်းလိုအပ်ချက်များလည်း ရှိလာခဲ့ပါသည်။

    ဤအခြေအနေကို ကာကွယ်ရေးဝန်ကြီးဌာနသို့လည်း အစီရင်ခံတင်ပြထားရှိပြီး ဖြစ်ပါသည်။ တိုက်ပွဲကာလအတွင်းပြည်သူတို့၏ ပူးပေါင်းပါဝင်လှူဒါန်းမှုများကိုလည်း လက်ခံရရှိကာ လိုအပ်သော ကျည်များကို ဝယ်ယူအသုံးပြုခဲ့ပါသည်။ကူညီထောက်ပံ့လှူဒါန်းကြသော အလှူရှင်များအားလည်း ဂုဏ်ပြုမှတ်တမ်းလွှာများကို မိမိအနေဖြင့်လည်းကောင်း၊Unity PDF စခန်း တာဝန်ခံများအနေဖြင့်လည်းကောင်း ထုတ်ပေးလျှက်ရှိပါသည်။

    လိုအပ်ချက်များအား ဝိုင်းဝန်းကူညီပံ့ပိုးမှသာလျှင် တော်လှန်ရေးခရီး အောင်မြင်မည်ဖြစ်ပြီး ယခုလက်ရှိ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအားလည်းအမြန်ဆုံးတိုက်ခိုက်သိမ်းပိုက်နိုင်မည် ဖြစ်ပါသည်။

    လက်ရှိအခြေအနေတွင်လည်း မြဝတီ-ဝေါလေလမ်းတလျှောက် စစ်ကောင်စီတပ်များ၏ အင်အားတိုးမြှင့်လှုပ်ရှားမှုများ ရှိနေပြီး တိုက်ပွဲကြီးများ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါသည်။ ဆင်ဖြူစစ်ကြောင်းအနေဖြင့်လည်း KNU,KNLA, KNDO တို့ အပါအဝင် ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်လျှက်ရှိသော Cobra စစ်ကြောင်း၊ Venom စစ်ကြောင်းတို့နှင့် အခြားသော PDF တပ်ခွဲများနှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမည် ဖြစ်ပါကြောင်းပြည်သူတရပ်လုံးအား အသိပေးတင်ပြအပ်ပါသည်။

    သို့ဖြစ်ပါ၍ မိမိတို့ ဆင်ဖြူစစ်ကြောင်းအနေဖြင့် ဆက်လက်တိုက်ပွဲဝင်ရာတွင် … အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ ပြည်သူတရပ်လုံး၏ ထိရောက်စွာ ပံ့ပိုးကူညီထောက်ပံ့မှုများက အဓိကကျလှပါသည်။ တိုက်ပွဲတစ်ခုဖော်ဆောင်ရာတွင် လိုအပ်ချက်များစွာရှိပြီး ၎င်းလိုအပ်ချက် များအတွက် မိမိတို့ ဆင်ဖြူစစ်ကြောင်း၊ KNDO အထူးကွန်မန်ဒိုတပ်ရင်းသို့ တိုက်ရိုက်ပံ့ပိုးကူညီလှူဒါန်းမည်ဆိုပါက မိမိထံသို့ လည်းကောင်း၊ Unity PDF စခန်း တာဝန်ခံများထံသို့ လည်းကောင်းဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

    ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)

    KNDOအထူးကွန်မန်ဒိုတပ်ရင်းဆင်ဖြူစစ်ကြောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်

    Red News Agency

  • စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲမှုကြောင့် ရက္ခိုင့်တပ်တော်က ရဲဘော် (၆) ဦးကျဆုံး

    စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲမှုကြောင့် ရက္ခိုင့်တပ်တော်က ရဲဘော် (၆) ဦးကျဆုံး

    RNA_ဇူလိုင် ၅၊၂၀၂၂ခုနှစ်။

    မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ (၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော် (AA)၊ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ယမန်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရက္ခိုင့်တပ်တော်ရဲဘော် (၆) ဦးကျဆုံးခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    Red News Agency

  • စစ်ကောင်စီစစ်ကြောင်း ဝင်တိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူရဲကောင်း ၁၁ ဦးကျဆုံး

    စစ်ကောင်စီစစ်ကြောင်း ဝင်တိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူရဲကောင်း ၁၁ ဦးကျဆုံး

    RNA_ဇူလိုင် ၃၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မင်းရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်နှင့် အပါအပေါင်းအပါ အင်အား ၁၃၀ ကျော်ကို ဇူလိုင်လ ၃ ရက်နေ့က တိုက်ခိုက်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သူရဲကောင်း ၁၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

    ” အင်းအား ၁၃၀ ကျော် ခွေးစစ်ကြောင်းကို ကျွန်တော်တို့တောကြီးမြွေပွေးတပ်ဖွဲ့ အပါဝင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းများ ပြောက်ကျား တပ်ဖွဲ့များ၊ ပ. က .ဖ များ တော်လှန်ရေးညီနောင်များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ သူရဲကောင်းရဲဘော် ( ၁၁ )ဦး ကျဆုံးခဲ့ပြီး ထိခိုက်မှုများပြား။ စစ်ခွေး (၂) ကောင်သေ” ဟု တောကြီးမြွေပွေးတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

    ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုပ်လိုစိတ်၊ တော်လှန်လိုစိတ် အပြည့်ရှိသော်လည်း လက်နက်အင်အား မမျှသည့်အတွက် ရဲဘော်များ၏ တော်လှန်ရေးသွေးတွေ မြေခ အသက်ပေးနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency