မြိုင်မြိုနယ်

မြိုင်နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီီး (၁၂) ဦးသေဆုံး

မြိုင်နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီီး (၁၂) ဦးသေဆုံး

RNA_ဩဂုတ်(၂၂)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်​ကျေးရွာ အထိုင်ချပြီး လှုပ်ရှားနေသော စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၆ ရီခန့်က ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ မျက်မြင် (၁၂) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု မြိုင် ပကဖ ထံမှ သိရသည်။   တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးမျက်မြင်သေဆုံးပြီး (၅) ဦးလက်နက်ချ အညံ့ခံခဲ့ကြောင်း၊ MA1 - ၆ လက်၊ MA2 - ၃ လက်၊ MA3 - ၄လက်၊ MA4 - ၁ လက်၊…
Read More
ဝက်ပုတ်ပျူစခန်းအား တော်လှန်ရေးအင်အာားစုများသိမ်းပိုက် စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေးဆုံး

ဝက်ပုတ်ပျူစခန်းအား တော်လှန်ရေးအင်အာားစုများသိမ်းပိုက် စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေးဆုံး

RNA_ဩဂုတ်(၉)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာပျူစခန်းကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ (၈) ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့မှုအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။   ဝက်ပုတ်ပျူရွာစခန်းကို ဩဂုတ်လ ၅ ရက်နေ့မှစတင်ကာ ဒေသတွင်းတော်လှန်ရေးအင်အားစုများက စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ဩဂုတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံများ စက်မှု (၂) စစ်စခန်းသို့ ဆုတ်သွားခဲ့ပြီး စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ MA4 (၁) လက်၊ ကာဘိုင် (၁) လက်၊ G3 (၂)လက်၊ G4 (၁) လက်၊ M16 (၁) လက်၊ 12 ဗို့…
Read More
ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

RNA_ဩဂုတ်(၇)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာအခြေစိုက် စစ်ကောင်စီ၏ ရဲစခန်းနှင့် ရဲကင်းစခန်းများ အားလုံးကို တော်လှန်ရေးအင်အားစုများက ယနေ့ (ဩဂုတ်လ ၇ ရက်) တွင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။   ကိုင်းတောမရဲစခန်းနှင့် ရဲကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့များက စီးနင်းတိုက်ခိုက်ပြီး ပြန်ဆုတ်ပေးကာ ဩဂုတ်လ ၆ ရက်နေ့ ရိက္ခာပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် ယနေ့တွင် စစ်ကောင်စီလက်အောက်ခံများ ကိုင်းတော့မရှိစခန်းနှင့်ရဲကင်းများမှ ဆုတ်ခွါသွားပြီဖြစ်ပြီး ဆုတ်ခွါစဉ် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ထံမှ သိရသည်။ (more…)
Read More
ကိုင်းတောမရဲစခန်းနှင့် အထိုင်စခန်းများ စီးနင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် (၂) ဦးကျဆုံး

ကိုင်းတောမရဲစခန်းနှင့် အထိုင်စခန်းများ စီးနင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် (၂) ဦးကျဆုံး

RNA_ဩဂုတ်(၆)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် အထိုင်စခန်းအားလုံးကို ဒေသတွင်း တော်လှန်ရေးအင်အားစုများ စီးနင်းတိုက်ခိုက်သည့် တိုက်ပွဲအတွင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)မှ ရဲဘော် မဟောက် ( အသက် ၁၇ နှစ်) နှင့် အညာမြေတပ်ပေါင်းစုမှ ရဲဘော် G Shock (အသက် ၂၃ နှစ်) တို့ ကျဆုံးခဲ့ရကြောင်း သိရသည်။   စစ်ကောင်စီ၏ ကိုင်းတောမရှိ အထိုင်စခန်းအားလုံးကို ဩဂုတ်လ (၃) ရက်နေ့ နံနက် (၆) နာရီက တပြိုင်နက်ဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် (၅) ထိရှိခဲ့ပြီး စစ်ကောင်စီဘက်မှ (၃) ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ခဲယမ်းများ…
Read More
မြိုင်မြို့နယ် သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ချီတက်ပွဲကို မြိုင် ပကဖ လုံခြုံရေး တာဝန်ယူခဲ့

မြိုင်မြို့နယ် သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ချီတက်ပွဲကို မြိုင် ပကဖ လုံခြုံရေး တာဝန်ယူခဲ့

RNA_ဇွန်(၂၇)၊၂၀၂၄ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီသည် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသအပါအဝင် သံဃာတော်များကို သတ်ဖြတ်နေသည့်အတွက် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်စတင်ခဲ့ပြီး ချီတက်လမ်းလျှောက်စဉ် မြိုင် ပကဖ ရဲဘော်များက လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။ ဝင်းနိမ္မိတာရုံစာသင်တိုက်၏ ပဓာနနာယက၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင်ဟောင်း ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်မှ ဇွန်လ ၁၉ ရက်နေ့က ပစ်ခတ်ခဲ့ရာ ပျံလွန်တော်မူခဲ့ရပြီး၊ နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီသတ်ဖြတ်ထားသည့် ဗုဒ္ဓဘာသာရဟန်းသံဃာ၊ ခရစ်ယာန်ဆရာတော်၊ အစ္စလာမ်ဘာသာရေးဆရာ တဦးတို့ပါအဝင် (၅၀) ကျော်ရှိကြောင်း၊ အကျဉ်းထောင်များတွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဘာသာရေးခေါင်းဆောင် ၁၂၀ ကျော်ရှိကြောင်း AAPP နှင့် MOHR စာရင်းများအရသိရသည်။ (more…)
Read More
မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံး (၆) ဦးအရှင်ဖမ်းဆီးရမိ

မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံး (၆) ဦးအရှင်ဖမ်းဆီးရမိ

RNA_ဧပြီ(၂၃)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖလန်ကိုင်းကျေးရွာအနီးနှင့် ကျောက်မဏ္ဍပ် (ဝါးရင်းချိုင်ကျေးရွာနှင့် ကမ်းပါးဖြူကျေးရွာကြား) တိုက်ပွဲများတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ (၅) ဦးသေပြီး ၆ ဦးအရှင်ဖမ်းဆီးရမိကြောင်း မြိုင် ပကဖ ထံမှ သိရသည်။ မြိုင်မြို့ စက်မှု (၂) မှ ထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့တို့က ဖလန်းကိုင်းရွာရောက်ရှိချိန် တော်လှန်ရေးအင်အားစုများက ဒရုန်းဗုံးသီးများဖြင့် တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံးကြောင်း၊ တိုက်ပွဲများသည် ဧပြီလ ၂၂ ရက်နေ့အထိ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကျောက်မဏ္ဍပ်အနီးတွင်လည်း သင်္ကာမကင်းဖွယ် လက်နက်ကိုင် ၆ ဦးတွေ့ရှိသည့်အတွက် ပစ်ရာ ဖလန်ကိုင်းရေနံမြေမှ…
Read More
ပ.က.ဖ ဦးဆောင်သူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ဘူဒိုဇာနှင့်ထိုး

ပ.က.ဖ ဦးဆောင်သူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ဘူဒိုဇာနှင့်ထိုး

RNA_ဧပြီ(၁၃)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဌေးအောင်ရွာအုပ်စု၊ ကျက်စားကျေးရွာတွင် ရပ်ရွာဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပ.က.ဖ ခေါင်းဆောင်ဆိုသူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ယမန်နေ့ (ဧပြီ ၁၂ ရက်)က ဘူဒိုဇာဖြင့်ထိုး ဖြိုချနေသည့်ကိစ္စကို NUG ဝန်ကြီးများ ကာကွယ်ဖြေရှင်းပေးရန် ဒေသခံများက တောင်းဆိုထားသည်။ ပ.က.ဖ ဦးဆောင်သူ ကိုဝင်းရွှေက ရပ်ရွာနေပြည်သူများ၏ ဆန္ဒမပါပဲ ဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ကာ ရွာကွက်သစ်ရိုက်မည့်အနေအထားပြုရန် ခြံဝန်းများကို ဘူဒိုဇာဖြင့်ထိုးဖြိုချဖျက်ဆီးနေမှုကို သက်ဆိုင်ရာ NUG ဝန်ကြီးများနှင့် သက်ဆိုင်ရာ ခေါင်းဆောင်များမှ ယခုကိစ္စကို အမြန်ဆုံး ကူညီကာကွယ် ဖြေရှင်းပေးရန် ရွာခံပြည်သူတချို့က တောင်းဆိုထားသည်။   #RedNewsAgency #RNA #RedNews
Read More
စစ်ကောင်စီတပ်စစ်ကြောင်းကို PDF များ စောင့်ကြိုတိုက်ခိုက်

စစ်ကောင်စီတပ်စစ်ကြောင်းကို PDF များ စောင့်ကြိုတိုက်ခိုက်

RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှ ထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခဲပင်အင်းအရှေ့ဘက်အရောက်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ စတင်ကာ ဆက်တိုက်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။   အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူမြို့ပြပြောက်ကျားအဖွဲ့နှင့် အခြားပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာလ ၁၇ ရက်နေ့က ခဲပင်အင်းအရှေ့ဘက်မှစတင်တိုက်ခိုက်ခဲ့ကြောင်း၊ ၁၈ ရက်နေ့တွင်လည်း ခဲအင်ပင်းရွာအတွင်း ဝင်ရောက်နေသည့် ယင်းစစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ခဲပင်အင်းရွာမှထွက်သွားစဉ် ညောင်ရင်းရွာဘက်အရောက်တွင်လည်း ပစ်ခတ်ခဲ့ကြကြောင်း မြိုင်ပကဖမှ ထုတ်ပြန်ထားသည်။   ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် တလျှောက်လုံး ဒရုန်းဗုံးများ၊…
Read More
ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့်နေစဉ် စကစတပ်နှင့်တိုက်ပွဲဖြစ်

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့်နေစဉ် စကစတပ်နှင့်တိုက်ပွဲဖြစ်

RNA_ဩဂုတ်(၂၈)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတော့မြောက်စုရွာအနောက်ဘက် ( ဒေသအခေါ် ကျွန်းနစ်ကုန်းနှင့် တမာချာက်ရိုးကြား) တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လမ်းပိုင်းဆိုင်ရာအတွက် လုံခြုံရေးကင်းလှည့် စစ်ကောင်စီတပ်နှင့်တွေ့ပြီး ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပေါက်မြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် လမ်းပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ကင်းလှည့်နေသည့် ပေါက် ပကဖနှင့် ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင် ပကဖ ရင်း (၃) ခွဲ(၅) ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကျအဆုံးကို မသိရသေးကြောင်း မြိုင် ပကဖမှ ယနေ့…
Read More
မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ

မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ

RNA_ဇူလိုင်(၃၀)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံများနှင့် မြိုင် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များ နေ့စဉ် ပစ်ခတ်မှုဖြစ်ပွားနေပြီး တော်လှန်ရေးအရှိန်မြင့်လာကြောင်း သိရသည်။   ဇူလိုင် ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ ပျူရွာ၊ ကြားဖြတ် တိုက်ခိုက်မှုမျိုးစုံရှိခဲ့ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား ၅ ဦး၊ ပျူ ၃ ဦး၊ ရဲ၁ ဦး သေဆုံးခဲ့ရကြောင်း၊ ပျူရွာများအတွင်းနှင့် ရဲစခန်းများအတွင်း Drone ဗုံးသီးများ၊ ရှော့တိုက်ဒုံး ပစ်ခတ်မှုများအတွင်း ထိခိုက်ပျက်စီးမှုများကို တိတိကျကျ မသိရှိရသေးကြောင်း သိရသည်။…
Read More