Author: Editor

  • “စစ်ဘေးရှောင်ဒုက္ခ အဆုံးသတ်ဖို့ PDF နဲ့အတူ တော်လှန်စို့” 

    “စစ်ဘေးရှောင်ဒုက္ခ အဆုံးသတ်ဖို့ PDF နဲ့အတူ တော်လှန်စို့” 

    RNA_ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာသူ၊ ကျေးရွာသားများက “စစ်ဘေးရှောင်ဒုက္ခ အဆုံးသတ်ဖို့ PDF နဲ့အတူ တော်လှန်စို့” စာတန်းကိုင်စွဲပြီး မုံရွာပင်မသပိတ်စစ်ကြောင်းနှင့်မုံရွာတက္ကသိုလ်ကျောင်သားများသမဂ္ဂတို့နှင့် ပူးပေါင်းပြီး ကျေးရွာအတွင်း လှည်လည်ကာ ယနေ့ဆန္ဒပြခဲ့ကြသည်။

    “စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ် ဖိနှိပ်မှုတွေကို ဒီနေ့အထိ ပြည်သူလူထုဟာ ခါးစည်းခံနေရဆဲဖြစ်တယ်၊ အရင်တလောက ဆားလင်းကြီးမြို့နယ်၊ ဒုန်းတော ကျေးရွာကို စစ်ကောင်စီတပ်တွေ အကြမ်းဖက်ဝင်ရောက်စီးနင်း သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်၊ အဲဒီစစ်ဘေးဒဏ်ကို ပြည်သူတွေဟာလည်း အလူးအလဲ ခဲ့စားခဲ့ရတယ်၊ဒီဒုက္ခတွေကို ကျနော်တော်တို့ပြည်သူလူထုကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင် ကြုံတွေ့ခဲ့ရတယ်။ ဒီလိုအကြမ်းဖက်မှုတွေ ဒုက္ခတွေကြုံတွေ့လာရလို့ ပြည်သူလူထုဟာ စစ်ကောင်စီကို လုံးဝကြောက်ရွံ့မသွားဘူး၊ တော်လှန်ရေးမှာ လုံးဝသွေးအေး မသွားဘူး” ဟု သပိတ်စစ်ကြောင်းမှာပါဝင်သည့် မုံရွာပင်မသပိတ်စစ်ကြောင်း အဖွဲ့ဝင်တဦးက ပြောသည်။

    ပြည်သူတွေအနေဖြင့် သံမဏိစိတ်ဓာတ်ကိုလက်ကိုင် ထား မလျော့သောဇွဲသတ္တိ မလျော့သော လုံ့လဝရိယနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်တွေကို ရင်ဆိုင်အံ့တု PDF တွေနှင့်အတူ တော်လှန်ရေးတိုက်ပွဲကို အရှိန်အဟုန်ပြင်းပြင်း မြှင့်တင်ပြီး တော်လှန်ရေး၏ အခန်းကဏ္ဍတွေမှာ ဒီထက်ပိုပြီးပူးပေါင်းပါဝင်ကြပါလို့ အလေးအနက်ထား တိုက်တွန်းကြောင်း ၎င်းက ပြောသည်။

    လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းက ပြည်သူများသည် နေ့စဉ်ရက်ဆက် အာဏာသိမ်း စစ်ကောင်စီကိုတန့်ကျင်ကြောင်း လမ်းပေါ်ထွက်ဆန္ဒပြနေကြပြီး၊ စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေသည့် အင်အားကောင်းသည့် ဒေသဖြစ်သည်။

    Photo: CJ – ပေးပို့ ။

    Red News Agency

  • တိုက်ပွဲမှာ ဖမ်းမိသည့် စစ်သုံ့ပန်းများကို KNU ကောင်းမွန်စွာ ထိန်းသိမ်းထား

    တိုက်ပွဲမှာ ဖမ်းမိသည့် စစ်သုံ့ပန်းများကို KNU ကောင်းမွန်စွာ ထိန်းသိမ်းထား

    RNA_ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲ့ထော်သလေးတိုက်ပွဲမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း ၈ ဦးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ယနေ့ထုတ်ပြန်ထားသည်။

    မဲ့ထော်သလေး တိုက်ပွဲမှာ အရှင်ဖမ်းမိထားသည့် စစ်ကောင်စီတပ်က ၈ ဦးကို ကောင်းမွန်စွာထားပြီး၊ ပြီးခဲ့သည့်နေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၁၈ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း၊ ဒီဇင်ဘာ ၁၅ ရက်နေ့ လေးကေ့ကော်တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်တွေ အထိနာခဲ့ကြောင်း သိရသည်။

    တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူအများအပြား စစ်ဘေးရှောင်နေကြရကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများရှိကြောင်း သိရသည်။

    ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ

    Red News Agency

     

     

  • လေးကေ့ကော်မြို့တွင်းဝင်ပြီး နှောက်ယှက်ဖျက်ဆီးမှုသည် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်သည်ဟု KNU ဗဟို ထုတ်ပြန်

    လေးကေ့ကော်မြို့တွင်းဝင်ပြီး နှောက်ယှက်ဖျက်ဆီးမှုသည် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်သည်ဟု KNU ဗဟို ထုတ်ပြန်

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ်များ လေးကေကော်မြို့ တွင်းသို့ ဝင်ရောက်လာပြီး နှောက်ယှက်ဖျက်ဆီးမှုများသည့် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများစွာကိုလည်း ပြုမူကျင့်သုံးနေခြင်းဖြစ်သည်ဟု ယနေ့ညတွင် KNU ဗဟိုက ထုတ်ပြန်လိုက်သည်။

    အာဏာသိမ်း စစ်ကောင်စီ၏တပ်များ ဒီဇင်ဘာလ ၁၄ ရက်နေ့က လေးကေ့ကော်မြို့တွင်းသို့ ဝင်ရောက်ပြီး ရှာဖွေစစ်ဆေးမှုနှင့်ဖမ်းဆီးမှုပြုလုပ်နေချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တို့သည် စစ်ရေးပြင်ဆင်မှုအသင့်အနေအထားမှာရှိခဲ့ကြောင်း၊ ပစ်ခတ်မှုပြုလုပ်ပါက ပြည်သူလူထု အခက်အခဲများနှင့် ထိခိုက်သေဆုံးမှုများ ရှိလာမှာကို စိုးရိမ်သဖြင့် ပစ်ခတ်ခြင်းမပြုခဲ့ကြာင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထပ်မံဝင်ရောက်ပြီး ရှာဖွေစစ်ဆေး ဖမ်းဆီးမှုများလုပ်သည့်အပြင် ပြည်သူလူထု၏ နေအိမ်အချို့ကို ဖျက်ဆီးမှုများပြုလုပ်သောကြောင့် နံနက် ၁၀း၀၀ နာရီအချိန်တွင် KNLA တပ်ရင်း ၂၇ ( ပူးပေါင်းတပ်ဖွဲ့ ) နှင့် စစ်ကောင်စီ၏ တပ်တို့ကြား ထိတွေ့ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    (more…)

  • လေးကေ့ကော် တိုက်ပွဲ (၂) ရက်အတွင်း စစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိနေ

    လေးကေ့ကော် တိုက်ပွဲ (၂) ရက်အတွင်း စစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိနေ

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ်က စဖွင့်လိုက်သည့် တိုက်ပွဲများကြောင့် ၂ ရက်အတွင်း လေးကေ့ကော်၊ မယ့်ထော်သလေး စသည့်ကျေးရွာများက စစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိနေပြီး ထိုင်းနိုင်ငံအတွင်း ၁၅၀၀ ကျော်ယနေ့ ရောက်ရှိသွားကြောင်း သိရသည်။

    ‌မြဝတီမြို့တောင်ဘတ် (၁၀) ဝန်းကျင်က KNU တပ်မဟာ (၆) နယ်မြေ လေးကေ့ကော်မြို့သစ်က ရပ်ကွက်အတွင်းစစ်ကောင်စီတပ်များ အင်အားအလုံးအရင်ဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့နံနက်စောစော ဝင်ရောက်ရှာဖွေခြင်း၊ KNU ထံ ခိုလှုံသူတချို့ကို ဖမ်းဆီးခြင်း စသည်တို့ကို လုပ်ခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်က စတင်ကာ လက်နက်ကြီးပစ်ပြီး စစ်ပွဲကို စတင်ခဲ့ကြောင်း သိရသည်။

    (more…)

  • ကရင်ပြည်နယ်မှာ တိုက်ပွဲများ ပြင်းထန်လေ စစ်ကောင်စီတပ် များများသေလေ

    ကရင်ပြည်နယ်မှာ တိုက်ပွဲများ ပြင်းထန်လေ စစ်ကောင်စီတပ် များများသေလေ

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်ပြည်နယ်၊ လေးကေ့ကော်က စတင်လိုက်သည့် ပစ်ခတ်မှု (၂) ရက်အတွင်း စစ်ကောင်စီတပ်က အရာရှိတပ်သားများ သေဆုံးခဲ့သလို ဖမ်းဆီးခံထားရသည့် အရာရှိများပါရှိကြောင်း ဒေသခံသတင်း ရင်းမြစ်ထံက သိရသည်။

    ယနေ့ နက်နံနက်ပိုင်းက ‌မြဝတီမှ လေးကေ့ကော်အသွား စစ်ကောင်စီတပ်နှင့် BGF များ လမ်းမှာ အတိုက်ခံထားရကြောင်း၊ လေးကေ့ကော်တွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်သားများရှိနေကြောင်း၊ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များရှိသည့်အထင်နှင့် လပ်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်မှုရှိကြောင်း သိရသည်။

    ” အခုက ပြေးနေရတာပေါ့၊ ဟိုဘက်တော့ မရောက်သေးဘူး တိုက်ပွဲဖြစ်ရင် ပြေးရတာကတော့ ရှိ‌နေမှာပါ၊ အခုက စခတွေ အတုံးအရုံးသေနေတယ်၊ နယ်မြေအသာစီရမှုက ကွာတယ်၊ လေးကေ့ဖြစ်တော့ အရှင်ဖမ်းခံရတာတွေပါ ရှိတယ်၊ မနေ့က အလံဖြူထောင်တာတွေက ပြီးသွားပြီ အဆင်မပြေဘူး အလောင်းလာကောက်ခွင့်ပေးတာက နေရာတွေမသန့်ဖြစ်မှာစိုးလို့နေမှာ၊ဆက်ဖြစ်လေ စခတွေ သေလေပဲ နေမှာ” ဟု ‌တိုက်ပွဲရှောင် တဦးက ပြောသည်။

    စစ်ကောင်စီတပ် အကျအဆုံးများနေသည့်အတွက် စစ်ကူသွားသည့်ကားများ လမ်းတွင် မိုင်းဆွဲခံရပြီး မြဝတီဘက်မရောက်တော့ကြောင်း၊ ကော့ကရိတ် မြဝတီ အာရှလမ်းမကြီးမှာ တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း သိရသည်။

     

    လေးကေ့ကော်အပါအဝင် KNU တပ်မဟာ (၆) နယ်မြေအတွင်းက စစ်ဘေးရှောင် ထောင်ချီရှိနေပြီဖြစ်ကြောင်း၊ ထိုင်းဘက်ခြမ်း ကူးပြေးနေသည့် စစ်ဘေးရှောင်များလည်းရှိကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ PDF များလည်း ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း သိရသည်။

    Photo: Credit –

    Red News Agency

  • နွေဦးတော်လှန်ရေး နောက်တဆင့် တက်မည်ဖြစ်၍ စားနပ်ရိက္ခာ ဆေးဝါးများ စုဆောင်းထားကြရန် NUG အစိုးရအသိပေး

    နွေဦးတော်လှန်ရေး နောက်တဆင့် တက်မည်ဖြစ်၍ စားနပ်ရိက္ခာ ဆေးဝါးများ စုဆောင်းထားကြရန် NUG အစိုးရအသိပေး

    RNA_ဒီဇင်ဘာ ၁၆ရက်၊ ၂၀၂၁ ခုနှစ်။

    နွေဦးတော်လှန်ရေး နောက်တဆင့် တက်တော့မည်ဖြစ်၍ စားနပ်ရိက္ခာ ဆေးဝါးများ စုဆောင်းထားကြရန် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးပြောကြား လိုက်သည်။

    ပြည်သူမှာ ပြည်သူရှိနေသဖြင့် စားနပ်ရိက္ခာနှင့်ဆေးဝါးများ ဖြန့်ဖြူးပေးကြရန်နှင့် ဆေးကုမ္ပဏီ များ၊ ဆေးရုံ ဆေးခန်းများ၊ အလှူရှင်များ၊ ဆေးပညာရှင်များ၊ တော်လှန်ရေး ဆေးတပ်ဖွဲ့အတွက် လျှို့ဝှက် စွာပါဝင်ကြရန်၊ လျှို့ဝှက်စွာလှူဒါန်းကြရန် တိုက်တွန်းထားသည်။

    Red News Agency

  • ယနေ့ တိုက်ပွဲ (၂) ခုတွင် စစ်ကောင်စီတပ်သား (၇) ယောက်သေ၊ ကရင်နီတပ်မတော်က တဦးကျ

    ယနေ့ တိုက်ပွဲ (၂) ခုတွင် စစ်ကောင်စီတပ်သား (၇) ယောက်သေ၊ ကရင်နီတပ်မတော်က တဦးကျ

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်အတွင်း ကရင်နီတပ်မတော် (KA) နှင့် KNDF တို့ တိုက်ခိုက်မှုကြောင့် ယနေ့ စစ်ကောင်စီတပ်သား (၇) ယောက်သေပြီး (၈) ယောက်နီးပါး ဒဏ်ရာရရှိသွားပြီး၊ ကရင်နီတပ်မတော် (KA)က ရဲဘော် တဦးရျဆုံးခဲ့ကြောင်း သိရသည်။

    ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအရှေ့ဘက်၊ ကနန်းကွယ်ရွာ နှင့် ရေကန်ရွာ အကြားတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၄) ယောက်သေပြီး (၄) ယောက်ဒဏ်ရာရရှိသွားကြောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်ကျေးရွာအုပ်စု၊ ဝပ်လထွားကျေးရွာအတွင်း ကင်းပုန်းစောင့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်က တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ‌၄ ဦးသေပြီး ၅ ဦးဒဏ်ရာရှိကြောင်း KNDF က ယနေ့ ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ KNDF တို့တိုက်ပွဲပြင်းထန်ခဲ့ပြီး ကရင်နီတပ်မတော် (KA)က ရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း၊ ဒဏ်ရာရရှိခဲ့သူ နှစ်ဦးရှိကြောင်း သိရသည်။

    Red News Agency

  • လေးကေ့ကော်ကို စစ်တလင်းမဖြစ်အောင်ဆောင်ရွက်ဖို့ KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ မေတ္တာရပ်ခံ 

    လေးကေ့ကော်ကို စစ်တလင်းမဖြစ်အောင်ဆောင်ရွက်ဖို့ KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ မေတ္တာရပ်ခံ 

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    လက်နက်ကိုင်ဆောင်ထားသူများ၊ တပ်မတော်သားများအားလုံး လက်နက်မဲ့၊ ခိုကိုးရာမဲ့၊ အားထားရာမဲ့ ဖြစ်နေကြသော ပြည်သူလူထု၏ ခိုလှုံရာ နေထိုင်ရာနေရာကို စစ်တလင်းမဖြစ်အောင် ဆောင်ရွက်ပေးစေလိုကြောင်း ယနေ့တွင် KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌစောရွှေမောင်းက မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသည်။

    Red News Agency

  • ညနေနှင့်ညပိုင်း စစ်အာဏာရှင်တော်လှန်နေသည့် ကျေးရွာသားများ

    ညနေနှင့်ညပိုင်း စစ်အာဏာရှင်တော်လှန်နေသည့် ကျေးရွာသားများ

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ကျေးရွာနေပြည်သူများက နံနက်ပိုင်း ဝမ်းစာရှာပြီး ညနေပိုင်းနှင့်ညပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာအတွင်းချီတက်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

    Red News Agency

  • ပိုလျှင်လှူ လိုလျှင်ယူ မျှဝေခြင်း မကွေးမြို့က ၅၀၀ တန်ဇလုံထမင်း

    ပိုလျှင်လှူ လိုလျှင်ယူ မျှဝေခြင်း မကွေးမြို့က ၅၀၀ တန်ဇလုံထမင်း

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    ပြည်သူမှ ပြည်သူသို့ ပိုလျှင်လှူ လိုလျှင်ယူ မျှဝေခြင်းအစီအစဉ်ဖြင့် ၅၀၀ တန်ဇလုံထမင်းကို မကွေးမြို့၊အောင်မေတ္တာရပ်ကွက် B အုပ်စု-12 လမ်း မြင်းကင်းလမ်းမကြီး အရှေ့ဖက်တွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ ရောင်းချပေးနေကြောင်း သိရသည်။

    ” မနေ့ကစတင်ရောင်းချတဲ့နေ့မှာ အမဲသား၊ ၀က်သား၊ ငါးကြင်းသား၊ ချဉ်ရေဟင်း၊ငါးပိရေကြို အတို့ အမြှပ်‌တွေနဲ့ တစ်ပွဲ၅၀၀ကျပ်နှုံးနဲ့ စရောင်းချပေးခဲ့ပါတယ်၊ အများပြည် သူတွေအကြပ်တည်းဖြစ်နေတဲ့ဒီကာလမျိုးမှာ အသင့်စားသုံးနှိုင်စေဖို့ရည်ရွယ်ပြီး အခုလ်ိုစေတနာထားပြီးရောင်းချပေးတာပါ၊ အလှူခံဖလားချပေးထားပြီး စေတနာအလျှောက် ကုသိုလ်ပြုထည့်၀င်တာကိုပဲလက္ခံတာပါ၊ အလှူငွေ၅၀၀ ကျပ်မပါသူတွေအတွက်အတင်းအဓမ္မ ငွေကြေးမတောင်းခံပါဘူး” ဟု တန်ဖိုးနည်း ၅၀၀ ကျပ်တန်ဇလုံထမင်း ဦးဆောင်ရောင်းချပေးသူ ဦးနေမိုးဆွေကျော် ကပြောသည်။

    ယနေ့ နံနက် ၅၀၀ ကျပ်တန် ဇလုံးထင်း ဟင်းများမှာကြက်သားဆီပြန်၊ ကြက်ဥအချဉ်ချက်၊ ခရမ်းသီးနှပ်၊ရွှေဖရုံသီးနှပ်၊ ချဉ်ရည်ဟင်း၊ ငါးပိရည်ကြိုနှင့်အတို့ အမြှပ်တို့ပါဝင်ကြောင်း၊ မကွေးမြို့က တန်ဖိုးနည်း ၅၀၀ ကျပ်တန် ဇလုံထမင်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး ရောင်းချခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာပြီး ဝယ်ယူစားသောင်နိုင်ရေး ရည်ရွယ်၍ ဖွင့်လှစ်ထားကြောင်း သိရသည်။

     

    Red News Agency