Author: Editor

  • ထီးမယ်ဝါးခီးကျေးရွာအနီး တိုက်ပွဲတွင် (၁၀) ဦးကျော်ဖမ်းဆီးခံရပြီး (၁၅) ဦးကျော်ပျောက်ဆုံးနေ

    ထီးမယ်ဝါးခီးကျေးရွာအနီး တိုက်ပွဲတွင် (၁၀) ဦးကျော်ဖမ်းဆီးခံရပြီး (၁၅) ဦးကျော်ပျောက်ဆုံးနေ

    RNA_ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၅ ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီး အချက် ရာချီပစ်မှုနှင့် အင်အားအများအပြား အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည့် ထီးမယ်ဝါးခီး ကျေးရွာအနီး တိုက်ပွဲတွင် ဖမ်းဆီးခံရသူ (၁၀) ဦးအထက်ရှိပြီး ပျောက်ဆုံးနေသူ (၁၅) ဦးအထက်ရှိကြောင်း စုံစမ်းသိရှိရသည်။

    စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သတင်းယူနေသည့် ဖက်ဒရယ်ဂျာနယ် အယ်ဒီတာ အေစိုင်းကေ (ခ)စိုင်းဝင်းအောင် နှင့် PDF ရဲဘော် ကိုအောင်မျိုးဇင် (ခ) အုပ်ကြီးတို့ ကျဆုံးခဲ့ရပြီး ယနေ့နံနက်မှာ သင်္ဂြိုဟ်ပေးခဲ့ပြီး၊ PDF ကိုဝေလင်းနှင့် ကိုမှိုင်းတို့မှာ ကျဆုံးသွားပြီဟု ယူဆထားကြပြီး ပျောက်ဆုံးနေသူ (၁၅) ဦးကျော် ရှိသေးကြောင်း သိရသည်။

    စစ်ကြောင်စီတပ် ထိုးစစ်ကို KNLA နှင့် PDF တို့က ခုခံပစ်ခတ်ခဲ့ကြောင်း၊ ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်က ပစ်သတ်မှုများရှိကြောင်း၊ (၁၀) ဦးကျော်အရှင်ဖမ်းသွားကြောင်း၊ ကျဆုံးစာရင်းနှင့် ဖမ်းဆီးခံရမှုစာရင်းကို တာဝန်ရှိသူများက အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

    Red News Agency

  • စစ်ကောင်စီ စစ်ကြောင်း ဧရိယာအနီး ရောက်ရှိနေသော်လည်း အရှိန်အဟုန်နှင့် လမ်းပေါ်ထွက်ဆန္ဒပြ

    စစ်ကောင်စီ စစ်ကြောင်း ဧရိယာအနီး ရောက်ရှိနေသော်လည်း အရှိန်အဟုန်နှင့် လမ်းပေါ်ထွက်ဆန္ဒပြ

    RNA_ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ဧရိယာအတွင်း ရောက်ရှိနေသော်လည်း လက်ပံတောင်းတောင်ဒေသပင်မသပိတ်စစ်ကြောင်းက ရရာနည်းဖြင့် အရှိန်အဟုန်မပျက် ယနေ့ ညနေပိုင်းမှာ စစ်အာဏာရှင် အလိုမရှိကြောင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။

    Photo: CJ – ပေးပို့။

    Red News Agency

  • PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိ

    PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိ

    PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိဟု NUG ကာကွယ်ရေးဝန်ကြီးပြော

    RNA_ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်ဖွဲ့ဝင်များ မဟာမိတ်များရဲဘော်များနှင့်အတူ စစ်မြေပြင်တိုက်ပွဲဝင်နေကြပြီး၊ တိုက်ပွဲဝင်ရန် အသင့်အနေအထား PDF တပ်ရင်းတပ်ဖွဲ့မြောက်များစွာ ရှိနေပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ‌ပြည်သူများကို အသိပေးထားသည်။

    NUG/MODဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဥ်ရှိရှိ ဆင်နွှဲ​နေကြောင်း၊ ပြည်သူ့​တော်လှန်​ရေးတစ်စုံလုံး၏ Chain Of Command ဟာ NUG/MODနှင့် မဟာမိတ်များ ပူး​ပေါင်း​ဖော်​ဆောင်ထားသည့် ကွပ်ကဲမှုစနစ်ဖြစ်ပြီးတိုက်ပွဲ​တွေကို Chain Of Command​အောက်ကသွား​နေကြောင်း၊ အရပ်ဖက်ကွပ်ကဲမှုကို NUG/MODက တာဝန်ယူပြီး စစ်​ရေးဦး​ဆောင်မှုကို မဟာမိတ် စစ်​ရေးကျွမ်းကျင်သူများက တာဝန်ယူထားကြောင်း ဦးရည်မွန်က ဒီဇင်ဘာလ ၂၅ ရက်နေ့ညက ပြည်သူ့ခုခံတွန်းလှန်စစ် အစီအစဉ်များနှင့်ပတ်သက်ပြီး ရှင်းပြထားသည်။

    ဖဲကြိုးဖြူလှုပ်ရှားမှု ပါဝင်သည့် PDF များကို NUG/MOD- FB Page တွင် တွေ့ရစဉ်

    ” အခုဆိုရင် Regular PDF တပ်ရင်းများ ရာနဲ့ချီပြီး စနစ်ကျတဲ့ Chain Of Command ​အောက်မှာ ဖွဲ့စည်းထူ​ထောင်ပြီး ဖြစ်သလို လက်နက်တပ်ဆင်မှုကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မျှမျှတတဖြစ်​အောင် စီမံ​ဆောင်ရွက်​နေပါတယ်။တချိန်တည်းမှာပဲ စစ်မဟာ ဗျူဟာအရ စစ်​ရေးစီမံချက်အရ ဦးစား​ပေးတပ်ဆင်ရတဲ့ ​ဒေသ​တွေ ရှိဆိုတာလည်း အစီရင်ခံလိုပါတယ်။ စစ်တိုက်တဲ့အခါ လက်နက်ဟာ မရှိမဖြစ် လိုအပ်​ပေမယ့် လက်နက်ရှိတိုင်း စစ်တိုက်လို့ ရတာ​တော့ မဟုတ်ပါဘူး။အမိန့်​ပေး ကွပ်ကဲမှုစနစ် Chain Of Commandတည်​ဆောက်မှု ၊မဟာမိတ်​တွေရဲ့ နားလည်ယုံကြည်မှုနဲ့ ပူးပေါင်း​ဆောက်ရွက်မှု၊​ထောက်ပို့နဲ့ ဆက်သွယ်​ရေးယန္တရား တည်​ဆောက်မှု၊ ဗျူဟာ​မြောက် ဟန်ချက်ညီ ​ဆောင်ရွက်နိုင်မှု​တွေဟာ အလွန်အ​ရေးကြီးပါတယ်” ဟု ဦးရည်မွန်က ပြောထားသည်။

    ဖဲကြိုးဖြူလှုပ်ရှားမှု ပါဝင်သည့် PDF များကို NUG/MOD- FB Page တွင် တွေ့ရစဉ်

    စစ်မြေပြင်က ပြည်သူ့ရဲဘော်များ ကျဆုံးသတင်း ကြားရတိုင်း NUG အပေါ် အားမလို အားမရဖြစ်သည့်အပေါ် နားလည်ကြောင်း၊ NUG ဘာလုပ်နေလဲဟု ပြစ်တင်​မမောင်းမဲတာ (အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ)ကို အ​လေးအနက်ထားကြောင်း၊ စစ်မဟာဗျူဟာနှင့် စီမံချက်များဟာ စစ်​ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ဖြစ်သည့်အတွက် အားလုံး အသိ​ပေး ရှင်းပြခြင်း မပြုနိုင်သည့်အ​ပေါ် နားလည်​ပေးဖို့ ​ဦးရည်မွန်က ပြည်သူများနှင့်အတူ ရဲ​ဘော်များ မိတ်​ဆွေများကို ပန်ကြားထားသည်။

    Red News Agency

  • ဒဏ်ရာအပြင်းအထန်ရထားသည့် PDF သူရဲကောင်း ကိုမှိုင်း ကျဆုံး

    ဒဏ်ရာအပြင်းအထန်ရထားသည့် PDF သူရဲကောင်း ကိုမှိုင်း ကျဆုံး

    RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

    PDF သူရဲကောင်း ကိုမှိုင်း

    မြဝတီမြို့တောင်ဘက် ထီးမယ်ဝါးခီး ကျေးရွာအနီး ယနေ့ ညနေပိုင်းက စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးမှုတို့ကြောင့် ဒဏ်ရာအပြင်းအထန်ရသွားသည့် ကိုမှိုင်း ယနေ့ညမှာ ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

    PDF သူရဲကောင်း ကိုအောင်မျိုးဇင်

    ထီးမယ်ဝါးခီး ကျေးရွာအနီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုအောင်မျိုးဇင်၊ ကိုဝေလင်း၊ ကိုရဲထက်၊ ကိုမှိုင်းတို့ သူရဲကောင်းပီသစွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

    PDF သူရဲကောင်း ကိုရဲထက်

    လေးကေကော်အနီးက ထီးမယ်ဝါးခီးကျေးရွာအတွက် လက်နက်ကြီး ပစ်ခဲ့သလို အနီးဝန်းကျင်က ထောက်ပို့တပ်စခန်းတခုကို စစ်ကောင်စီတပ်တွေ လေကြောင်း၊ ကုန်းကြောင်း ပါအဝင် လက်နက်ကြီး ပစ်ကူယူကာ ဝင်သိမ်းရန် လုပ်ဆောင်ခဲ့ကြောင်း၊ KNLA နှင့် PDF တို့ ခုခံ တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

    PDF သူရဲကောင်း ကိုဝေလင်း

    Red News Agency

  • စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ကို ခုခံပစ်ရင်း ကျဆုံးသွားခဲ့ရသည့် ကိုဝေလင်း

    စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ကို ခုခံပစ်ရင်း ကျဆုံးသွားခဲ့ရသည့် ကိုဝေလင်း

    RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ်သား (၅၀) ဝန်းကျင်လောက် စခန်းအနီး တက်လာစဉ် ရဲဘော်‌များကို ဆုတ်ခိုင်းပြီး ကတုတ်ကျင်း ထဲကနေ တဦးတည်း ခံပစ်ယင်း PDF သူရဲကောင်း ကိုဝေလင်း ယနေ့ ကျဆုံးသွားကြောင်း သိရသည်။

    ဧရာဝတီတိုင်းက PDF သူရဲကောင်း ကိုဝေလင်း မကျဆုံးမီ ဒီဇင်ဘာလ (၅) ရက်နေ့က ” တောင်တန်း ပြည်မ စည်းလုံးအားနဲ့ ကြွေးဟောင်း ကြွေးသစ် ပြန်ယူရမယ်၊ သခင်သွေးများ ရဲရဲနီဖို့ အချိန်တန်ပြီ ” ဟု လူ့မှုကွန်ယက်မှာ ရေးသားခဲ့သည်။

    PDF သူရဲကောင်း ကိုဝေလင်းသည် ဧရာဝတီတိုင်းမှ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မယ်ဝါးခီးကျေးရွာအနီးက တပ်စခန်းတခုကို ရောက်ရှိနေသူဖြစ်ကြောင်း၊ ယနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စခန်းသိမ်းရန် စစ်ကြောင်းတက်လာပြီး အဝေးကနေ လက်နက်ကြီးများနှင့် ပစ်ခတ်သလို လေကြောင်းမှလည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ၊ အင်အားအများအပြား ထိုးစစ်ဆင်မှုတို့ကြောင့် KNLA နှင့် PDF တို့ ပူးပေါင်းတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်ကလည်း အသေ အပျောက်များကြောင်း၊ မယ်ဝါးခီး ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ယနေ့ မယ်ဝါးခီးအနီး စခန်းတခုတိုက်ပွဲတွင် PDF ကျဆုံး သူရဲကောင်းများရှိနေကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

    Red News Agency

  • မယ်ဝါးခီး တိုက်ပွဲမှာ ကိုအောင်မျိုးဇင်အပါအဝင် PDF အနည်းဆုံး (၄) ဦးကျဆုံးပြီး ဖမ်းခံရသူများရှိ

    မယ်ဝါးခီး တိုက်ပွဲမှာ ကိုအောင်မျိုးဇင်အပါအဝင် PDF အနည်းဆုံး (၄) ဦးကျဆုံးပြီး ဖမ်းခံရသူများရှိ

    RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ်က တိုက်ပွဲအတွင်း အဆက်မပြတ်ပစ်ခတ်နေသည့် လက်နက်ကြီး‌ထိမှန်ကာ သာပေါင်းမြို့က ကိုအောင်မျိုးဇင် ပါအဝင် အနည်းဆုံး PDF (၄) ဦး မယ်ဝါးခီး တိုက်ပွဲမှာ သူရဲကောင်းပီသစွာ ယနေ့ ကျဆုံးသွားခဲ့ရပြီး၊ အဖမ်းခံရသူများရှိပြီး၊ ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

    ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်နှင့် မျက်နှာချင်းဆိုင်နီးပါးရှိသည့် မယ်ဝါးခီး ကျေးရွာအနီး စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ ပစ်ခတ်နေပြီး၊ လက်နက်ကြီးများနှင့် အဆက်မပျက် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။

    KNU ထိန်းချုပ်နယ်မြေ မယ်ဝါးခီးတွင်ရှိသည့် ဒေသခံပြည်သူများ တိုက်ပွဲအတွင်း ပိတ်မိနေပြီး စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေကြောင်း၊ KNLA တပ်ရင်း (၂၇) နှင့် PDF တို့က စစ်ကောင်စီတပ် ခြေလျင်အဖွဲ့ကို ခုခံပစ်ခတ်သည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    Red News Agency

  • စစ်ကောင်စီတပ်က ကရင်နီပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်

    စစ်ကောင်စီတပ်က ကရင်နီပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်

    RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီပြည် (ကယား) နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဆိုမိုကျေးရွာအနီးမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြည်သူ့စစ် (၄) ဦး၊ ပြည်သူ (၃၅) ဦးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းသည် လူသားမျိုးနွယ်စုဆိုင်ရာ လူမျိုးတုံး သတ်ဖြတ်ဖြစ်ကြောင်း ဒေသတွင်းအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ တပ်မ (၆၆) ၊ ခမရ (၁၀၈) စစ်ကြောင်းတို့က ဆိုမိုကျေးရွာအနီး ဒေသခံများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးသည့်အတွက် တားမြစ်သည့် ပြည်သူ့စစ် (၄) ဦး လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခဲ့ကြောင်း၊ စစ်ဘေးရှောင်ထွက်ခွါသည့် ပြည်သုများ စစ်ကြောင်းနှင့်တွေ့ကာ ဒန်ပါကား (၃) စီး၊ ကားငယ် (၃) စီး၊ ထော်လော်ကြည်နှင့် ဆိုင်ကား (၅) တို့နှင့်အတူ ပြည်သူ (၃၅) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ခမရ (၅၄) တပ်မှ လက်နက်ကြီးပစ်ခတ်သဖြင့် လွိုင်ကော်မြို့နယ် ဘာဒိုရွာနှင့် နာနတ်တောရပ်ကွက်အတွင်း။ လက်နက်ကြီးကျကာ အိုးအိမ်များပျက်စီးခဲ့ရပြီး ပြည်သူ (၁) ဦး သေဆုံးခဲ့ရသည်။

    (more…)

  • ရွာအတွင်း စစ်ကောင်စီတပ် တပ်စွဲစဉ် ပြည်သူ (၃) ဦးအထက် ရက်ရက်စက်စက် သတ်ဖြတ်ခံရ

    ရွာအတွင်း စစ်ကောင်စီတပ် တပ်စွဲစဉ် ပြည်သူ (၃) ဦးအထက် ရက်ရက်စက်စက် သတ်ဖြတ်ခံရ

    RNA_ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ရွာတွင် စစ်ကောင်စီတပ် (၃) ရက် တပ်စွဲပြီး ပြည်သူ (၄) ဦးကို ရက်ရက်စက်စက်သတ်ပြီး နေအိမ်များမီးရှို့သွားကြောင်း သိရသည်။

    နေအိမ်များကို မီးရှို့ထားသည့် မြင်ကွင်း

    ရေမျက်ရွာအတွင်း စစ်ကောင်စီတပ် (၃) ရက်ကြာ တပ်စွဲအပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့က ထွက်ခွါသွားရာတွင် အိမ်ထဲတွင် မီးရှို့အသတ်ခံထားရသူ (၁) ဦး၊ ဓားစာခံအဖြစ်ဖမ်းဆီးခံရပြီး ဦးခေါင်းတေ့ပစ်ရသူ (၁) ဦး၊ သေနတ်ဒဏ်ရာရရှိသည့် နေရာတွင် သေဆုံးနေသူ အမျိုးသမီး (၁) ဦးအပါအဝင် အသတ်ခံထားရသူ အနည်းဆုံး (၃) ဦးအထပ်ရှိကြောင်း၊ ရွာတွင်ကျန်ခဲ့သည့် သက်ကြီးရွယ်အိုနှင့် တိရိစ္ဆာန်များ စားစရာမရှိသည့် အနေအထားနှင့်ကြုံတွေ့ခဲ့ရပြီး၊ နေအိမ်၊ ကား၊ ဆိုင်ကယ် စသည်တို့ကို မီးရှို့သွားကြောင်း သိရသည်။

    နေအိမ်အတွင်း မီးရှို့အသတ်ခံထားရသူ

    စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရေမျက်ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းက ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံများ ရှောင်တိမ်းခဲ့ကြရပြီး PDF များဆုတ်ပေးချိန် ကျေးရွာအတွင်း တပ်စွဲကာ ပြည်သူများကို သတ်၊ နေအိမ်နှင့် အဖိုးတန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

    သေနတ်ဒဏ်ရာကို လက်ဖြင့်အုပ်ထားပြီး နေရာတွင် သေဆုံးနေသည့် အမျိုးသမီး
    ကားများကို မီးရှို့ထားသည့်မြင်ကွင်း

    ဓာတ်ပုံ : ဒေသခံ

    Red News Agency

  • မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ရင်ကြားစေ့ရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ကြရန် အားပေးသည်ဟု ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ပြော

    မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ရင်ကြားစေ့ရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ကြရန် အားပေးသည်ဟု ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ပြော

    RNA_ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။

    အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောက်လှိုင်နှင့် တွေ့ဆုံးစဉ် မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းမှု ရရှိစေရန် နားလည်ခွင့်လွှတ်မှုတို့ဖြင့် ရင်ကြားစေ့ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန် အထူးအားပေးကြောင်း ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုကပြောကြားခဲ့ကြောင်း သိရသည်။

    ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက မင်းအောင်လှိုင်နှင့်အဖွဲ့သည် လုံခြုံရေး အထပ်ထပ်ချကာ စိန့်မေရီဘုရားကျောင်းသို့ ရောက်ရှိခဲ့ကြောင်း၊ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုက မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် မြန်မာပြည်၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။

    ” ခရစ်စမတ် အခါတော်ရက်မြတ်တွင် စုဝေး၍ မိတ်သ ဟာယပြုနေကြသော ကျွန်ုပ်တို့အားလုံးသည် မိမိတို့နှင့်ဆိုင်ရာ နယ်ပယ်အသီးသီးမှနေ၍ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းမှု၊ စည်းလုံးတိုက်တက်မှုများ ရရှိစေရေးအတွက် တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွှတ်မှု၊ အပြန်အလှန်လေးစားမှု၊ အနာဂတ်လူငယ်မျိုးဆက်သစ်များအတွက် အခွင့်အရေးဖန်တီးပေးမှုများ၊ စစ်မှန်ရိုးသားသော တွေ့ဆုံဆွေးနွေးမှုများဖြင့် ရင်ကြားစေ့ရေး လုပ်ငန်းများကို စိတ်သစ်လူသစ်များဖြင့် ပြန်လည်ဆောင်ရွက်ကြရန် အထူးအားပေးပါသည်။ မေတ္တာရပ်ခံ ဖိတ်ခေါ်အပ်ပါသည်” ဟု ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုက မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။

    မင်းအောင်လှိုင်နှင့်အဖွဲ့သည် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုနှင့် တွေ့ဆုံမှုအပြီး ညပိုင်းတွင် လေးလေ့ကော်ကို လေကြောင်းအသုံးပြီး ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်လိုက်သည်။

    Red News Agency

  • နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

    နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

    တိုက်ပွဲပြင်းထန်သည့် နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

    RNA_ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် (၁၀) ဝန်းကျင်က နတ်ချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာပြီး လေကြောင်းအသုံးတိုက်ခိုက်ခဲ့ပြီး နတ်ချောင်းကျေးရွာနေအိမ်တချို့ကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် မီးရှို့ခဲ့ကြောင်း သိရသည်။

    Photo: CJ

    Red News Agency