Editor

1505 Posts
နွေဦးတော်လှန်ရေး စာလုံးပုံဖော်ကာ မြောက်ဥက္ကလာတွင် ဖရောင်းတိုင်ထွန်း ဆန့်ကျင်ဆန္ဒပြခဲ့ကြ

နွေဦးတော်လှန်ရေး စာလုံးပုံဖော်ကာ မြောက်ဥက္ကလာတွင် ဖရောင်းတိုင်ထွန်း ဆန့်ကျင်ဆန္ဒပြခဲ့ကြ

RNA- မတ် ၁၃ ရက်။ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း ယနေ့ ညဦးပိုင်းက နွေဦးတော်လှန်ရေး စာလုံးပုံဖော်ပြီး ဖရောင်းတိုင်မီးများထွန်းကာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်မှု ပြုလုပ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ အာဏာသိမ်းခဲ့သည့် စစ်အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကျည်အစစ်သုံး ဖြိုခွင်းခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ထိ ၇၀ ကျော်ရှိသွားပြီဖြစ်ကြောင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် မတ်လ ၃ ရက်နေ့က စစ်တပ်နှင့်ရဲများ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ၈ ဦးသေဆုံးခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ပြည်သူ့အစိုးရထံမှ စစ်တပ်အာဏာသိမ်းယူခဲ့ပြီး ရက်ပေါင်း ၄၁ ရက် အတွင်း(…
Read More
မင်းဘူးမြို့တွင် ယနေ့ ညပိုင်းက အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြ

မင်းဘူးမြို့တွင် ယနေ့ ညပိုင်းက အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြ

RNA- မတ် ၁၃ ရက်။ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ညဦးပိုင်းတွင် ဖရောင်းတိုင်မီးများထွန်းကာ လမ်းလှျောက် ဆန္ဒပြခဲ့ကြသည်။ အာဏာသိမ်းစစ်ကောင်စီ အလိုမရှိသည့်အတွက် ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြစဉ် စစ်တပ်နှင့်ရဲက သေနတ်အစစ်များအပြုပြီးပြီး ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် ယနေ့ (မတ်လ ၁၃ ရက်) တွင် ပြည်မြို၊ ချောက်မြို့၊ မန္တလေးမြို့၊ ရန်ကုန်တိုင်းတို့မှ ပြည်သူတစ်ချို့ အသက်ဆုံးရှုံးခဲ့ကြရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ပြည်သူ့အစိုးရထံမှ စစ်တပ်အာဏာသိမ်းယူခဲ့ပြီး ရက်ပေါင်း ၄၁ ရက် အတွင်း( မတ်လ ၁၃ ရက်နေ့အထိ) သေဆုံးသူ ၇၀ ကျော်ရှိပြီး၊ AAPP…
Read More
အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ၊ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူး ရဲအုပ်ဝင်းသန်းထွန်း ယနေ့ CDM ပြုလုပ်

အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ၊ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူး ရဲအုပ်ဝင်းသန်းထွန်း ယနေ့ CDM ပြုလုပ်

လှိုင်သာယာမြို့နယ်ရှိ အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ၊ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူး ရဲအုပ်ဝင်းသန်းထွန်း ယနေ့ CDM ပြုလုပ် RNA ရန်ကုန်၊ မတ် ၆ ရက်။ အာဏာသိမ်းမှုနှင့် ပြည်သူများကို သေဆုံးမှုများနှင့်ပတ်သက်ပြီး မခံစားနိုင်တော့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူးရဲအုပ်ဝင်းသန်းထွန်းသည် ယနေ့ (မတ်လ ၆ ရက်) နံနက်ပိုင်းမှစတင်ကာ CDM ( Civil Diosobedience Movement) ပြုလုပ်လိုက်ပြီဟု Red News Agency ကို ပြောသည်။ ” အွန်လိုင်းမှာကြည့်နေ မြင်နေရတာက ဒါတွေ…
Read More
ဋ ရပ်ကွက် သပြေခြံတွင် လူမိုက်များစုစည်းရောက်ရှိလာပြီး ရပ်ကွက်နေပြည်သူကို ဓားနှင့်ထိုး

ဋ ရပ်ကွက် သပြေခြံတွင် လူမိုက်များစုစည်းရောက်ရှိလာပြီး ရပ်ကွက်နေပြည်သူကို ဓားနှင့်ထိုး

RNA။ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက်။ မြောက်ဥက္ကလာပမြို့နယ် ( ဋ ) ရပ်ကွက် သပြေခြံတွင် အာဏာသိမ်းအစိုးရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဖွဲ့စည်းပေးလိုက်သည့် (ဋ ) ရပ်ကွက် ရပ်ကွက်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့မှ တစ်ဦးက ဦးဆောင်ပြီး လူမိုက်များဖြင့် ဓားဖြင့်ထိုးခြင်း၊ ရပ်ကွက်စိန်ခေါ်ခြင်းများ ယနေ့ (ဖေဖော်ဝါရီလ ၂၅ ရက်) နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။ စစ်အစိုးရ ဖွဲ့စည်းပေးလိုက်သည့် (ဋ ) ရပ်ကွက် ရပ်ကွက်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့မှ တစ်ဦးကဦးဆောင်ပြီး လူမိုက်များဖြင့် ဓားကိုင်ရမ်းကားကာ ပြုလုပ်ခဲ့မှုတွင် ရပ်ကွက်အတွင်းမှ ပြည်သူတစ်ဦး ဓားထိုးခံခဲ့ရကြောင်း၊ လူမိုက်များအဖွဲ့မှလဲ ရပ်ကွက်မှ ဝိုင်းဖမ်းရာ တစ်ဦးမိထားကြောင်း သိရသည်။ ယနေ့…
Read More

မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၅၀၅ (ခ) ဖြင့် တရားစွဲခံရ

ဒီလှိုင်း။ မကွေး၊ ဖေဖော်ဝါရီ ၂၃ ရက်။ မကွေးတိုင်းဒေသကြီီီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို လက်ထောက်ညွန်ကြားရေးမှူးက တရားလိုပြုလုပ်ကာ ဒီကနေ့ (ဖေဖော် ဝါရီလ ၂၃ ရက်) မှာ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုလိုက်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောသည်။ Red News Agency
Read More
ပုလဲမြို့တွင် အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တိုက်ပွဲ ပြည်သူတစ်သိန်းကျော်ပါဝင်

ပုလဲမြို့တွင် အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တိုက်ပွဲ ပြည်သူတစ်သိန်းကျော်ပါဝင်

ကိုကိုလွင်။ ပုလဲ၊ ဖေဖော်ဝါရီ ၂၂ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့တွင် ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) နံနက်ပိုင်းက အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တိုက်ပွဲကို ပြည်သူလူထု တစ်သိန်းကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒထုတ်ဖော်ပွဲတွင် သံဃာတော်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ‌ပုလဲမြို့နယ် ကျောင်းသားများ သမဂ္ဂမှ ပြည်သူများနှင့်အတူ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့သည့်အပြင် ပုလဲမြို့နယ် စုပေါင်းရုံးရှေ့တွင်လည်း ထိုင်သပိတ်ပြုလုပ်၍ အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး ဟောပြောမှုများ ပြုလုပ်ခဲ့သည်။ ယင်းအပြင် ပုလဲမြို့နယ် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှလည်း မြို့နယ် စုပေါင်းရုံးရှေ့တွင် အာဏာရှင်စနစ်ကျဆုံးရေးအတွက် ကျန်ရှိနေသည့် ပြည်သူ့ဝန်ထမ်းများမှ CDM ပါဝန်ပေးရန် တောင်းဆိုခဲ့ကြသည်။ Red News Agency
Read More
စစ်ကောင်စီခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း (ဌ) ရပ်ကွက်ပြည်သူများ ဆန္ဒပြ

စစ်ကောင်စီခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း (ဌ) ရပ်ကွက်ပြည်သူများ ဆန္ဒပြ

RNA- ဖေဖော်ဝါရီ ၂၁ ရက်။ အာဏာသိမ်း စစ်ကောင်စီမှခန့်အပ်သည့် အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း မြောက်ဥက္ကလာပမြိုကနယ် (ဌ) ရပ်ကွက်နေပြည်သူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာ သိမ်းခဲ့ပြီး ရွေးကောက်ခံ အစိုးရအဖွဲ့ကို ဖျက်သိမ်းခဲ့သလို ရွေးကောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးများကိုလည်း ဖျက်သိမ်းကာ စစ်ကောင်စီက အသစ်ထပ်မံခန့်အပ်မှုများ ပြုလုပ်နေသည့်အထဲတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ၁၉ ရပ်ကွက်ရှိရာ (ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီက ခန့်အပ်ခဲ့ကြောင်း၊ အခြားရပ်ကွက်များတွင် ယခင်အုပ်ချုပ်ရေးမှူးများကို ထပ်မံခန့်အပ်ခဲ့ကြောင်း…
Read More
စစ်အာဏာရှင်စနစ်ကို လက်ခံနေပါက အချိန်မရွေး ကျွန်တော်တို့ခေါင်းထဲကို ကျည်ဆံတွေ ရောက်လာနိုင်ပါတယ်

စစ်အာဏာရှင်စနစ်ကို လက်ခံနေပါက အချိန်မရွေး ကျွန်တော်တို့ခေါင်းထဲကို ကျည်ဆံတွေ ရောက်လာနိုင်ပါတယ်

RNA- ဖေဖော်၀ါရီ ၂၁ ရက်။ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြသည့်အနေဖြင့် ယနေ့ နံနက်ပိုင်းက တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့များ ပူးပေါင်းကာ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှ လေဆိပ်သို့ချီတက်လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြပြီး၊ လေဆိပ်ဝန်းတံခါး ပိတ်ဆို့တားဆီးသည့်အနေရာတွင် ထိုင်သပိတ်ပြုလုပ်ကာ လေဆိပ်ဝန်းအတွင်းမှ CDM ပြုလုပ်နေသူများကို သွားရောက်ဝန်းရံခဲ့ကြသည်။ Red News Agency
Read More
အာဏာသိမ်းစစ်အစိုးရအား ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ဆန္ဒပြ

အာဏာသိမ်းစစ်အစိုးရအား ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ဆန္ဒပြ

RNA – ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက်။ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရဟန်းရှင်လူ ကျောင်းသားပြည်သူများက အာဏာသိမ်း စစ်အစိုးရအား ဆန္ဒပြခဲဲ့ကြသည်။ ပြည်သူ့အစိုးရဆီမှ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက အဓမ္မအာဏာသိမ်းခဲ့သည့်အတွက် ယခုဆိုလျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေကြသည်။ Red News Agency
Read More
အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်းပြည်သူနှင့်တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြု

အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်းပြည်သူနှင့်တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြု

အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်းပြည်သူနှင့်တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြု ရိုက်ကူး-ဒီလှိုင်း မင်းဘူး၊ ဖေဖော်ဝါရီ ၁၀ ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) လွှတ်တော်ကိုယ်စားလှယ်များသည် အမြဲတမ်း ပြည်သူနှင့် တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြုကြောင်း မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ယနေ့ (ဖေဖော်ဝါရီလ ၁၀ ရက်) မင်းဘူးမြို့ စစ်အာဏာသိမ်းအစိုးရကို ဆန္ဒပြနေသည့် ပြည်သူများကို ပြောကြားခဲ့သည်။ Red News Agency
Read More