Author: Editor

  • ကိုယ်ဝန်ဆောင်အမျိူသမီး အပါအဝင် ၅ ဦး စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီး ထီးလင်းမြို့နယ်ထဲမှာ သတ်ပစ် 

    ကိုယ်ဝန်ဆောင်အမျိူသမီး အပါအဝင် ၅ ဦး စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီး ထီးလင်းမြို့နယ်ထဲမှာ သတ်ပစ် 

    NA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    မကွေးတိုင်း ဂန့်ဂေါမြို့နယ် စမိတ်ရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် (၅) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ထီးလင်းမြို့နယ်ထဲမှာ အသတ်ခံထားရကြောင်း သိရသည်။

    in

    ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် (၆).နာရီ ဝန်းကျင်က စမိတ်ရွာကို စစ်ကားများနှင့် စစ်ကောင်စီတပ်သား (၃၀) ဝန်းကျင်ရောက်ရှိလာပြီး ပြည်သူ (၅) ဦးကို ဖမ်းဆီးသွားကြောင်း၊ သတင်းအရ ရှာဖွေရာတွင် ထီးလင်းမြို့နယ် တောမရွာလမ်းခွဲအနီး အာရှပတ်လမ်း မိုင်တိုင်အမှတ် ၇၄/၆နှင့် ၇၄/၇ ကြား တောအတွင်းမှာ ရက်စက်စွာ အသတ်ခံထားရသည့် ရုပ်အလောင်း‌ (၅) ဦးတွေ့ရှိရပြီးဒီဇင်ဘာလ (၁၅) ရက်နေ့က မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း YDFထီးလင်းက ယနေ့ ထုတ်ပြန်ထားသည်။

    Red News Agency

     

  • မြဝတီဘက်က တက်လာသည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်း အဖွဲ့ကို KNLA တိုက်ခိုက် 

    မြဝတီဘက်က တက်လာသည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်း အဖွဲ့ကို KNLA တိုက်ခိုက် 

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် လေးကေ့ကော်ဝန်းကျင်ကို စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့ စစ်ကြောင်းကို ယနေ့ နံနက်က KNU တပ်မဟာ (၆) နယ်မြေအရောက် မဲထော်ကလေး နှင့် ပဲဟိကလော် အနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) နှင့် မဟာမိတ်တချို့က ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

    စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းက လေးကေ့ကော်အနီးကို စတင်ပစ်ခတ်ခြင်းဖြစ်ကာ ဒေသခံ KNU တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများ ထောင်ချီစစ်ဘေးရှောင်နေကြရကြောင်း၊ စစ်ကောင်စီတပ်သည် KNU တပ်မဟာ (၆) နယ်မြေ လေးကေ့ကော် နယ်မြေအတွင်း ခိုလှုံနေသူများကို ဝင်ရောက်ဖမ်းဆီးခြင်း ပြုလုပ်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

    ဒီဇင်ဘာလ ၁၅ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးမှုများရှိပြီး ဒဏ်ရာရရှိသူညများပြားခဲ့ကြောင်း၊ လေးကေ့ကော် ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ် တပ်စွဲထားပြီး နေအိမ်များကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေကြောင်း သိရသည်။

    လေးကေ့ကော်အတွင်း ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများ မြဝတီဘက် ထွက်မရဖြစ်နေသည့်အတွက် စစ်ကူများ လာချိန် လမ်းမှာ ဖြတ်တိုက်ခံနေရခြင်း ဖြစ်သည့်အတွက် ဒဏ်ရာရရှိသူများ ထပ်မံသေဆုံးနိုင်ပြီး၊ ပြီးခဲ့သည့်နေ့ တိုက်ပွဲတွင် ဗိုလ်ကြီးအဆင့်အပါအဝင် သေဆုံးခဲ့ကြရပြီး ဒုတိယဗိုလ်မှူးကြီးအဆင်အပါအဝင် ဒဏ်ရာရရှိသူများရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

    Red News Agency

  • လေးကေ့ကော်က စစ်ပွဲအနိုင်ရရှိရေး ဧရာဝတီတိုင်းက ကရင်လူငယ်များ ဆုတောင်း

    လေးကေ့ကော်က စစ်ပွဲအနိုင်ရရှိရေး ဧရာဝတီတိုင်းက ကရင်လူငယ်များ ဆုတောင်း

    RNA_ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။

    “တရားသောစစ် နိုင်ရမည်၊ ပြည်သူ့ဘက်သား ရဲဘော်များနှင့် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံပါစေ၊အာဏာရူးတွေ ကျဆုံးပါစေ” ဟုဆိုကာ လေးကေ့ကော်၌ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဖြစ်ပွါးနေသော တိုက်ပွဲတွင် တရားသောစစ်ပွဲအောင်နိုင်ဖို့ရန်အတွက် ယနေ့ည ဧရာဝတီတိုင်း ကရင်လူငယ်များက ဆုတောင်းခဲ့ကြကြောင်း သိရသည်။

    Photo: Ayeyarwaddy Karen Youth Seminar

    Red News Agency

  • စစ်ကောင်စီတပ်သားများ သေဆုံး‌၊ အရှင်ဖမ်းခံနေရသည့် လေးကေ့ကော်မှာ တိုက်ပွဲထပ်ဖြစ်

    စစ်ကောင်စီတပ်သားများ သေဆုံး‌၊ အရှင်ဖမ်းခံနေရသည့် လေးကေ့ကော်မှာ တိုက်ပွဲထပ်ဖြစ်

    RNA_ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် (၁၀) မိုင် ဝန်းကျင်က လေးကေ့ကော်နယ်တဝိုက် ယနေ့ နံနက်မှစတင်ကာ ဖြစ်ပွားနေသည့်တိုက်ပွဲများမှာ ယနေ့ ညနေ ညနေ (၆) နာရီဝန်းကျင်မှာ တိုက်ပွဲများထပ်မံ ဖြစ်ပွားနေသည်။

    နံနက်ပိုင်း စစ်ကောင်စီတပ်ဘက်က စတင်ပစ်ခတ်မှု စတင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်( KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)စသည့် မဟာမိတ်တို့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်က တပ်သား အရာရှိအပါအဝင် အနည်းဆုံး (၆) ဦးသေပြီး၊ (၈) ဦးဝန်းကျင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

    ” တိုက်ပွဲက ‌မနက်ကဖြစ်တယ် နေ့လည်ပိုင်းခဏရပ်သွား အခုညနေတခါ ပြန်ချနေတယ်၊ ဖြစ်ကြပြီဆိုတော့ ညတွေလဲ ဖြစ်လာနိုင်တယ်၊ ‌အချိန်ပြည့်သတိနဲ့နေရတယ်၊ စခတွေဘက်က လက်နက်ကြီး ပစ်ကူယူတယ်၊ အခုက နယ်မြေစိုးမိုးရေး အချိန်ပြည့်အသင့်အနေအထားနဲ့ ပစ်လိုက် ရပ်လိုက်ဖြစ်တော့မှာ ညှိလို့ရတဲ့အနေအထားက ကုန်သွားပြီတယ်” ဟု လေးကေ့ကော်အနီးတဝိုက် ရောက်နေသူ တဦးက ပြောသည်။

    စစ်ကောင်စီတပ်အထိနာပြီး ဒဏ်ရာရရှိသူများများကြောင်း၊ စစ်ကူများ ထပ်ရောင်လာနိုင်ကြောင်း၊ လေးကေ့ကော်အပါအဝင် ဖလူး၊ထီးမယ်ဝါးခီး စသည့်ကျေးရွာများက ပြည်သူ ၁၀၀၀ ဝန်းကျင်စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

    Red News Agency

  • လေးကေ့ကော်မှာ စစ်ကောင်စီတပ်တွေ ထင်ရာဝင်လုပ်နေသည့်အတွက် တိုက်ပွဲစဖြစ်

    လေးကေ့ကော်မှာ စစ်ကောင်စီတပ်တွေ ထင်ရာဝင်လုပ်နေသည့်အတွက် တိုက်ပွဲစဖြစ်

    RNA_ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် (၁၀) ဝန်းကျင်က KNU တပ်မဟာ (၆) နယ်မြေ လေးကေ့ကော် စစ်ရှောင်အိမ်ယာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာကြောင့် ယနေ့ တိုက်ပွဲစဖြစ်နေပြီဟု ဒေသခံများထံက သိရသည်။

    “စစ်ကောင်စီတပ်က တောင်ပါ်ကနေ အမြောက်နဲ့စထုတာပေါ့၊ ရွာထဲထုတာ တော့ မဟုတ် သေးဘူး၊ အနီးအနား တောထဲကို လှမ်းပစ်တာပါ့၊ KNLA နဲ့ PDF တွေကလဲ ပြန်ပစ်ကြတယ်ထင်တယ်၊ သေချာတာက တော့ လေး ကေ့ကော်ဝန်းကျင်မှာ ဒီနေ့တိုက်ပွဲစတာပဲ” ဟု လေး‌ကေ့ကော်အနီးအနားက ပြည်သူတဦးက ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်တို့နှင့် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် KNU နယ်မြေအတွင်းမကြာခဏ တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း သိရသည်။

    Red News Agency

  • တိတ်ဆိတ်မှုနဲ့ တော်လှန်နေတဲ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်

    တိတ်ဆိတ်မှုနဲ့ တော်လှန်နေတဲ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်

    အသံတိတ်သပိတ် Silent Strike ကို ယနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့မှာ နိုင်ငံအဝှမ်းက ပြုလုပ်နေတာဖြစ်ပါတယ်၊ ပြည်သူများရဲ့ ဒီမိုကရေစီလိုလားမှုနဲ့ လူ့အခွင့်အရေးဆုံးရှုံးနေမှုတွေကို မီးမောင်းထိုးပြလိုက်တာဖြစ်သလို စစ်အာဏာရှင်ကို ပြည်သူတွေ ရွံရှာမုန်းတီးနေတဲ့အကြောင်း ကမ္ဘာကြီးကို လက်တွေ့ပြ

    ဇင်လင်းနိုင်

    ဒီနေ့ မနက်ပိုင်း ရန်ကုန်မြင်ကွင်းတွေအရဆိုရင်လမ်းပေါ်မှာ လူတွေ၊ကားတွေ စျေးသည်တွေ အတော့်ကို နည်းပါးလွန်းနေပါတယ်။ ဆိုင်အများအပြားပိတ်ထားတာကို တွေ့ရပြီး ပုံမှန်လူစည်ကားရာ ရန်ကုန်မြို့ နေရာတော်တော်များများတိတ်ဆိတ်ခြောက်ကပ်နေတာတွေ့ရပါတယ်။

    ဒီအခြေအနေဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဖိအားပေး ခြိမ်းခြောက်နေတဲ့ ကြားက “ငါတို့မြို့ကို ငါတို့ပိုင်တယ် ငါတို့ငြိမ်ချင် ငြိမ်မယ် ငါတို့ လှုပ်ချင်လှုပ်မယ်” ဆိုပြီး ကားမရှိ၊ လူမရှိ၊ ဈေးသည်မရှိ တရက်တာ Silent Strike သပိတ်မှာ ပါဝင်ပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါတယ်။

    စစ်အာဏာရှင်တော်လှန်ရေး အသံတိတ်သပိတ် Silent Strike ကို ယနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့မှာ နိုင်ငံအဝှမ်းက ပြုလုပ်နေတာဖြစ်ပါတယ်၊ ပြည်သူများရဲ့ ဒီမိုကရေစီလိုလားမှုနဲ့ လူ့အခွင့်အရေးဆုံးရှုံးနေမှုတွေကို မီးမောင်းထိုးပြလိုက်တာဖြစ်သလို စစ်အာဏာရှင်ကို ပြည်သူတွေ ရွံရှာမုန်းတီးနေတဲ့အကြောင်း ကမ္ဘာကြီးကို လက်တွေ့ပြသလိုက်တာ ဖြစ်ပါတယ်။

    (more…)

  • သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခံရသည့် CDM တပ်မတော်သား မောင်လင်းသူရထွန်း

    သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခံရသည့် CDM တပ်မတော်သား မောင်လင်းသူရထွန်း

    RNA_နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    မော်လမြိုင်အခြေစိုက် ရေတပ် အမှတ် (၂) ဗျူဟာ စစ်ယာဉ်စုက ထွက်ပြီး CDM ပြုလုပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် ရောက်ရှိနေသည့် တပ်မတော်သား မောင်လင်းသူရထွန်းဟာ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခံလိုက်ရသည်။ [embedyt] https://www.youtube.com/watch?v=3GTAe9cZ7ws[/embedyt]

    Red News Agency

  • ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့က မူးယစ်ဆေး အသုံးပြုသူများ

    ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့က မူးယစ်ဆေး အသုံးပြုသူများ

    RNA-နိုဝင်ဘာ ၄ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် တရားဥပဒေစိုးမှု နည်းလာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ သဖန်းဆိပ်တွင် မူးယစ်ဆေးသုံးစွဲသူတွေဟာ ပေါ်ပေါ်ထင်ထင် အသုံးပြုနေကြသည်။ ကျောက်မဲမြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲက ဖမ်းဆီးမှုရှိသော်လည်း ခဏတာသာဖြစ်ပြီး မူးယစ်သုံးစွဲသူတွေ အရောင်း အဝယ်ပြုလုပ်သူတွေဟာ ရှိနေတာဖြစ်ပါတယ်၊ ယခု Video ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ရိုက်ကူးထားသည်။

    [embedyt] https://www.youtube.com/watch?v=uP6XNwZJQfs[/embedyt]မူးယစ်ဆေး အရောင်း အဝယ်ပြုလုပ်သူတွေ ကျောက်မဲမြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေသည့်အတွက် လွယ်လွယ်ကူကူ ဝယ်ယူသုံးစွဲနေသည့်အတွက် ဆေးစွဲသူများလာ‌ပြီး ဆေးဖြတ်ချင်သူနည်းပါးနေကြောင်း၊ မိမိဆန္ဒအရ မူးယစ်ဆေး ဖြတ်ချင်သူတွေအနေနှင့် ကျောက်မဲမြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနတွင် အချိန်မရွေးလာရောက်နိုင်ကြောင်း ကျောက်မဲမြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောထားသည်။

    Red News Agency

  • ကလေးမြို့‌တောင်ဘတ် တိုက်ပွဲမှာ ကျသွားသည့် ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပန

    ကလေးမြို့‌တောင်ဘတ် တိုက်ပွဲမှာ ကျသွားသည့် ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပန

    RNA- နိုဝင်ဘာ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကလေးမြို့ တောင်ဘတ် မိုင် ၂၀ ဝန်းကျင်အကွာက နတ်ချောင်း နတ်မြောင်း၊ သာစည်၊ချောင်းခွ စသည့်ရွာအနီးတဝိုက်တွင် နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်သွားရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကလေးတပ်ရင်း(၇)၊ တပ်ခွဲ ( ၁ ) က ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် (အသက်၂၇နှစ်) ကျဆုံးသွားခဲ့သည်။ ပြည်သူ‌တွေအတွက် တိုက်ပွဲမှာ အသက်ပေးခဲ့သည့် သူရဲကောင်း ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပနကို ရဲဘော်ရဲဘက်များ၊ ပြည်သူများက ယနေ့မှာ ပြုလုပ်ခဲ့သည်။[embedyt] https://www.youtube.com/watch?v=dXSOEgeMBW0[/embedyt]Red News Agency

  • အသက် ၆၄ နှစ်အရွယ် ကိုတင်ထွဋ်ပိုင်မိခင် ဖမ်းဆီးခံခဲ့ရတဲ့နေ့က ဘာတွေကြုံတွေခဲ့ရလဲ

    အသက် ၆၄ နှစ်အရွယ် ကိုတင်ထွဋ်ပိုင်မိခင် ဖမ်းဆီးခံခဲ့ရတဲ့နေ့က ဘာတွေကြုံတွေခဲ့ရလဲ

    RNA- အောက်တိုဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။

    မြောက်ဥက္ကလာပနေအိမ်မှာ မေလ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင် မိခင်ဒေါ်မိငယ်ဟာ အောက်တိုဘာလ ၁၈ ရက်နေ့က ပြန်လွတ်လာပြီး ဖမ်းဆီးခံရတဲ့နေ့က အတွေ့အကြုံတွေကို ပြောပြထားတာဖြစ်ပါတယ်။[embedyt] https://www.youtube.com/watch?v=zojFMmqltSc[/embedyt] Red News Agency