Editor

1551 Posts
အသက် ၆၄ နှစ်အရွယ် ကိုတင်ထွဋ်ပိုင်မိခင် ဖမ်းဆီးခံခဲ့ရတဲ့နေ့က ဘာတွေကြုံတွေခဲ့ရလဲ

အသက် ၆၄ နှစ်အရွယ် ကိုတင်ထွဋ်ပိုင်မိခင် ဖမ်းဆီးခံခဲ့ရတဲ့နေ့က ဘာတွေကြုံတွေခဲ့ရလဲ

RNA- အောက်တိုဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ မြောက်ဥက္ကလာပနေအိမ်မှာ မေလ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင် မိခင်ဒေါ်မိငယ်ဟာ အောက်တိုဘာလ ၁၈ ရက်နေ့က ပြန်လွတ်လာပြီး ဖမ်းဆီးခံရတဲ့နေ့က အတွေ့အကြုံတွေကို ပြောပြထားတာဖြစ်ပါတယ်။ Red News Agency
Read More
ဂန့်ဂေါ ကလေး လမ်းမှာ ကျဆုံးခဲ့ရသည့် PDF သူရဲကောင်းတို့၏ ဆရာမတဦး၏ ရင်ဖွင့်သံ

ဂန့်ဂေါ ကလေး လမ်းမှာ ကျဆုံးခဲ့ရသည့် PDF သူရဲကောင်းတို့၏ ဆရာမတဦး၏ ရင်ဖွင့်သံ

ဂန့်ဂေါ- ကလေး လမ်းပိုင်းမှာ စက်တင်ဘာလ ၉ ရက်နေ့က မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး ကျဆုံးခဲ့ရာမှာ ကျဆုံးခဲ့သူတချို့၏ ဆရာမတဦးက ဝမ်းနည်းလွန်းလို့ ငိုစရာ မျက်ရည်တွေ ခန်းနေပြီဆိုပြီး ယနေ့ လူမှုကွန်ယက်မှာ ရေးသားထားသည်။ (more…)
Read More
လက်နက်ကိုင်တိုက်ရာတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်မှုရှိဖို့လိုတယ်

လက်နက်ကိုင်တိုက်ရာတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်မှုရှိဖို့လိုတယ်

RNA- ဩဂုတ် ၂၉ ရက်။ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ရာတွင် စစ်ကိုလိုလားလို့ မဟုတ်ဘဲ ခုခံစစ်နှင့် ဖိနှိပ်မ့ကို လုံးဝလက်မခံနိုင်သည့် မတရားမှုကို တွန်းလန်သည့် တွန်းလှန်စစ်ပုံစံမျိုးသာဖြစ်သည်။ " လက်နက်ကိုင်တိုက်ပြီးတော့ ပြည်သူလူထုက ပူးပေါင်းပါဝင်မှုမရှိရင်လဲ ဘယ်လိုမှမဖြစ်လာနိုင်ပါဘူး။ လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့သလို လက်နက်ကိုင်တိုက်တဲ့ အဖွဲ့တွေအပြင် ပြည်သူလူထုကလည်း ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်ကြတာ။ ဝိုင်းဝန်းလုပ်ဆောင်တယ်ဆိုတာက ရရာလက်နက်နဲ့ အသေခံခိုင်းတာမဟုတ်ပါဘူး။ ပါဝင်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ဆောင်ပြီးတော့ လုပ်ဆောင်တာဖြစ်တယ် " ဟု NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။ စစ်ကောင်စီမှာရှိနေတဲ့ လက်နက်အလွဲသုံးစားလုပ် အာဏာအလွဲသုံးစားလုပ်နေတဲ့ သူတွေနဲ့ တိုက်ပွဲပုံစံတွေ ဖြစ်လာနိုင်သည်။ Red Nes Agency
Read More
မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

ရန်ကုန်၊ ဩဂုတ် ၁၁ ရက်။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဆရာ ဦးဇော်လွင် (ခ) ဦးမင်းဇော်လွင် သည် ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ ဆရာဦးမင်းဇော်လွင်သည် ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကာလက မြောက်ဥက္ကလာပမြို့နယ် GSC တွင် နာယကအဖြစ်ပါဝင်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ် ရှစ်လေးလုံးကျောက်တိုင်ဖြစ်မြောက်ရေးအဖွဲ့တွင်ပါဝင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်သူများရွေးချယ်ထားသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ဆရာဦးမင်းဇော်လွင်သည် ကျောင်းဆရာတဦးဖြစ်ပြီး၊ မြောက်ဥက္ကလာပမြိုကနယ် ဗိုလ်ချုပ်ချစ်သူများအဖွဲ့၊ ကန်သာယာပြည်သူ့ပန်းခြံပြန်လည်ရရှိရေးအဖွဲ့၊…
Read More
“ပြည်သူ့တပ်မတော် KIA ဟာ ဒို့ ပြည်သူရဲ့ သူရဲကောင်းပဲ”

“ပြည်သူ့တပ်မတော် KIA ဟာ ဒို့ ပြည်သူရဲ့ သူရဲကောင်းပဲ”

ဖားကန့်၊ ဩဂုတ် ၁၁ ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စုပြည်သူများက ယနေ့ ( ဩဂုတ်လ ၁၁ ရက်) နံနက်က အာဏာသိမ်းစစ်ကောင်စီအား ချီတက်ဆန္ဒပြကြရာတွင် "ပြည်သူ့တပ်မတော် KIA ဟာ ဒို့ ပြည်သူရဲ့ သူရဲကောင်းပဲ" စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။ Red News Agency
Read More
နောင်မျိုးဆက်တွေ အနာဂတ်လှဖို့ ဒီတိုက်ပွဲကို နိုင်မှဖြစ်မယ်

နောင်မျိုးဆက်တွေ အနာဂတ်လှဖို့ ဒီတိုက်ပွဲကို နိုင်မှဖြစ်မယ်

ဖားကန့်၊ ဇူလိုင် ၃၀ ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းအုပ်စု လူငယ်တချို့က လမ်းပေါ်ထွက်ကာ " နောင်မျိုးဆက်တွေ အနာဂတ်လှဖို့့ဒီတိုက်ပွဲကို နိုင်မှဖြစ်မယ်" ဟုဆိုကာ ယနေ့ ( ဇူလိုင်လ ၃၀ ရက်) ညနေပိုင်းက ကျေးရွာအတွင်းလှည့်လည်ကာ အာဏာသိမ်း စစ်တပ်ကို ဆန္ဒပြခဲ့ကြောင်း သိရသည်။ Red News Agency
Read More
ဒီးမော့ဆို အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေရဲ့ အခြေအနေ

ဒီးမော့ဆို အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေရဲ့ အခြေအနေ

အားလုံးရဲ့ အိမ်မက်ဟာ အိမ်ပြန်ရဖို့ပါပဲ။ ကိုယ်ရှောင်ရှားနေရတဲ့ အန္တရာယ်ကြီးက အိမ်ဘေးမှာ ရှိနေတာကို ဘယ်သူကများ နေရဲမှာလဲ။ အားလုံးက တော့ရွာမှာ မနေရဲပေမယ့် တစ်ချို့ကတော့ ရွေ့ပြောင်းဖို့သယ်ယူ ပို့ဆောင်ဖို့ ခက်ခဲနေတဲ့ စစ်ရှောင်အချို့ကတော့ ရွာထဲမှာ ခေတ္တစောင့်ဆိုင်းရင်း တစ်ခြားဘေးလွှတ်ရာကို ပြောင်းရွေ့ဖို့ လုပ်နေကြရ July Phyo ဒီးမော့ဆို အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေရဲ့ အခြေအနေကို ကျနော် ဆက်သွယ်သိထားရသလောက် ပြောပြချင်ပါတယ်။ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ဇွန်လ ၁၇ ရက်နေ့က စပြီး စစ်ကောင်စီတွေ ကအင်အားအများအပြားနဲ့ ရောက်လာပြီး ထီးဖိုးကလိုး ရွာမှာ တပ်ဆွဲပါတယ်။ အပစ်ရပ်လို့ ရွာပြန်နေကြတဲ့ အရှေ့ဖက်ခြမ်း စစ်ရှောင်တွေက နောက်တစ်ကြိမ် ကပြာကယာ ပဲ တောထဲကို…
Read More
ကုလသမဂ္ဂစစ်မြေပြင်က မြန်မာ့ ဒီဒေး (D-DAY)

ကုလသမဂ္ဂစစ်မြေပြင်က မြန်မာ့ ဒီဒေး (D-DAY)

ကုလသမဂ္ဂစစ်မြေပြင်မှာ စက်တင်ဘာလဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ D-day ဖြစ်ပါတယ်။ အဲဒီ ကုလ သမဂ္ဂစစ်မြေပြင်မှာ ကျနော်တို့ဘက်က အနိုင်ရဖို့ လိုပါတယ်။ ကျနော်တို့ နိုင်မှဖြစ်မှာပါ။ အောင်ဒင် (ဇူလိုင် ၁၊ ၂၀၂၁) (၁) မြန်မာပြည်သူတွေ မျှော်နေကြတဲ့ D-day ဇွန်လ ၂၉ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတစ်ပါးက “မကြာမီမှာ D-day ရောက်ရှိလာမည်ဖြစ်ပါသည်” ဆိုပြီး သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ဖက်ဆစ်စစ်တပ်ကြီးက ရွေးကောက်ခံပြည်သူ့အစိုးရလက်ထဲကနေ နိုင်ငံတော်အာဏာကို အဓမ္မလုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ၅ လလောက်အကြာမှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဖြစ်လို့…
Read More
ကုလသမဂ္ဂစစ်မြေပြင်ပေါ်က မြန်မာ့အရေး

ကုလသမဂ္ဂစစ်မြေပြင်ပေါ်က မြန်မာ့အရေး

သူတို့ကိုယ် သူတို့ အမည်ပေးထားတဲ့ “နိုင်ငံတော် စီမံခန့်ခွဲမှုကောင်စီ/ နစက” ဆိုတဲ့ အမည်ကိုတောင် မသုံးပါ။ မြန်မာလက်နက်ကိုင်တပ်ဖွဲ့များ/ မြန်မာ့တပ်မတော် (Myanmar Armed Forces) လို့ပဲ သုံးစွဲပါတယ်။ ဒါကိုက ဒီ ဖက်ဆစ်စစ်တပ်ကြီးကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ကမ္ဘာ့ နိုင်ငံများက အသိအမှတ်မပြုတာ သေချာပါတယ်။ အောင်ဒင် (ဇွန် ၁၈၊ ၂၀၂၁ ခုနှစ်) ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများက ဖက်ဆစ်စစ်အုပ်စုကို ငြင်းပယ်ခြင်း။ ဒီလပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို လက်နက်အားကိုးနဲ့ အကြမ်းဖက်အုပ်ချုပ်နေတဲ့ ဖက်ဆစ်တပ်မတော်အတွက် ကုလသမဂ္ဂစစ်မြေပြင်မှာ သိသာထင်ရှားတဲ့ အရှုံးတွေ ဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ မေလ ၂၆ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization/ WHO)…
Read More
တိုင်းပြည်ကိုချောက်ထဲဆွဲချနေသော လက်ယာအစွန်းရောက်ဝါဒီများ

တိုင်းပြည်ကိုချောက်ထဲဆွဲချနေသော လက်ယာအစွန်းရောက်ဝါဒီများ

“အမျိုးသားရေးဝါဒ” (Nationalism) နဲ့ပတ် သက်လို့လည်း နည်းနည်းလောက် ဆွေးနွေးတင်ပြပါရစေ။ အမျိုးသားရေးဝါဒဆိုတာ သူ့ဟာသူ ရှိနေတယ်၊ အစွန်းမရောက်ဘူးဆိုရင် အင်မတန် ကောင်းပါတယ်၊ အပြစ်မဟုတ်ဘူးလို့ မြင်ပါတယ်။ ကိုယ့်အမျိုးကိုယ့်ချစ်တာ ကောင်းတာပေါ့ဗျာ။ ဒါပေသိ ကိုယ့်အမျိုးကိုယ်ချစ်ဖို့အရေးမှာ သူများတစ်ပါးရဲ့ အမျိုးဘာသာတွေကို မုန်းစရာ မလို၊ ရန်လိုဖို့ မလိုဘူးလေဗျ တေဇာဆန်း ဒီနိုင်ငံမှာ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုရဲ့ သမိုင်းအစဉ်အဆက် စွဲကိုင်လာတဲ့ နိုင်ငံရေး ကျောထောက် နောက်ခံ အယူဝါဒဟာ ဝါဒကြီး (၃) ရပ်ကို အခြေခံပြီး အဲ့ဒီဝါဒတွေကို သူတို့ လိုရာဆွဲ ပုံဖော်၊ လိုသလို ပုံဖျက်၊ နားလည်၊ ရောပြွန်းထားရာကနေ ဆင်းသက်တယ်လို့ ပညာရှင်အချို့က သုံးသပ်ကြတယ်။ အဲ့ဒါတွေကတော့- ၁။…
Read More