စစ်ဘေးရှောင်

ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၆) နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် တစ်ဦးအပါအဝင် (၃) ဦးသေဆုံးပြီး (၁၄) ဦးဒဏ်ရာရ

ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၆) နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် တစ်ဦးအပါအဝင် (၃) ဦးသေဆုံးပြီး (၁၄) ဦးဒဏ်ရာရ

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ခုနှစ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ညောင်ရွှေမြို့နယ်၊ ရေပူဘုရားတောင်ကျေးရွာအုပ်စု၊ ရေပူးကျေးရွာမှ စစ်ဘေးရှောင်များနေထိုင်ရာ နေရာသို့ ပအိုဝ်းပြည်သူ့စစ် (PNA)တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ (၁၇) ရက်နေ့ နေ့လယ် (၁) နာရီ (၂၀) မိနစ်ခန့်က လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၆) နှစ်အရွယ် နန်းအေးမြင့်သန်းအပါအဝင် (၃) ဦးသေဆုံးပြီး (၁၄) ဦးအပြင်းအထန် ဒဏ်ရာရရှိသည်ဟု အင်းလေးလူထုလှုပ်ရှားမှုထံမှ သိရသည်။ အသက် (၆) နှစ်အရွယ် အေးဖြင့်သန်းသည် ဦးခေါင်း လက်နက်ကြီးထိမှန်ကာ နေရာတွင် သေဆုံးပြီး၊ ခွန်သိန်းအောင် (အသက်-၂၈ နှစ်)၊ ဦးစိုင်း (အသက် - ၅၅ နှစ်) တို့ ထပ်မံသေဆုံးကာ ၁၄ ဦး…
Read More
လက်နက်ကြီး၊ လေကြောင်းအန္တရာယ်နှင့် မြေမြှုပ်မိုင်း အန္တရာယ်ကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုပြုလုပ်

လက်နက်ကြီး၊ လေကြောင်းအန္တရာယ်နှင့် မြေမြှုပ်မိုင်း အန္တရာယ်ကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုပြုလုပ်

RNA_စက်တင်ဘာ(၉)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီသည် တိုက်ပွဲဖြင်ပွားရာ ဒေသများအတွင်း စစ်ဘေးရှောင်များနှင့် အရပ်သားပြည်သူများရှိသည့်နေရာများကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် မြေမြှပ်မိုင်းထောင်ထားမှုများကြောင့် လူဝီဇာဖောင်ဒေးရှင်း အဖွဲ့ဝင်များက လက်နက်ကြီး၊ လေကြောင်းအန္တရာယ်နှင့် မြေမြှုပ်မိုင်း အန္တရာယ် ကာကွယ်ရေးအသိပညာပေး လှုပ်ရှားမှုပြုလုပ်နေကြောင်း သိရသည်။ (more…)
Read More
အညာဒေသအတွင်းမှာ ကြိုးစားရုန်းကန်နေသော အမျိုးသမီးများ

အညာဒေသအတွင်းမှာ ကြိုးစားရုန်းကန်နေသော အမျိုးသမီးများ

RNA_စက်တင်ဘာ(၁)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီ၏ ရက်စက်မှုအပေါင်း ခံနေရသော အညာဒေသအတွင်းရှိ အမျိုးသမီးများမှာ ယခင်ထက်သန်မာပြီး ကြိုးစားရုန်းနေရသော အခြေအနေများ၊ ဒေသတွင်း ဖြစ်ပျက်နေသော အခြေအနေများနှင့်ပတ်သက်ပြီး 96 Soldiers PDF - အညာတပ်ခွဲရဲ့ ဘဏ္ဍာရေးတာဝန်ခံ ရဲဘော် Phoo က ပြောပြထားသည်။ Red News Agency
Read More
အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ   ခေတ်ငြိမ်းအေး   "စစ်ကြောင်းက အရှေ့ကလာရင် အနောက်ကိုပြေးပြီး အနောက်ကလာရင် အရှေ့ကိုပြေးကြရတာပဲ ဖြစ်ပါတယ်။ စစ်ဘေးဒဏ်ကို ကိုယ်တိုင်ခံစားနေကြရတာမို့ ဆင်းရဲငတ်မွတ်နေကြသော်လည်း စစ်ဘေးရှောင်တွေကိုတော့ ဧည့်ဝတ်ကျေနိုင်အောင် ရှိထမင်း ရှိဟင်းနဲ့ ကြိုးစားဧည့်ခံနေကြတဲ့ အညာက စေတနာတွေကို ​မျက်လုံးနဲ့မြင်ရ၊ နှလုံးသားနဲ့ ခံစားသိရှိရပါတယ်။ ဒါ့ကြောင့်လဲ အညာက အညာဖြစ်နေတာပေါ့"   #RedNewsAgency
Read More
အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

"ကျွန်မအရီးဆိုရင်ခြုံထဲတိုးလိုက် ပြေးလိုက်နဲ့ အတွင်းခံလက်ကြိုး ပါမလာတာကို ဘေးကင်းရာရောက်မှ သတိထားမိတော့တယ်။ တကယ်ပြေးနေရတာဆိုတော့ အတွင်းခံကြိုးရှိမရှိလည်း သတိမထားမိကြတော့ပါဘူး။ လေယာဥ်အသံငြိမ်တော့ ကျွန်မတို့နေရာနဲ့ တော်တော်ဝေးတဲ့ရွာကို ပြောင်းနေကြတယ်။ အဲ့ဒီရွာကိုရောက်လို့ အဖေ့ကိုရေချိုးခိုင်းတော့ အဖေက ပစ္စည်းထည့်ယူလာတယ်သာပြောတယ် အိင်္ကျီမပါဘဲ ပုဆိုးတွေပဲယူလာခဲ့တာမို့ ကျွန်မတို့မှာ ငိုရခက် ရယ်ရခက်ပါပဲ" ခေတ်ငြိမ်းအေး အညာလို့ပြောလိုက်ရင် တောင်ဆင်းတောင်တက်တွေနည်းပြီး ကွင်းပြင်ကြီးတွေ တမျှော်တခေါ်ရှိတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးက လယ်ကွင်းစိမ်းစိမ်းထဲဒေသကို မြင်ကြလိမ့်မယ်။ အညာဟာ မိုးခေါင်ရေရှားလို့ ပြောကြပေမယ့် ရာသီဥတုကို အံ့တုပြီး ဆန်၊ရေ၊စပါး ပေါများအောင် ကြိုးစားတတ်ကြတဲ့ စိတ်ဓာတ်မာကြောသူတွေ ရှိတဲ့အရပ်တခုလည်းဖြစ်တယ်။ ဒီလိုပဲ  အညာသူ အညာသားဆိုတာ အစောကတည်းကမှ မာရေကျောရေနဲ့ လက်ကြောတင်းကြသလို စိတ်ဓာတ်ဆိုတာလည်း တော်တော်လေး…
Read More
အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် (၅) သိန်းကျော်တွင် (၈၀) ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်

အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် (၅) သိန်းကျော်တွင် (၈၀) ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်

RNA_မေ(၂၄)၊၂၀၂၄ ခုနှစ်။ တိုက်ပွဲအတွင်းမှ ဒေသခံပြည်သူများ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးနှင့် တိုက်ပွဲအတွင်း ကြားညပ်မသွားစေရေးအတွက် အာရက္ခတပ်တော် - AAအလုံးစုံထိန်းချုပ်ထားသောနယ်မြေအတွင်း စစ်ဘေးရှောင် ရောက်လာသူ (၅) သိန်းကျော်ရှိရာတွင် မူဆလင် (၈၀) ရာခိုင်နှုန်းနှင့် ရခိုင်နှင့် အခြားလူမျိုရစုမှာ (၂၀) ရာခိုင်နှုန်းရှိကြောင်း AAက ယနေ့ ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်းမှ စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ဆား ဆေးဝါးအပါအဝင် အခြေခံ အစားအစာများဖြင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားသော်လည်း နောက်လာမည့် ကာလများတွင် နေ့စဉ်သုံး အခြေခံအစားအစာများအပြင် ကလေးနှင့်အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ မိုးတွင်းကာလအတွက် အမိုးအကာ အိမ်သာများ အရေးတကြီး လိုအပ်လာမည်ဖြစ်သည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့အစည်းများ၊ NGO…
Read More
အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

RNA_ဧပြီ(၂၁)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံများနှင့် KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းမှစပြီး အပစ်ရပ်နေသော်လည်း မြဝတီဘက်ခြမ်းရှိ စစ်ဘေးရှေင်များမှာ အကူအညီလိုအပ်နေကြောင်း သိရသည်။ "အခုမနက် မဲဆောက်ရောက်နေတဲ့ စစ်ဘေးရှောင်တွေသွားလှူကြတာ တော်တော်များတယ်။ မြဝတီဘက်ခြမ်းက သူတွေအတွက် ၁၂ ဂိတ်ဘက်မှာပေါ့ သူတို့ ထမင်းထုပ်တောင် နေ့လည်စာ မလောက်ဘူး ညစာတော့ ဘယ်လို လုပ်မလဲမသိဘူး။ ကမ်းနားဘက်မှာ ကပ်နေကြရတာတွေ့တယ်” ဟု စစ်ဘေးရှောင်များကို သွားလှူသူတဦးက ပြောသည်။ မြဝတီအပစ်ရပ်နေပြီဖြစ်သည့်အတွက် မဲဆောက်ဘက်ခြမ်းရောက် ထိုင်းအစိုးရမှလက်ခံထားသူများ ပြန်လွှတ်နေပြီဟု ကြားသိရသော်လည်း ယနေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင်များထံ သတင်းသွားယူခွင့်ကို ထိုင်းစစ်တပ်လက်အောက်ခံများက သွားခွင့်မပြုကြောင်း၊ တံတား (၂) ဘက်တွင်လည်း ထိုင်းစစ်တပ်က လုံခြုံရေးတင်းကြပ်ထားသည်။…
Read More
သောကတောင်ကြား

သောကတောင်ကြား

“ပညာသင်လက်စအရွယ်ကလေးတွေအတော်များများဟာ တောတောင်ထဲမှာ စာဆက်မသင်ကြားရဘဲ တနေကုန် ဆော့ကစားရင်းသာ အချိန်ကုန်နေကြရပါတယ်။ လေယာဥ်ပျံအသံကြားရင် စခန်းထဲပြေးဝင်ပုန်းနေလေ့ရှိတဲ့ စိတ်ဒဏ်ရာရသွားရှာသူ ကလေးငယ်လေးတွေလည်း အများအပြားတွေ့ခဲ့ရပါတယ်” *********************** မြူတွေဖုံးလွှမ်းနေတဲ့ တောင်တန်းတွေကြားမှာ ရေစီးသံတိုးတိုးလေး ဖြတ်သန်းစီးဆင်းနေတဲ့ တောင်ကျချောင်းကလေးတွေ ရှိပါတယ်။ တောင်ကျချောင်းကလေးတခုကတော့ အဆင်ပြေသလို ဆောက်လုပ်ထားရတဲ့ ယာယီစစ်ဘေးရှောင်စခန်းလေးတခုကို ပတ်ခွေရစ်ပတ်လို့ စီးဆင်းသွားပါတော့တယ်။ တမြို့လုံး ကြေမွပျက်ဆီး မီးလောင်သွားရတဲ့ မိုးမိတ်မြို့ထဲကနေ မသေကောင်းမပျောက်ကောင်း ထွက်ပြေးလွတ်မြောက်လာတဲ့ မိသားစု (၅၀) နီးပါးဟာ ဒီယာယီစစ်ရှောင်စခန်းလေးထဲမှာ အဆင်မပြေမှုတွေကို ကြံ့ကြံ့ခံရင်း ဖြတ်သန်းနေကြတာ တစ်လပြည့်သွားခဲ့ပါပြီ။ စခန်းမှာ လူဦးရေ (၁၈၂)ယောက် နေထိုင်ပြီး ကလေးငယ် (၇၀) ကျော်လည်း ပါဝင်ကြပါတယ်။ ဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်လောင်း (၃)ဦးက မွေးဖို့ဖွားဖို့…
Read More
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင်ဇနီးမောင်နှံ သေဆုံးပြီး ၇ ဦးဒဏ်ရာရ

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင်ဇနီးမောင်နှံ သေဆုံးပြီး ၇ ဦးဒဏ်ရာရ

RNA_စက်တင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး မြင်သားရွာအတွင်း ကျရောက်ပေါက်ကွဲကာ စစ်ဘေးရှောင် ဇနီးမောင်နှံတို့ သေဆုံးခဲ့ရပြီး ဒေသခံ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြောက်ခင်ရန်းကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ၁၂၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ သေဆုံးခဲ့သည့် ဇနီးမောင်နှံမှာ တောင်ခင်ရမ်းကျေးရွာမှ စစ်ဘေးရှောင်ရန် ရောက်ရှိနေသူများဖြစ်ကြောင်း ‌သိရသည်။ (more…)
Read More
မဲဆောက်မြို့က ” ထမင်းတနပ် ၁၅ ဘတ်”

မဲဆောက်မြို့က ” ထမင်းတနပ် ၁၅ ဘတ်”

RNA_ဩဂုတ်(၂၁)၊၂၀၂၃ ခုနှစ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာစစ်အာဏာရှင်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူများနှင့် အလုပ်သမားများအတွက် ရည်ရွယ်ပြီး ထမင်းတနပ် ၁၅ ဘတ်ဖြင့် အလှူပြုလုပ် ရောင်းချနေသည်ဟု ကိုမင်းသွေးသစ်က ပြောသည်။ တပတ်ကို ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ထမင်းတနပ် ၁၅ ဘတ် Facebook Page = https://www.facebook.com/profile.php?id=100095368187674 တွင် မှာယူနိုင်ကြောင်း၊ အလှူရှင်တို့ရှိပါက ထမင်းတနပ် ၁၅ ဘတ်ကို မတက်နိုင်ပါက အိမ်အရောက် လာရောက်လှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။ Red News Agency
Read More