Tag: စစ်ဘေးရှောင်

  • တိုက်လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်သည့်အတွက် စစ်ဘေးရှောင်များ လိုဏ်ခေါင်းများတွင် နေထိုင်ရ

    တိုက်လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်သည့်အတွက် စစ်ဘေးရှောင်များ လိုဏ်ခေါင်းများတွင် နေထိုင်ရ

    RNA_ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။

    တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည် ( ကယား) တွင် စစ်ဘေးရှောင်ပြည်သူများကို ဦးတည်ပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုများ ပြုလုပ်ခဲ့သည့်အတွက် စစ်ဘေးရှောင်ပြည်သူများ မြေပြင်နှင့်တောထဲတွင် နေမရသည့်အတွက် လိုဏ်ခေါင်းများတွင် နေထိုင်ကြရကြောင်း ဒေသခံထံမှသိရသည်။

    Photo : Ye Naing 

     

    ” စစ်ရှောင်တွေဟာစစ်ရှောင်စခန်းမှာမနေရဲတော့ဘဲ လေယာဉ်နဲ့​ဗုံးလာထပ်ကြဲမှာ စိုးရိမ်ရလို့နေ့ခင်းဘက်တောင် အပြင်မှာ မနေရဲဘဲ အရမ်းအေးတဲ့ဂူတွေထဲမှာ ရွေ့ပြောင်းနေကြရပါတယ်။ ဒီလိုသာ ရက်ကြာရှည်နေနေရရင် အထူးသဖြင့် အမျိုးသမီးတွေ (ကိုယ်ဝန်ဆောင် နို့တိုက်မိခင်အပါအဝင်) သက်ကြီးရွယ်အိုနဲ့ ကလေး သူငယ်တွေဟာ အကြီးအကျယ် ဒုက္ခရောက်ဖွယ်ရာ ရှိနေပါတယ်” ဟု ကိုရဲနောင်က ပြောပြထားသည်။

    Photo : Ye Naing 

     

    ရာသီဥတုက အေးနေသည့်အခါ လိုဏ်ခေါင်းများအတွင်း နေထိုင်ရသည့် စစ်ဘေးရှောင် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမျိုးများ ကျန်းမာရေးဆိုးရွားလာနိုင်ကြောင်း၊ ယနေ့အချိန်ထိ စစ်ဘေးရှောင်ပြည်သူ ကရင်နီပြည်မှာ တစ်သိန်းကျော် ရှိကြောင်း ဒေသခံများထံက သိရသည်။

    Photo : Ye Naing 

    ဇန်နဝါရီလ ၁၆ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်း နန်းမယ်ခုံ နှင့် ဖရူဆိုမြို့နယ် အနောက်ခြမ်း ရခီးဘူး စစ်ဘေးရှောင် စခန်းတို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တဦးအပါအဝင် စစ်ဘေးရှောင် ၃ ဦးနှင့် ဆေးဝန်ထမ်း (ပရဟိတသမား) ၃ ဦး သေဆုံးခဲ့ရသည်။

    အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို သပ်ညှာခြင်းမရှိ ‌တိုက်လေယာဉ်များအသုံးပြု စစ်ရေးအရှိန်တိုးမြှင့်လာသည့်အတွက် လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်း တူးထားရန် အချက်ပါအဝင် ဆောင်ရန် ရှောင်ရန်များကို ဇန်နဝါရီလ ၁၇ ရက်နေ့က ကရင်နီပြည်အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနက လုံခြုံရေးဆိုင်ရာ အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားသည်။

    Red News Agency

  • ညပိုင်းက လေကြောင်းဖြင့် တိုက်ခိုက်ခံရသည့်အတွက် (၈) နှစ်အရွယ် ကလေးငယ်အပါအဝင် (၃) ဦးသေဆုံး

    ညပိုင်းက လေကြောင်းဖြင့် တိုက်ခိုက်ခံရသည့်အတွက် (၈) နှစ်အရွယ် ကလေးငယ်အပါအဝင် (၃) ဦးသေဆုံး

    RNA_ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။

    ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာအုပ်စု၊ ရီခီးဘူးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ပြီးခဲ့သည့်ည (၁) နာရီ (၄၀) မိနစ် ( ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၁ နာရီ ၄၀ မိနစ်) ဝန်းကျင်က စစ်ဘေးရှောင်များ ရှိသည့်နေရာ စစ်ကောင်စီတပ် လေယာဥ်ဖြင့် ဗုံးကြဲပစ်ခတ်သည့်အတွက် (၈) နှစ်အရွယ်ကလေးငယ် အပါအဝင် (၃) ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

    ရီခီးဘူးကျေးရွာတွင် လာရောက်စစ်ဘေးရှောင်သူ အများအပြားရှိခဲ့ပြီး ဗုံးကြဲပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် အမျိုးသမီးကလေးသူငယ် အသက်(၈)နှစ်၊ အမျိုးသမီးအသက်(၁၈)နှစ်၊ အမျိုးသားအသက် (၇၅)နှစ်တို့ သေဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူလူထုကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စစ်ဘေးရှောင်ပြည်သူလူထုအပေါ် ဗုံးကြဲပစ်ခတ်ခြင်း၊ ရပ်ကွက်ကျေးရွာနေပြည်သူလူထုအပေါ် ရည်ရွယ် ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်ခြင်းများ တစ်နေ့တစ်ခြားပြုလုပ်လာနေသည်ကို တွေ့ရှိရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) က ယနေ့ နံနက်တွင် ထုတ်ပြန်ထားသည်။

    Red News Agency

  • လေးကေ့ကော် တိုက်ပွဲ (၂) ရက်အတွင်း စစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိနေ

    လေးကေ့ကော် တိုက်ပွဲ (၂) ရက်အတွင်း စစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိနေ

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ်က စဖွင့်လိုက်သည့် တိုက်ပွဲများကြောင့် ၂ ရက်အတွင်း လေးကေ့ကော်၊ မယ့်ထော်သလေး စသည့်ကျေးရွာများက စစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိနေပြီး ထိုင်းနိုင်ငံအတွင်း ၁၅၀၀ ကျော်ယနေ့ ရောက်ရှိသွားကြောင်း သိရသည်။

    ‌မြဝတီမြို့တောင်ဘတ် (၁၀) ဝန်းကျင်က KNU တပ်မဟာ (၆) နယ်မြေ လေးကေ့ကော်မြို့သစ်က ရပ်ကွက်အတွင်းစစ်ကောင်စီတပ်များ အင်အားအလုံးအရင်ဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့နံနက်စောစော ဝင်ရောက်ရှာဖွေခြင်း၊ KNU ထံ ခိုလှုံသူတချို့ကို ဖမ်းဆီးခြင်း စသည်တို့ကို လုပ်ခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်က စတင်ကာ လက်နက်ကြီးပစ်ပြီး စစ်ပွဲကို စတင်ခဲ့ကြောင်း သိရသည်။

    (more…)

  • ဒီးမော့ဆို အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေရဲ့ အခြေအနေ

    ဒီးမော့ဆို အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေရဲ့ အခြေအနေ

    အားလုံးရဲ့ အိမ်မက်ဟာ အိမ်ပြန်ရဖို့ပါပဲ။ ကိုယ်ရှောင်ရှားနေရတဲ့ အန္တရာယ်ကြီးက အိမ်ဘေးမှာ ရှိနေတာကို ဘယ်သူကများ နေရဲမှာလဲ။ အားလုံးက တော့ရွာမှာ မနေရဲပေမယ့် တစ်ချို့ကတော့ ရွေ့ပြောင်းဖို့သယ်ယူ ပို့ဆောင်ဖို့ ခက်ခဲနေတဲ့ စစ်ရှောင်အချို့ကတော့ ရွာထဲမှာ ခေတ္တစောင့်ဆိုင်းရင်း တစ်ခြားဘေးလွှတ်ရာကို ပြောင်းရွေ့ဖို့ လုပ်နေကြရ

    July Phyo

    ဒီးမော့ဆို အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေရဲ့ အခြေအနေကို ကျနော် ဆက်သွယ်သိထားရသလောက် ပြောပြချင်ပါတယ်။ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ဇွန်လ ၁၇ ရက်နေ့က စပြီး စစ်ကောင်စီတွေ ကအင်အားအများအပြားနဲ့ ရောက်လာပြီး ထီးဖိုးကလိုး ရွာမှာ တပ်ဆွဲပါတယ်။ အပစ်ရပ်လို့ ရွာပြန်နေကြတဲ့ အရှေ့ဖက်ခြမ်း စစ်ရှောင်တွေက နောက်တစ်ကြိမ် ကပြာကယာ ပဲ တောထဲကို ပြန်ထွက်ပြေးခဲ့ကြရပါတယ်။

    ဇွန်လ ၁၉ ရက်နေ့မှာ ရွာထဲကို ပက်မွှေပြီး အိမ်တွေထဲ ဝင်မွှေပါတယ်။ ပစ္စည်းတွေ ယူသွားပါတယ်။ တစ်ချို့ ကွန်ပျူတာ အချို့တောင်ပါသွားပါတယ်။ ရွာမှာ ကျန်ခဲ့တဲ့ တိရိစ္ဆာန် အချို့ကလည်း သူတို့ ဟင်းအိုးထဲရောက်နိုင်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာပဲ ထီးဖိုးကလိုး ရွာ အနီးဝန်ကျင်မှာ ရှိတဲ့ စစ်ရှောင်စခန်းဆီကို စစ်ကောင်စီ တပ်တွေ ရောက်လာပြီး စစ်ရှောင်တွေအတွက် ဆေးကုသမှု ပေးတဲ့ အထိုင်ဆေးခန်းကို ဝင်ပြီး တပ်ဆွဲလိုက်ပါတယ်။ အထိုင်ဆေးခန်းကို ရွာထဲမှာ လုပ်ထားချင်ပေမယ့် စစ်ကောင်စီ တပ်တွေရဲ့ အန္တရာယ် ကိုကြောက်လို့ တောထဲမှာ လာဖွင့်ထားခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီမှာ စစ်တပ်ဟာ နေရာဝင်ယူလိုက်ပြီး စစ်ရှောင်အချို့ကို ရေခပ်ခိုင်းတာ ထမင်းချက်ခိုင်းတာတွေ ခိုင်းပါတယ်။ စစ်ရှောင်တွေ ကို ရွာပြန်ခိုင်းပါတယ်။

    Photo: CJ

    (more…)