Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • TNLAနှင့် မန္တလေး PDF ပူးပေါင်းစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ၈၀ ဦး ကျဆုံး

    TNLAနှင့် မန္တလေး PDF ပူးပေါင်းစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ၈၀ ဦး ကျဆုံး

    RNA_စက်တင်ဘာ(၁၂)၊၂၀၂၃ ခုနှစ်။

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ပူးပေါင်းကာ ဇူလိုင်လမှ စတင်သည့် “ကနောင် စစ်ဆင်ရေး” တွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး (၂) ဦးအပါအဝင် ၈၀ ဦးကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

    (more…)

  • ပြည်သူ့ခုခံတော်လှန်စစ် ၂ နှစ်အတွင်း ခံစစ်ပြင်လာရတဲ့ စစ်ကောင်စီ

    ပြည်သူ့ခုခံတော်လှန်စစ် ၂ နှစ်အတွင်း ခံစစ်ပြင်လာရတဲ့ စစ်ကောင်စီ

    “လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်အတွင်း စစ်ကောင်စီဟာသူတို့ကိုယ်တိုင် လမ်းတွေဖျက်တာအပြင်၊ စခန်းမကျအောင် အခိုင်အမာတည်ဆောက်နေရတဲ့အနေအထားပဲဖြစ်တယ်။ယခု နွေဦးတော်လှန်ရေးဟာ ပြည်သူတရပ်လုံးအပြင်၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ၊ အခြားသော အင်အားစုတွေကလည်း တော်လှန်ရေးမှာ စုစည်းပါဝင် ဆောင်ရွက်နေကြတယ်”

    မောင်ဝိ

    ၂၀၂၁ ခုနှစ် အာဏာစသိမ်းပြီဆို ကတည်းက လက်နက်အားကိုးအာဏာလုတဲ့စစ်တပ်က တပ်တွေထဲမှာ အရံအတားတွေ စပြီး လုပ်လာကြတယ်။ လူနဲ့ လက်နက်အင်အားအသုံးပြုပြီး လုံခြုံရေးတွေ ပိုချလာသလို၊ တပ်ပတ်ဝန်းကျင်မှာ ပြင်ပကနေ ခိုးဝင်မှာစိုးလို့ ခြံစည်းရိုးအစပ်နားတွေကို ဇီးဆူးတွေ၊ သံဆူးကြိုးတွေ အခိုင်အမာလုပ်လာကြတယ်။ အာဏာသိမ်းခါစဆိုပေမယ့် နောက်ဆက်တွဲကြုံလာရမယ့် ကိစ္စတွေကို စစ်တပ်ကလည်းသိပုံပေါ်ပါတယ်။

    အခုလက်ရှိ ၂၀၂၃ ကာလမှာ စစ်တပ်က တပ်ပတ်ဝန်းကျင်တွေကို တူးမြောင်းတွေ၊ ကတုတ်ကျင်းတွေကိုပေါ်ပေါ်ထင်ထင်ပဲ ထပ်လုပ်ကြတယ်။အသိသာဆုံးဥပမာပေးရရင် ၂၀၂၃ ခုနှစ်၊ မေလ ထဲမှာပဲ၊ ကရင်ပြည်နယ် ကော့ကရိတ်ကနေ ကြာအင်းဆိပ်ကြီးကို ဆက်သွယ်တဲ့ ကမိုင်ကုန်းနဲ့ တောင်ကြာအင်း လမ်းမကြီးနှစ်ခုကို စစ်ကောင်စီတပ်က ဖျက်ဆီးပစ်လိုက်တယ်။ နောက်ထပ်လည်း ဩဂုတ် ၉ ရက်မှာ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာ အနောက်ဘက် ကျစ်ပြင်ရွာကိုသွားတဲ့ လမ်းနဲ့ ကုန်းရွာ မြောက်ဘက် ငါးချဉ်ချောင်းရွာကိုသွားတဲ့ လမ်းတွေကို စစ်တပ်က လာရောက်ဖျက်ဆီးသွားတယ်လို့ သိရတယ်။

    ဆက်လက်ပြီးစက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ ကင်မွန်းခြုံ ရွာထိပ်က ဖြူး-ဘန်းလောင် လမ်းပိုင်းကို ဖြူးမြို့ပေါ်မှ စစ်သားများနဲ့ ရဲများက ဘူဒိုဇာဖြင့် လာရောက်ဖျက်ဆီးသွားခဲ့ပြီး၊အဲ့ဒီလမ်းပိုင်းဟာ ဖြူးမြို့နဲ့ ၂ မိုင်ခန့်ပဲကွာဝေးပါတယ်။ ဒီလိုလုပ်ရခြင်းကလည်း ဖြူးမြို့ပေါ်က စစ်တပ်စခန်းတွေလာရောက်တိုက်ခိုက်ခံရမှာစိုးတဲ့အတွက်ကြောင့်လို့ သိရတယ်။

    (more…)

  • ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုဖခင် ဖမ်းဆီးခံရ

    ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုဖခင် ဖမ်းဆီးခံရ

    RNA_စက်တင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။

    ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုဖခင် ဦးကျော်အေးကို တာမွေမြို့နယ်ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံများက ယမန်နေ့ (စက်တင်ဘာလ (၁၀) ရက်နေ့ နံနက်က နေအိမ်ကို လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

    “ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုရဲ့အဖေပါ ယနေ့အချိန်အထိ အကြမ်းအားပေး သွေးထိုးလှုံ့ဆော်လျက်ရှိ” ဆိုပြီး စစ်ကောင်စီလော်ဘီ ဟန်ငြိမ်းဦးတယ်လီဂရန်မှ လိပ်စာနှင့်တကွ တင်ပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့က နေအိမ်မှနေပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရကြောင်း၊ ပုဒ်မတပ်ကာ တရားစွဲဆိုထားပြီဖြစ်ကြောင်း သိရသည်။

    ကိုကျော်ကိုကို၏ ဖခင်သည် နိုင်ငံရေးနှင့် မသက်ဆိုင်ဟုဆိုကာ နေအိမ်တွင်ပင် နေထိုင်ကြောင်း၊ သားဖြစ်သူ ကိုကျော်ကိုကိုသည် ဗသက ဥက္ကဋ္ဌဟောင်းတဦးဖြစ်ပြီး၊ ယနေ့အချိန်တွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တဦးဖြစ်ကြောင်း၊ အာဏာသိမ်းပြီးချိန်မှစပြီး သားဖြစ်သူနှင့် မိသားစုမှာ အဆက်သွယ်မရှိကြောင်း သိရသည်။

    #RedNewsAgency

  • စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော

    စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော

    စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးနှင့် ပြည်သူကို ကာကွယ်နိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော

    RNA_စက်တင်ဘာ(၉)၊၂၀၂၃ ခုနှစ်။

    တော်လှန်ရေးအလွန်ကာလ ပြန်လည်ထူထောင်ရေးကာလမှာ ဖြစ်ပေါ်လာနိုင်သည့် လက်နက်ကိုင်များ၏ စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးနှင့် ပြည်သူများအတွက် ရဲရဲဝံ့ဝဲ့ မားမားမတ်မတ်ရပ်တည်နိုင်ရေးအတွက် ပြည်သူ့တပ်မတော်ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ဗိုလ်နဂါးက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=XC1x5r3S7wI[/embedyt]

    ယနေ့ ပြုလုပ်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်- Burma National Revolutionaty Army ( BNRA) ဖွဲ့စည်းခြင်းအခမ်းအနားတွင် ဗိုလ်နဂါးက ပြောကြားထားခြင်းဖြစ်ပြီး၊ ယင်းအဖွဲ့အစည်းတည်ထောင်ခြင်းနှင့်ပတ်သက်ပြီး NUG-MOD တာဝန်ရှိသူများနှင့်လည်း ဆွေးနွေးတိုင်ပင်ခဲ့ဖူးကြောင်း၊ တော်လှန်ရေးလိုအပ်ချက်အရ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။

    Red News Agency

  • ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်းကြောင်း​ကြေညာ  

    ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်းကြောင်း​ကြေညာ  

    RNA_စက်တင်ဘာ(၉)၊၂၀၂၃ ခုနှစ်။
     
    ဗိုလ်နဂါးတို့အဖွဲ့နှင့်အခြားသော အင်အားစုများပါဝင်သည့် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA အဖွဲ့စည်းကြောင်း ယနေ့ တရားဝင်ထုန်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=XC935iun-7I[/embedyt]
     
    #RedNewsAgency
    https://youtu.be/XC935iun-7I

  • Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ

    Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ

    Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ

    Red News Agency ၏ ဖားကန့် သတင်းထောက် ကိုတာလင်းမောင်အား ယနေ့ (စက်တင်ဘာလ ၈ ရက်) ညနေ (၅) နာရီ (၃)မိနစ်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာ Ammazing Mini Mark ရှေ့၌ ဆိုင်ကယ်စီးလာစဉ် နောက်မှ ကားနှင့်တိုက်ပြေးသည့် ဖြစ်စဉ်တွင် မည်သည့်အဖွဲ့အစည်း မည်သူတစ်ဦးတစ်ယောက်က လုပ်ဆောင်သည်ဖြစ်စေ အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်း ကြေညာအပ်ပါသည်။

    သတင်းထောက် ကိုတာလင်းမောင်သည် ယခင်က ပြန်/ဆက်ဦးစီးဌာန၏ သတင်းထောက်အဖြစ်မှ ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီက အာဏာသိမ်းချိန်တွင် ဖားကန့်၌ ပထမဦးဆုံး CDM ပြုလုပ်ခဲ့သူဖြစ်ပြီး စစ်ကောင်စီ၏ ၅၀၅ (က) ဖြင့် ပုဒ်မတပ်ခံထားရပြီး နေအိမ်မှ တိမ်းရှောင်နေရသူဖြစ်သည်။

    ယခုအခါ Red News Agency သတင်းဌာန၏ သတင်းထောက်အဖြစ် ဒေသတွင်း စစ်ကောင်စီနှင့် အာဏာရှင်ဆန်ဆန်ပြုမူသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ပြည်သူ့ဘက်မှ ရပ်တည်ကာ မကြောက်မရွံ့ သတင်းမှန်များကို ရေးသားနေသူဖြစ်သည်။

    ယခုကဲ့သို့ နောက်မှ‌နေ၍ မတော်တဆဟု ပြောရန်ခက်ခဲသည့် ကားနှင့်တိုက်ပြီး တာဝန်ယူမှုမရှိ ထွက်ပြေးသူအား ဒေသတွင်း အမှန်တရားကိုရှေးရှု့သည့် ပြည်သူ့ဘက်တော် သားများက အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

    သတင်းထောက် ကိုတာလင်းမောင်သည် ယနေ့နံနက် ဖားကန့်မြို့နယ်၊ စပျစ်ခူးရွာကို တစ်ရွာလုံးပြောင်းရွှေ့စေပြီး ကျောက်စိမ်းတူးမည့် သတင်းအား ရေးသားထားသူဖြစ်ပါသည်။

    အယ်ဒီတာ

    Red News Agency

    Signal – +66951043402

    rednewsagency@yahoo.com

    ကားနှင့်တိုက်ခံရသည့် CCTV မှတ်တမ်း

    တိုက်ပြေးသည့်ကား

  • စပျစ်ခူးရွာ တစ်ရွာလုံးရွှေ့ပြီး ကျောက်စိမ်းတူးရန်ပြင်နေ

    စပျစ်ခူးရွာ တစ်ရွာလုံးရွှေ့ပြီး ကျောက်စိမ်းတူးရန်ပြင်နေ

    RNA_ဖားကန့် စက်တင်ဘာလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ စပျစ်ခူးကျေးရွာကို တစ်ရွာလုံးရွှေ့ပြောင်းပြီး ကျောက်စိမ်းတူးရန် အဖွဲ့အစည်းတစ်ခုက ဦးဆောင်ပြင်ဆင်နေကြောင်း ကျေးရွာသားများထံမှ သိရသည်။ 

    စပျစ်ခူးရွာသည် အိမ်ခြေ(၁၆၀)ဝန်းကျင်၊ လူဦးရေ ငါးရာနီးပါးရှိပြီး နှစ်ပေါင်းသုံးဆယ်ကျော် သက်တမ်းရှိ ရွာတစ်ရွာဖြစ်ကြောင်း၊ စပျစ်ခူးတစ်ရွာလုံးကို KIO/KIA အစိုးရက လုပ်ကွက်တူးဖို့ ခွင့်ပြုပေးလိုက်ကြောင်း၊ အာဏာသိမ်းစစ်တပ်မှလည်း ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

    ဖားကန့်ဒေသတစ်ခုလုံး KIA ကပဲ ဦးဆောင်ပြီးတူးတူး၊ လုပ်ငန်းရှင်ပဲညှိပြီးတူးတူး၊ စစ်တပ်ကို အခွန်အခမပေးပဲ တူးလို့မရဘူးလို့ ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။

    (more…)

  • ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား တိုက်ပွဲဝင်ရင်း ကျဆုံး 

    ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား တိုက်ပွဲဝင်ရင်း ကျဆုံး 

    RNA_စက်တင်ဘာ (၇) ရက်၊၂၀၂၃ ခုနှစ်။

    ကျောင်းသားလက်ရုံးတပ်တော်မှ တပ်စုမှူး ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ် ( Nautical Science Major) ကျောင်းသား ရဲဘော် သောမတ်စ် ယမန်နေ့ တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း သိရသည်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး၌ တိုက်ပွဲဝင်ရင်း ရဲဘော်သောမတ်စ် ရန်သူလက်တွင်းသို့ ကျရောက် ဖမ်းဆီးခံခဲ့ရသော်လည်း နောက်ဆုံးအချိန်ထိ ရန်သူအား ခုခံကာကွယ်ရင်း တော်လှန်ရေးအတွက် ရဲဝံ့စွာ အသက်ပေးလှူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ကျောင်းသားလက်ရုံးတပ်တော်မှ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို မမှိတ်မသုန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ရဲဘော်သောမတ်စ် ကျဆုံးမှုအား လေးမြတ်စွာ ဦးညွှတ်အလေးပြုအပ်ပါသည်ဟု ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားသည်။

    #RedNewsAgency

  • ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများနဲ့ အဆုံးသတ်တိုက်ပွဲ 

    ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများနဲ့ အဆုံးသတ်တိုက်ပွဲ 

    “စနစ်တကျစုဖွဲ့မှုအားကောင်းတဲ့ လက်နက်ကိုင်စစ်တပ်ဆိုတာ စာအုပ်ထဲမှာသာရှိပြီးတော့ တကယ့်ပြည်သူရဲ့ အငြိုးကို ခံနိုင်စွမ်းမရှိခဲ့ပါဘူး။ တူမီးကစလို့ လက်လုပ်ပစ္စည်းတွေနဲ့ စတင်တော်လှန်ချိန်ကတည်း အလဲလဲအကွဲကွဲနဲ့ ခံနေရတဲ့ စစ်တပ်ဟာ နည်းပညာတိုးတက်လာတဲ့ အချိန် ဝေဟင်က Drop Bomb တွေရဲ့ ရန်ဟာ အဓိကရင်ဆိုင်ရမယ့် ပြဿနာဖြစ်လာပါတယ်”

    ကိုတင်ဖေ

    အမျိုးသားညီညွတ်ရေးအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှေနေလှေအောင်း မြင်းဇောင်းမကျန် ခုခံတော်လှန်ကြဖို့ ခုခံစစ်အဖြစ် ကြေညာခဲ့တာဟ၂၀၂၃ခု နှစ် စက်တင်ဘာလ ၇ ရက် ဒီကနေ့ဟာ ၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ စစ်ရေးဖော်ဆောင်မှု အသွင်ကူးပြောင်းပုံအဆင့်ဆင့်ကို မြင်တွေ့ခဲ့ရပါတယ်။

    အကြမ်းမဖက် ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို လမ်းမအလယ်မှာပဲ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သလို ဦးနှောက်တွေပွင့်ထွက်နေတဲ့ ဆန္ဒပြပြည်သူတွေရဲ့ ရုပ်အလောင်းတွေဟာ လမ်းမထက်မှာကော၊ မီဒီယာတွေမှာကော၊ ကမ္ဘာ့စာမျက်နှာထက်မှာကော သက်သေအဖြစ်တည်ရှိနေဆဲပါ။ ဘုရင်ရူးနေတဲ့ မင်းအောင်လှိုင်ဟာ ဘာမဆိုလုပ်ဝံ့တယ်ဆိုကတည်းက ပြည်သူကိုအကြောင်းအမျိုးမျိုးပြ ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်လာပါတယ်။

    မဲစာရင်းကိုအကြောင်းပြ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို လမ်းမပေါ်မှာ ပစ်သတ်ခဲ့ကြတယ်၊ စစ်ကြောရေးတွေမှာ သတ်ဖြတ်ခဲ့ကြတယ် စာရင်းအတည်မပြုနိုင်တဲ့ အသတ်ခံရသူတွေရှိသလို့ စာရင်းအရဆိုရင်တောင် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် လူဦးရေသုံးထောင်ကျော်ကို သတ်ဖြတ်ထားပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းကျနေရသူ တစ်သောင်းခွဲကျော်ရှိနေပါတယ်။ ပြည်သူရဲ့ မဟုတ်မခံ ခုခံတွန်းလှန်စစ်ဟာ ဒီ ၂ နှစ်ကျော်ကာလအတွင်းမှာတင် အတော်လေးခရီးပေါက်ခဲ့တယ်လို့ ဆိုရမှာပါ။

    (more…)

  • မင်းအောင်လှိုင်ကို NUG သမ္မတ သတိပေး

    မင်းအောင်လှိုင်ကို NUG သမ္မတ သတိပေး

    RNA_စက်တင်ဘာ(၇)၊၂၀၂၃ ခုနှစ်။
     
    တိုင်းပြည်၏ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်တာဖြစ်သည့်အတွက် ပြည်သူ့အာဏာကို မင်းအောင်လှိုင်ဘယ်တော့မှမရရှိနိုင်ကြောင်း ယနေ့ကျရောက်သည့် ပြည်သူ့ခုခံစစ် ကြေညာခြင်း (၂) နှစ်ပြည့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းကာ သတိပေးထားသည်။
    [embedyt] https://www.youtube.com/watch?v=8CR_KLPEdkA[/embedyt]
     
    #RedNewsAgency