Tag: မကွေးတိုင်

  • ပွင့်ဖြူမြို့နယ်တွင် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၃၀) ခန့် ထိခိုက်နိုင်

    ပွင့်ဖြူမြို့နယ်တွင် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၃၀) ခန့် ထိခိုက်နိုင်

    RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၅ခုနှစ်။
     
    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကြီးအုံကြီးဝတမံနှင့် သုံးမိုင်ပေါက်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ (၃၀) ခန့်ထိခိုက်နိုင်သည်ဟု မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း – ပွင့်ဖြူ PDF ထံမှ သိရသည်။
     
    ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မဲဇလီတံတား တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပုသိမ်-မုံရွာလမ်း ၃ မိုင်ပေါက်သို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် နေ့လယ် ၂ နာရီကျော်တွင် မိနစ် (၃၀) ခန့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၅ ရက်တွင် လက်နက်ကြီး ပစ်ကူများဖြင့် စစ်ကောင်စီတပ်သည် ကြီးအုံကြီးဝ တမံသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်မှ ၆ နာရီအထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    (more…)

  • လင်းဇင်းတိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရ

    လင်းဇင်းတိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရ

    RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၅ခုနှစ်။
    စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
  • ယနေ့အတွက် Red News Agencyမှ တင်ဆက်ထားသော သတင်းများ

    ယနေ့အတွက် Red News Agencyမှ တင်ဆက်ထားသော သတင်းများ

    RNA_ဖေဖော်ဝါရီ(၄)၊၂၀၂၅ခုနှစ်။
     
    ယနေ့ ပြောပြချင်သည့် သတင်းတွေကတော့ စစ်ကောင်စီဂိတ်စခန်းတခု တိုက်ခိုက်ခံခဲ့ရပြီး (၅) သေဆုံးခဲ့တဲ့သတင်း၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေတိုက်ခိုက်ပြီး မီးရှို့နိုင်ခဲ့တဲ့သတင်း၊ NUG ပညာရေး ဒုဝန်ကြီး မြေပြင်ဆင်းပြီး ဒေသခံများနှင့် တွေ့ဆုံသည့်သတင်း၊ နိုင်ငံလုံးဆိုင်ရာ တော်လှန်လူငယ်တွေ့ဆုံပွဲသတင်းနှင့် မင်းတုန်းမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်သည့် သတင်းများဖြစ်ပါတယ်။
    Red News Agency
  • ယနေ့ အတွက် စခန်းသိမ်းတိုက်ပွဲသတင်းနှင့် အခြားသတင်းများ

    ယနေ့ အတွက် စခန်းသိမ်းတိုက်ပွဲသတင်းနှင့် အခြားသတင်းများ

    RNA_ဖေဖော်ဝါရီ(၃)၊ ၂၀၂၅ခုနှစ်။

    မွန်ပြည်နယ်က စခန်းသိမ်းတိုက်ပွဲနှင့်အတူ ပွင့်ဖြူမြို့နယ်သတင်းများ၊ PDF သင်တန်းဆင်းပွဲနှင့် စစ်မှုထမ်းသတင်းတို့ကို Red News Agency တင်ဆက်ထားခြင်းဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=RbmIJi8OtXA[/embedyt]

    #RedNewsAgency #RNA

  • မြို့သိမ်းတိုက်ပွဲ ဦးတည်ကြိုးစားနေသော YDF စစ်ရေးအရှိန်မြှင့်ပြီး တိုက်ပွဲဖော်ဆောင်မည်

    မြို့သိမ်းတိုက်ပွဲ ဦးတည်ကြိုးစားနေသော YDF စစ်ရေးအရှိန်မြှင့်ပြီး တိုက်ပွဲဖော်ဆောင်မည်

    RNA_ဇန်နဝါရီ(၂၉)၊၂၀၂၅ခုနှစ်။

    အာရက္ခတပ်တော်နှင့် ချင်းညီနောင်အပါအဝင် အခြားသောမဟာမိတ်များနှင့် လက်တွေ့ကျကျတိုက်ပွဲဝင်ပြီး မြို့သိမ်း တိုက်ပွဲများကို ဦးတည်ကြိုးစားဆောင်ရွက်နေသော ယောကာကွယ်ရေးတပ် (YDF) အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်ပြီး မကြာမီတိုက်ပွဲများဖော်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။

    (more…)

  • ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို AA တိုက်ခိုက် သိမ်းပိုက်နေ

    ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို AA တိုက်ခိုက် သိမ်းပိုက်နေ

    RNA_ဇန်နဝါရီ(၂၈)၊၂၀၂၅ ခုနှစ်။

    ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းခုကိုလည်း အာရက္ခတပ်တော်အနေဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ဧရာဝတီတိုင်းအစပ်၊ မကွေးတိုင်းအစပ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

    ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြေင်း၊ တောင်ကုတ်မြို့နယ်အတွင်း (တနည်းအားဖြင့်) ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းအား (၅) ရက်ခန့်အပြင်းအထန်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ (၂၆) ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း AA ကထုတ်ပြန်ထားသည်။

    (more…)

  • ပဒါန်းဘက်မှတက်လာသော အင်အား ၁၀၀ ခန့်ပါ ခဲယမ်းတင်ကား (၄)စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

    ပဒါန်းဘက်မှတက်လာသော အင်အား ၁၀၀ ခန့်ပါ ခဲယမ်းတင်ကား (၄)စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

    RNA_ဇန်နဝါရီ(၂၃)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီးကျေးရွာ အနောက်ဘတ်တွင် ပဒါန်းမှတက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ၏ ခဲယမ်းတင်ကား (၄) စီးအား PRA -Magway ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ရာ ကား (၁) စီးပျက်စီးပြီး (၅) ဦးသေဆုံးသွားသည်ဟု သိရသည်။

    (more…)

  • မြစ်အရှေ့ဘက်ခြမ်း စစ်ရေးအားကောင်းလာစေရန် ရွေ့လျားစစ်ကြောင်းများ လှုပ်ရှားနေ

    မြစ်အရှေ့ဘက်ခြမ်း စစ်ရေးအားကောင်းလာစေရန် ရွေ့လျားစစ်ကြောင်းများ လှုပ်ရှားနေ

    RNA_ ဇန်နဝါရီ(၂၂)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ မြစ်အရှေ့ဘက်ခြမ်းမြို့များဖြစ်သော မကွေးမြို့၊ ရေနံချောင်းမြို့စသည့်ဘက်များတွင် စစ်ရေးအားကောင်းလာစေရန် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရွေ့လျားစစ်ကြောင်းများအသုံးပြုပြီး နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားနေကြောင်း သိရသည်။

    မြစ်အရှေ့ဘက်ခြမ်းဖြစ်သော ရေနံချောင်းမြို့နှင့် မကွေးမြို့အတွင်း နယ်မြေစိုးမိုးရေးလှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း ရွေ့လျားစစ်ကြောင်းတစ်ခုဖြစ်သော Midland Dolphins Column (မြေလတ်လင်းပိုင်စစ်ကြောင်း) ကလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း၊ ယင်းရွေ့လျားစစ်ကြောင်းသည် နယ်မြေအတွင်း ရောက်ရှိလာသည်မှာ (၂) ဝန်းကျင်သာရှိသေးသည်ဟု သိရသည်။

    (more…)

  • ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း အစပ်တို့တွင် တိုက်ပွဲဖြစ်ပွားနေ

    ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း အစပ်တို့တွင် တိုက်ပွဲဖြစ်ပွားနေ

    RNA_ဇန်နဝါရီ(၂၁)၊၂၀၂၅ခုနှစ်။

    အာရက္ခတပ်တော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များထဲမှ စစ်တွေမြို့နှင့်အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး၊ ရခိုင်ပြည်နယ်နှင့်အစပ် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တို့တွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

    (more…)

  • ပုသိမ်-မုံရွာကားလမ်းအပိုင်း PDF ရဲဘော်များ လုံခြုံရေးစစ်ဆေးမှုများ

    ပုသိမ်-မုံရွာကားလမ်းအပိုင်း PDF ရဲဘော်များ လုံခြုံရေးစစ်ဆေးမှုများ

    RNA_ဇန်နဝါရီ(၁၃)၊၂၀၂၅ ခုနှစ်။

    မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာလမ်းပိုင်းတွင် အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များက ယာဉ်သွားယာဉ်လာ စစ်ဆေးခြင်းနှင့် လမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုများကို ဇန်နဝါရီလ (၁၂) ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

     

    #RedNewsAgency #REDNEWS #RNA