အာဏာသိမ်းစစ်တပ်

စနစ်တကျပြင်ဆင်ပြီး TNLA ကို ထိုးစစ်ဆင်ခဲ့တဲ့ MNDAA

စနစ်တကျပြင်ဆင်ပြီး TNLA ကို ထိုးစစ်ဆင်ခဲ့တဲ့ MNDAA

ဘုံရန်သူ အရှိုက်ကို ထိုးနှက်ခဲ့ကြတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ အဲဒီ ညီနောင် မဟာမိတ်တွေထဲက MNDAA ဟာ ညီနောင်တစ်ဖွဲ့ဖြစ်တဲ့ TNLA စိုးမိုးနယ်မြေတွေကို စနစ်တကျပြင်ဆင်ပြီး ထိုးစစ်ဆင်နေပါတယ်။ လူထုမျက်နှာမထောက် ဘုံရန်သူကို ဦးမတည်သော တိုက်ပွဲတွေဟာ တော်လှန်ရေးအတွက် အဖျက်အမှောက်သာဖြစ်ပါတယ်။ ကျည်စဖောက်သူဟာ နံပါတ် (၁) ရန်သူဖြစ်တယ်။ အာဏာ အကျိုးစီးပွားအတွက် ကျည်ဖောက်နေကြပြီလား။ MNDAA ရဲ့နောက်ကွယ်မှာ တရုတ်အစိုးရနဲ့ ဖက်ဆစ်တပ် ရှိနေပြီလားဆိုတာကို အချက်အလက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က သုံးသပ်တင်ပြထားပါတယ်။  #RedNewsAgency #RedNews #RNA
Read More
ပြည်သူ့ဆန္ဒမပါသည့် ရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ရွေးချယ်ခံရ

ပြည်သူ့ဆန္ဒမပါသည့် ရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ရွေးချယ်ခံရ

RNA_မတ်(၁၆)၊၂၀၂၆ခုနှစ်။ ပြည်သူများ၏ ဆန္ဒမပါသော ရွေးကောက်ပွဲကို အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြုလုပ်ပြီးနောက် ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင် ဦးဆောင်ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီကို ရွေးချယ်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်အောင်အုန်းကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကော်မရှင်က၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို အပိုင်း ၃ ပွဲခွဲကာ ကျင်းပခဲ့ပြီးနောက် တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ စတင်ကျင်းပခဲ့တာဖြစ်ပြီး သဘာပတိအဖြစ် ဒဂုံမဲဆန္ဒနယ် ဦးနန္ဒကျော်စွာမှာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ (more…)
Read More
AA စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရပြီး သုံ့ပန်း (၁၁၆) ဦးသေဆုံး

AA စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရပြီး သုံ့ပန်း (၁၁၆) ဦးသေဆုံး

RNA_မတ်(၁၁)၊၂၀၂၆ခုနှစ်။ အာရက္ခပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ စစ်သုံ့ပန်းအကျဉ်းစခန်းအား အာဏာသိမ်းစစ်တပ်မှ မတ်လ (၈) ရက်နေ့ နံနက် (၁၁) နာရီ ဝန်းကျင်နှင့် နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရရှိကာ အရပ်သားသုံ့ပန်းအချို့လည်း သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့၊ နံနက် (၁၁) နာရီ (၂) မိနစ်မှ မွန်းလွဲ (၂) နာရီ (၂၈) မိနစ် အချိန်အထိ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ (၄) စီး…
Read More
အာဏာသိမ်းစစ်တပ်မှ ရေတွင်းကုန်းကျေးရွာ ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်

အာဏာသိမ်းစစ်တပ်မှ ရေတွင်းကုန်းကျေးရွာ ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်

RNA_မတ်(၉)၊၂၀၂၆ခုနှစ်။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအတွင်းမှာ ပြည်သူ (၃၀) ကို အာဏာသိမ်းစစ်တပ်က အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၀၂၆ ခုနှစ် မတ်လ (၇) ရက်နေ့က ကျူးလွန်ခဲ့ကြောင်း KNU ကထုတ်ပြန်ထားသည်။ ရေတွင်းကုန်းကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ကိစ္စနှင့် ပတ်သတ်ပြီး NUG ၏ ထုတ်ပြန်ချက်မှာ ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦးနှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ပြည်သူ (၄၀)ဦး ကျော်သေဆုံးခဲ့သည်။ (more…)
Read More
ဖားကန့်ဗျူဟာကုန်းရှိ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံး

ဖားကန့်ဗျူဟာကုန်းရှိ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၈)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဗျူဟာကုန်ရှိ အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးနှင့် ဒရုန်းဗုံးတို့ကြောင့် ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက် ၄ နာရီနှင့် ၅ နာရီအကြား မှော်စီစာအုပ်စု၊ မလောင်ကျေးရွာအတွင်းက နေအိမ်ပေါ်ကျရောက်ကာ မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံးသွားကာ (၇) အရွယ် လေးငယ်နှင့် ၁၆ နှစ်အရွယ်တို့သာ အသက်ရှင်ကျန်ရစ်ခဲ့ရကြောင်း သိရသည်။ အာဏာသိမ်းစစ်တပ်၏ လက်ချက်ကြောင့် ဖခင်ဖြစ်သူ ဦးဇော်လွင်ဦး ( အသက် ၃၇ နှစ်)၊ မိခင်ဖြစ်သူ ဒေါ်တင်မိုးလှိုင် (အသက် ၃၈ နှစ်)၊ သားဖြစ်သူ မောင်ဖြိုးဝေထွန် (အသက် ၁၃ နှစ်)တို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။…
Read More
အကြမ်းဖက်စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်သာဖြစ်သည့်အတွက် ပဋိပက္ခပိုမိုပြင်းထန်လာနိုင်

အကြမ်းဖက်စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်သာဖြစ်သည့်အတွက် ပဋိပက္ခပိုမိုပြင်းထန်လာနိုင်

RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့်ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရေးအတွက်သာဖြစ်ပြီး လက်ရှိနိုင်ငံရေးအကြပ်အတည်း၏ အဖြေမဟုတ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်းပဋိပက္ခကို မိုပိုပြင်းထန်လာစေရုံသာမက ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ်စေမည်ဟု KNU က ပြောကြားလိုက်သည်။ (more…)
Read More
ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။   စစ်ကောင်စီအနေဖြင့် ကရင်နီပြည်၏ နယ်မြေတော်တော်များများကို လက်လွတ်ထားရသည့်အပြင် စစ်ကြောင်းပေါင်းများစွာနှင့်လေကြောင်းများပါ အသုံးပြုနေသော်လည်း မရှုမလှရှုံးနေသည့်အတွက် နေပြည်တော်အထိ ခြိမ်းခြောက်လာနိုင်သလား၊ စိုးရိမ်နေရပြီလားဆိုတာကို တင်ပြထားခြင်းဖြစ်သည်။   #RedNewsAgency  
Read More
မင်းအောင်လှိုင် ခေါင်းပြတ်ပုံစံ အစီအရင်များပြုလုပ်သည့် လှုပ်ရှားမှု

မင်းအောင်လှိုင် ခေါင်းပြတ်ပုံစံ အစီအရင်များပြုလုပ်သည့် လှုပ်ရှားမှု

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ ယနေ့ကျရောက်သည့် တော်လှန်ရေးနေ့ (စစ်တပ်မှ ပြောင်းလဲခေါ်ဆိုသော တပ်မတော်နေ့ ) တွင်အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါတို့ အူလှိုက်သည်းလှိုက် ကြောက်ရွံ့တတ်သော ကျိန်စာတိုက် အစီအရင်များကို မင်းအောင်လှိုင် ဦးခေါင်းပြတ်ပုံစံဖြင့် အစီအရင်ပြုလုပ်သည့် လှုပ်ရှားမှုကို YRF ရဲဘော်များ ပြုလုပ်ခဲ့ကြသည်။ မင်းအောင်လှိုင် ခေါင်းပြတ်အား မင်းအောင်လှိုင်၏ မွေးနံထောင့်တွင် န၀င်းကိုက်ထားရှိ၍ ကျိန်စာတကာ့ကျိန်စာတို့တွင် အကြမ်းဆုံးဟု ဆိုကြသော "မင်းနန်သူကျိန်စာ" အစီအရင်ဖြင့် သက်စေ့ရွတ်ဖတ် ကျိန်ဆိုခဲ့ကြကြောင်း၊ နေ၀င်ချိန်တခုတွင် ခေါင်းပြတ်ကို မင်းအောင်လှိုင်နှင့် ဓာတ်တူနံသက်တူသောအရပ်ရှိ အမှိုက်ပုံတခုတွင် သွားရောက် ချထားကာ အညာမှ ဒေသခံပြည်သူတဦးကဲ့သို့ ၀တ်စားထားသော YRF ရဲဘော် တဦးမှ ခုံဖိနပ်ဖြင့် နင်းချေ၍ အစီအရင်ကို အောင်မြင်စွာ…
Read More
“တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ”

“တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ”

RNA_ဇန်နဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေး မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက "တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ" ကြွေးကြော်သံဖြင့် စစ်ကောင်စီပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများကို အသိပေး ပြောကြားထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
” မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက် ဟန်ပြငြိမ်းချမ်းရေး “

” မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက် ဟန်ပြငြိမ်းချမ်းရေး “

စစ်တပ်အတွက် စစ်ဘောင်ကျယ်နေသည့် အခြေအနေဖြစ်သည် ယခုလို လက်နက်ကိုင် ပစ်ခတ်တိုက်ခိုက်မှုများနိုင်ငံအဝှမ်း နေ့စဥ်ဖြစ်ပေါ်နေချိန် အာဏာ သိမ်းစစ်ကောင်စီက နိုင်ငံတော်ကြီး ငြိမ်းချမ်းရေးအတွက် ခေါင်းစဥ်တပ်ကာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့တွေ့ဆုံလျက်ရှိနေလေသည်။   စစ်ကောင်စီခေါင်းဆောင်နှင့် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကြရမည့် ထိုပွဲသို့ အပစ်ရပ်လက်မှတ်ထိုးထားသော RCSS/SSA(သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ )၊ALP( ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ)၊KNU/KNLA-PC(ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ) ၊ NMSP(မွန်ပြည်သစ်ပါတီ)၊LDU(လားဟူ ဒီမိုကရက်တစ်အစည်း အရုံး )၊PNLO(ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊DKBA(ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်) စသည့် အဖွဲ့ ၇ ဖွဲ့နှင့် အပစ်ရပ် လက်မှတ်မထိုးသော UWSA ‘ဝ’ တပ်ဖွဲ့ ၊ SSPP(ရှမ်းပြည်တိုးတက်ရေးပါတီ)၊ NDAA(မိုင်းလားအဖွဲ့ )စသည့် အဖွဲ့ ၃ ဖွဲ့တို့ကတက်ရောက်မည်ဟု စစ်ကောင်စီက…
Read More