လေကြောင်းတိုက်ခိုက်

လက်ညှိုးထောင် ခေါင်းညှိတ်ပြီး ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေသူများ

လက်ညှိုးထောင် ခေါင်းညှိတ်ပြီး ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေသူများ

"အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက ဘာကြောင့်များ ခုလောက်ထိ အရပ်သားတွေအပေါ်မှာ ရက်စက်နိုင်နေသေးတာလဲ။ ပြည်သူအပေါ်ထားရမည့် ကျင့်ဝတ် (၁၀) ပါးထဲက “ပြည်သူကို ရေလို၊ လလို ကျင့်ရမယ်” ဆိုတာ မသိတော့တဲ့ ကျင့်ဝတ်သိက္ခာမဲ့ တပ်ဖွဲ့ဝင်တွေဖြစ်နေပြီလား ?" ရန်နိုင် - Wiper ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်ဖမ်းဆီးခါစအချိန် လိုက်ဖမ်းလို့ ကျွန်တော်တို့ အိမ်ပေါ်ကိုယ် ပြန်တက်ပြေးရင်းနဲ့ အိမ်ရဲ့အပေါ်ဆုံးထပ် အုတ်ဝရန်တာကနေ စစ်ခွေးတွေကို တိတ်တိတ်ကလေး ချောင်းကြည့်ဖူးတယ်။ မြင်သွားရင်လဲ အပစ်ခံရတဲ့အချိန်ဆိုတော့ ရင်ခုန်ဖို့လဲကောင်းတယ်၊ သူတို့လှုပ်ရှားမှုက တောလိုက်နေတဲ့ မုဆိုးတွေလိုပဲ ခြေသံလုံလုံနဲ့ အရိပ်တွေလိုပဲ ရွေ့နေတာ။ တိုက်အောက်တည့်တည့်ကို ရောက်လာတဲ့ စစ်ခွေးခေါင်းဆောင်က ခပ်အုပ်အုပ်အသံနဲ့ ဆဲတာတခု ကြားလိုက်ရတယ်။ “ မင်းတို့…
Read More
ဟားခါးမြို့နယ် သီးမစ်တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံး

ဟားခါးမြို့နယ် သီးမစ်တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံး

RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။   ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ သီးမစ်တိုက်ပွဲတွင် စစ်ကောင်စီတပ်လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံးခဲ့ရကြောင်း သိရသည်။   မေလ ၂၉ ရက်နေ့တွင် သီးမစ်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း CDF -ဟားခါးမှ ရဲဘော် ၈ ဦး၊ CDF -ဇိုးဖိုင်မှ ရဲဘော် ၁ ဦးနှင့် ချင်းအမျိုးသားတပ်ဦး(CNA) မှ ရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့ရပြီး၊ CDF -ခွန်ကျုံး၊ CDF -ဇိုးဖိုင်၊ CDF-ဟာခါး နှင့် CNAတို့မှ ရဲဘော်များ ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။ (more…)
Read More
စစ်ဘေးရှောင်စခန်းနှင့် ဆေးရုံတဝိုက်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

စစ်ဘေးရှောင်စခန်းနှင့် ဆေးရုံတဝိုက်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

RNA_ဧပြီ(၂၆)၊၂၀၂၃ ခုနှစ်။   ရှမ်း-ကယား နယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်နေရာနှင့် ဆေးရုံတဝိုက်ကို စစ်ကောင်စီတပ်လေကြောင်းမှ ဧပြီလ (၂၅) ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်ခခန့်က ပေါင် ၅၀၀ ဗုံးတလုံး ကြဲချပြီး ပစ်ခတ်မှု (၇) ကြိမ်ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့သည်ဟု အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့ ထုတ်ပြန်ထားသည်။   #RedNewsAgency
Read More
စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့သည့် ဒေါတမကြီး တိုက်နယ်ဆေးရုံ မြင်ကွင်း

စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့သည့် ဒေါတမကြီး တိုက်နယ်ဆေးရုံ မြင်ကွင်း

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။   ကရင်နီပြည် (ကယား)နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ် လေကြောင်းမှ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့က ဗုံးကြဲခဲ့သည့်အတွက် ဆေးရုံတခုလုံး ပျက်စီးသွားသည့်မြင်ကွင်းကို ဖော်ပြလိုက်ပါသည်။   #RedNewsAgency
Read More
ကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ကွဲပြီး သင်းအုပ်ဆရာ (၂) ဦးအပါအဝင် (၅) ဦးသေဆုံး

ကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ကွဲပြီး သင်းအုပ်ဆရာ (၂) ဦးအပါအဝင် (၅) ဦးသေဆုံး

RNA_ဇန်နဝါရီ(၁၄)၊၂၀၂၃ ခုနှှစ်။   စစ်ကောင်စီတပ် တိုက်လေယာဉ် (၄) စီးဖြင့် ဗုံး (၈) လုံးကျဲရာ လေးဝါးကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ပွဲပြီး ကတ်သလစ် သင်းအုပ်ဆရာ စောရယ်ဒီ၊ နှစ်ခြင်းခရစ်ယာဉ် အသင်းအုပ်ဆရာတော် စောချမ်အေး၊ အသက် ၂ နှစ် ၁၁ အရွယ် နော်မရီးနာတို့သားအမိနှင့်စောဖါးဘလယ်တို့ သေဆုံးခဲ့ရကြောင်း သိရသည်။   ကရင်ပြည်နယ်၊ KNU မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပေးကေးကျေးရွာအုပ်စု၊ လေးဝါးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ် (၄) စီးဖြင့် ဇန်နဝါရီ လ (၁၂) ရက်နေ့ နေ့လည် (၂) နာရီ (၁၃) မိနစ်ဝန်းကျင်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ (more…)
Read More
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရ 

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရ 

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။ ၂၀၂၁ ခုနှစ်၊အောက်တို ဘာလ (၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီး၊ ကလေးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရပြီး (၁၈၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့်အမျိုးသားတဦး သေဆုံး 

စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့်အမျိုးသားတဦး သေဆုံး 

RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အစပ် ရင်ပေါင်တိုင်ကျေးရွာ၊ ပုထိုးသာကျေးရွာ၊ ပျားအိုကျေးရွာအပါအဝင် ရွာ (၄) ရွာကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုများပြုလုပ်ကာ ကျေးရွာကိုစီးနင်းစဉ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနှင့် အမျိုးသား တဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။ "ဒီနေ့ ဝင်အစီးခံရတဲ့ရွာတွေက ယမားချောင်းပဲခြားတာ၊ ပျားအိုက ကိုယ်ဝန်ဆောင်အမျိုးသမီး သေသွားတယ်၊ သေခတ်ဝင်တာဆိုတော့ တော်တော်ကြမ်းတယ်၊ အမျိုးသားတဦးလည်းသေတယ်၊ အရင်တခါလဲ ရင်ပေါင်တိုင်က အစီးခံရပြီးပြီ၊ သေတဲ့သူတွေ ဘယ်လိုသေသွားလည်း အတိအပျမသိရသေးဘူး၊ သေနတ်မှန်တာလား ရိုက်သတ်ခံရတာလားဆိုတာကတော့ ပြောမရသေးဘူး" ဟု Red News Agency ၏ နယ်မြေခံသတင်း ထောက်က သတင်းပေးပို့ထားသည်။ စစ်ကောင်စီတပ်…
Read More
စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်သည့်အတွက် ကလေးငယ် (၄) ဦးပါအဝင် သေဆုံးမှုများပြား 

စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်သည့်အတွက် ကလေးငယ် (၄) ဦးပါအဝင် သေဆုံးမှုများပြား 

RNA_စက်တင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာ စာသင်နေသည့် ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်းကို ယမန့်နေ့ ( စက်တင်ဘာ ၁၆ ရက်) က အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဉ်များသုံးကာ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့သည့်အတွက် ကလေးငယ်များအပါအဝင် ပြည်သူများ သေဆုံးခဲ့ရသည်ဟု သိရသည်။ (more…)
Read More
လွိုင်ကော်မှာ စစ်ကော်စီတပ်က လေကြောင်းသုံး ပစ်ခတ်နေ

လွိုင်ကော်မှာ စစ်ကော်စီတပ်က လေကြောင်းသုံး ပစ်ခတ်နေ

RNA_ဇန်နဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့အနီးတွင် စစ်ကောင်စီတပ်က ယနေ့ နေ့လည် ၃ နာရီဝန်းကျင်က လေကြောင်းအသုံးပြု ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ " လေကြောင်းကနေ ပစ်တာဟုတ်ပါတယ်၊ ၂ နာရီနောက်ပိုင်းကတည်းကပါ၊ လာပစ်လိုက်ပြန်သွားလိုက်ပဲ၊ ဗုံလဲကျဲပါတယ်" လို့ လွိုင်ကော်မြို့ ဒေသခံ အရပ်သားတဦးကအတည်ပြု ပြောကြားသည်။ လွိုင်ကော်မြို့ရှိ မိုင်းလုံးရပ်ကွက်၊ ပန်ကန်းရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက် နှင့် ဆက်စပ် ရပ်ကွက်ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် အကြမ်း ဖက်စစ်ကောင်စီတို့ ရင်ဆိုင်တိုက်ပွဲများ ဇန်နဝါရီလ (၇) ရက်နေ့က ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အသေအဆုံးများခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ (၇) ရက်နေ့က…
Read More