Tag: လူမျိုးရေး

  • Free Burma Rangers ရုပ်သံကိုအခြေခံပြီး ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဟု စစ်ကောင်စီလော်ဘီများ မဟုတ်မမှန် ဝါဒဖြန့်

    Free Burma Rangers ရုပ်သံကိုအခြေခံပြီး ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဟု စစ်ကောင်စီလော်ဘီများ မဟုတ်မမှန် ဝါဒဖြန့်

    Red News / Fact Check
     
    ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့တွင် ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိသော တပ်ပေါင်းစုံတပ်ဖွဲ့များ၏ ဒဏ်ရာရရှိမှုစသည့် မြေပြင်အခြေအနေများကို Free Burma Rangers (FBR) အဖွဲ့က ပါဝင်ကူညီပေးနေသည့် ရုပ်သံထုတ်ပြန်မှုကို အခြေခံပြီး စစ်ကောင်စီလော်ဘီများက ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဆိုသည့် ဝါဒဖြန့်မှုများကို တယ်လီဂရန်ချန်နယ်များတွင် ပြုလုပ်နေသည်။
     
    စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ
    ————————————
    မိုးဗြဲမြို့သိမ်းတိုက်ပွဲ ဖေဖော်ဝါရီ ၅ရက်တွင် FBR က တိုက်ပွဲအတွင်း အရေးပေါ်ဆေးကုရေး၊ ရွေ့ပြောင်းကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းရုပ်သံဖိုင်နှင့် ရုပ်သံဖိုင်တွင်ပါရှိသည့် အဖွဲ့ခေါင်းဆောင် ဒေးဗစ်ယူဘန့် (David Eubank) ၏ ဆုတောင်းစကား “and trying to help,in Jesus’ name”ကို မျဉ်းဝါပြကာ “ကယား၊ ကရင်၊ ရခိုင်ဘက်က တိုက်ပွဲတွေက ပြည်ပကျူးကျော်စစ်တွေဖြစ်သလို ဘာသာရေးစစ် အသွင်ကိုလည်း ဆောင်တယ်။ ဘူမသိ ကိုးမသိ ဗမာငပိန်းတွေက ပိန်းပိတ်နေဆဲပဲ” (မူရင်းအရေးအသား) ဟု စစ်ကောင်စီလော်ဘီ Ko Thet ချန်နယ်မှ ဇူလိုင် ၃ တွင် စတင်၍ ဝါဒဖြန့်နေသည်။

    (more…)

  • အမျိုးသားရေးခေါင်းပေါင်း နှင့် စစ်ခေါင်းဆောင်၏ မအောင်မြင်သည့် နှစ်တနှစ်

    အမျိုးသားရေးခေါင်းပေါင်း နှင့် စစ်ခေါင်းဆောင်၏ မအောင်မြင်သည့် နှစ်တနှစ်

    “မျိုးချစ်စိတ်နိုင်ငံချစ်စိတ်ဆိုတဲ့စကား အသုံးနှုန်းကတော့ တပ်ထဲမှာ အမြဲပြောလေ့ရှိပါတယ်။ တကယ်က နိုင်ငံနဲ့လူမျိုးကိုချစ်တယ် ဆိုတာကတော့ ခုအချိန်မှာ စကားအဖြစ်ပဲရှိတာလေ”

    ရေးသားသူ-စိုးဦး

    “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့် ဆောင်ပုဒ်ကို ကိုင်ဆွဲကာ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် “ဇာတိမာန်” သီချင်းသံများသည် အခြေခံပညာအထက်တန်းကျောင်း အများအပြား၌ ဆူဆူညံညံထွက်ပေါ်လာခဲ့သည်။

    ထိုအခမ်းအနားများကို စစ်ကောင်စီစိုးမိုးထားရာ ပဲခူးတိုင်းနှင့် မြို့ကြီးအချို့ရှိ အခြေခံပညာအထက်ကျောင်းများတွင်ပြုလုပ်ခဲ့ပြီး စစ်ယူနီဖောင်းဝတ်များနှင့် အုပ်ချုပ်ရေးအကြီးပိုင်းများက ကမကထ လုပ်ကာ ပါဝင်ကျင်းပခဲ့သည်။

    “တကျော့ပြန် အမျိုးသားရေးဝါဒ နှင့် စာသင်ကျောင်းများ”

    အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများကို မြို့နယ်၊ ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးများ ဦးဆောင်ကာ အခြေခံပညာကျောင်းအထက်တန်း ကျောင်းများတွင် ကျင်းပပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သဝဏ်လွှာမိန့်ခွန်းကို အုပ်ချုပ်ရေးမှူးများက ဖတ်ကြားပြသည်။ တချို့မြို့များတွင်တော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးများကိုယ်တိုင် စစ်ယူနီဖောင်းဖြင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

    “စာသင်ကျောင်းတွေမှာ သတင်းမီဒီယာကောင်စီနဲ့ YMBA (၂ဖွဲ့) ကနေ ဝါဒဖြန့်ချိမှုတွေကို ဦးဆောင်လုပ်တယ်။ စာသင်ကျောင်းတွေသာမကပဲ မြို့နယ် ပြန်ကြားရေးရုံးတွေမှာလည်း ပြုလုပ်လေ့ရှိတယ်။ သူတို့ဝါဒဖြန့်ချိမှုရဲ့ ဦးတည်အုပ်စုဟာ ကျောင်းသူ ကျောင်းသား လူငယ်အစိုးရဝန်ထမ်း ရဟန်းသံဃာ စစ်မှုထမ်းဟောင်းတွေဖြစ်တယ်။ အဓိက ဟောပြောတဲ့ ခေါင်းစဉ်တွေက အမျိုးသားရေး အသိရှိဖို့ ၊ သတင်းတုသတင်းမှားများကို မယုံကြည်ဖို့ စတာတွေ ဖြစ်တယ်။” ဟု ပြည်တွင်းအခြေစိုက် သုတေသနအဖွဲ့အစည်းမှ အမည်မဖော်လိုသူ ကအဖွဲ့အစည်း၏ လေ့လာတွေ့ရှိချက်ကို ပြောသည်။

    (more…)

  • ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွား စေရန် စစ်ကောင်စီဖန်တီးနေ

    ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွား စေရန် စစ်ကောင်စီဖန်တီးနေ

    RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။

    ပအိုဝ်းပြည်သူများနှင့် ကရင်နီပြည်သူများအကြား အမုန်းတရားကြီးထွားလာစေရန် လုပ်ကြံဖန်တီးပြီး ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်နေသော အကြမ်း ဖက်စစ်ကောင် စီ၏လုပ်ရပ်များအား ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC က ပြင်းပြင်း ထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

    ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းရွာဘုန်းကြီးကျောင်းအတွင်းတွင် ကျောင်းထိုင် ဆရာတော်အပါအဝင် သံဃာတော်(၃)ပါး၊ အမျိုးသမီး (၁)ဦးနှင့်အမျိုးသား(၁၈)ဦးတို့ကိုစစ်ကောင်စီတပ်က ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းသည် “လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု” နှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် “စစ်ရာဇဝတ်မှု” မြောက်ကြောင်း သိရသည်။

    (more…)

  • ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့သည့်စစ်ကောင်စီကို နိုင်ငံတကာမှ အရေးယူနိုင်မည်လား

    ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့သည့်စစ်ကောင်စီကို နိုင်ငံတကာမှ အရေးယူနိုင်မည်လား

    ရိုဟင်ဂျာလူမျိုးသောင်းဂဏာန်အထိသတ်ဖြတ်ခံခဲ့ရပြီးရိုဟင်ဂျာကျေးရွာပေါင်းလေးရာနီးပါးအထိ မီးရှို့ဖျက်ဆီးခံခဲ့ကြရပြီးနိုင်ငံတကာစစ်တမ်းများအရ ရိုဟင်ဂျာအမျိုးသမီးနှင့် မိန်းကလေးငယ်ပေါင်း ၁၈,၀၀၀သည် အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံမှုများနှင့်အခြားသောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကျူးလွန်ခဲ့ပြီးအနည်းဆုံး ရိုဟင်ဂျာလူမျိုး၂၅,၀၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ကြရသည်

    BNA(Anailysis)

    မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက်တွင် မြန်မာပြည်အနောက်ဖက်နယ်စပ်၌ လူမျိုးတုံးသတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့သည်။

    အဆိုပါဖြစ်စဥ်သည် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အပြီးသတ်အစီရင်ခံစာထုတ်ပြန် သောသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၄ ရက်နေ့ညတွင် စတင်ခဲ့ခြင်းဖြစ်သည်။

    ထိုမောင်တော၊ဘူးသီးတောင်၊ရသေ့တောင်သုံးမြို့နယ်ရှိ မြန်မာစစ်တပ်၏ နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ ကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဖြစ်သည့် အာဆာအကြမ်း ဖက်အဖွဲ့က တပြိုင်နက်တည်းဝင်တိုက် သည်ကို အကြမ်းဖက်နှိမ်နင်းရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာအစိုးရက ဆိုထားသည်။

    (more…)

  • လူမျိုးရေးထောင်ချောက်မှကင်းလွတ်သူဗိုလ်မှူးစောလွင်

    လူမျိုးရေးထောင်ချောက်မှကင်းလွတ်သူဗိုလ်မှူးစောလွင်

    ဖိနှိပ်သူ စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးမလုပ်သရွေ့ အကုန်လုံး စစ်ကျွန်ဘဝမှာပဲ ရှိနေကြရဦးမှာပါ။ စီးပွားရေးအရ လက်ဝါးကြီးအုပ်ထားတဲ့ အရင်းရှင်၊ခရိုနီတွေကို မတွန်းလှန်မချင်း ကျနော်တို့ နင်းပြားအဆင့်က တက်နိုင်ကြမှာမဟုတ်ပါဘူး။ တကယ်က တိုက်ပွဲတခုမှာ ၊ လှုပ်ရှားမှုအဆင့်တဆင့်မှာ၊ တော်လှန်ရေးတရပ်မှာ ဖြူဖြူ မည်းမည်း အတူတွဲပြီး ဖိနှိပ်သူကို တွန်းလှန်ပစ်ဖို့ပဲ လိုအပ်ပါတယ်

    ကျော်ကိုကို (၁၅.၆.၂၀၂၀)

    ကျနော်တို့ဆီမှာ အတော်ညံစီနေတဲ့ အငြင်းအခုန်တခုကို တွေ့နေ၊မြင်နေ၊ကြားနေရပါတယ်။ဒီဇာတ်လမ်းက အမေရိကမှာ လူမည်းတွေရှင်သန်ရပ်တည်ရေးလှုပ်ရှားမှုစတင်ပြီးနောက်ပိုင်း ဒီကလူငယ်အချို့က လှုပ်ရှားမှုပြုလုပ်လာတဲ့ ကမ်ပိန်းတခုကနေ စခဲ့တာလို့ ပြောရပါလိမ့်မယ်။”Don’t Call me K- words” ငါ့ကို ကကြီးလို့ မခေါ်နဲ့ ဆိုတဲ့ လှုပ်ရှားမှုပါ။ရှေ့မှာလည်း အလားတူ လှုပ်ရှားမှုတခုကို ရခိုင်လူငယ်တွေ ပြုလုပ်ခဲ့ဖူးပါတယ်။အခု ကမ်ပိန်းနဲ့ ဆင်တူဆိုပေမယ့် အရှေ့နဲ့အနောက်လွဲပါတယ်။ Call me Arakenese campaign ဖြစ်ပါတယ်။ ငါ့ကို အရကန်လို့ခေါ်ပါဆိုတဲ့ တောင်းဆိုလှုပ်ရှားမှုပါ။ဒီလှုပ်ရှားမှုနှစ်ခုစလုံးကို ကျနော် နှိုင်းယှဉ်သုံးသပ်ကြည့်မိသလို ထောက်ပြဝေဖန်စရာတွေလည်းရှိနေပါတယ်။

    ငါ့ကို ဘယ်လိုခေါ်ပါ ဒါမှမဟုတ် ငါ့ကိုဘယ်လိုမခေါ်ပါနဲ့ စသဖြင့် မိမိတို့ကိုယ်ကို မည်သို့မည်ပုံ ခေါ်ဆိုသုံးစွဲပေးဖို့ မိမိတို့ရဲ့ အမှတ်သရုပ်ကို အတိအကျပုံဖော်တဲ့ identity politics ကို သူတို့နှစ်အုပ်စုစလုံး အသုံးချနေတဲ့နေရာမှာ တူပါတယ်။ကွဲလွဲချက်က ဒီနိုင်ငံမှာ ရခိုင်ကို အရကန်လို့ခေါ်ဖို့ရာ တိုက်တွန်းမှုအပေါ် ကန့်ကွက်သံ၊ဝေဖန်သံ ဘာတခုမှမထွက်ဘဲ ပြီးသွားပြီး အခုတခါလုပ်တဲ့ ကမ်ပိန်းကျခါမှ kalar ခေါ်ရေး၊ မခေါ်ရေးဟာ ဘက်ပေါင်းစုံက အငြင်းပွားစရာဖြစ်လို့လာခဲ့ပါတယ်။

    ကျနော့်ရဲ့ နိုင်ငံရေးအမြင်အရ လူမျိုးတမျိုးကို ဘယ်လိုခေါ်ရမယ် ဘယ်လိုမခေါ်ရဘူးဆိုတဲ့ အမှတ်သရုပ်လက္ခဏာနိုင်ငံရေးအပေါ်မှာ ဘာမှမှတ်ချက်ပေးလိုခြင်း ဆန္ဒတစွန်းတစမဖြစ်ပေါ်ပါဘူး။ဘာကြောင့်လဲဆိုရင် ကျနော်လက်ခံထားတဲ့ နိုင်ငံရေးအဘိဓမ္မာအရ အမှတ်အသား သရုပ်သကန်ဟာ အနှစ်သာရမဟုတ်တဲ့ကိစ္စဖြစ်တဲ့အပြင် လက်တွေ့ကျတဲ့ လူတန်းစားပဠိပက္ခကို ထင်ဟပ်နေတဲ့ ကိစ္စရပ်လည်း မဟုတ်နေလို့ပါဘဲ။ကျနော်လက်ခံထားတဲ့ အဘိဓမ္မာအရ လူတန်းစားကွဲပြားခြားနားမှုကသာ မတရားမှု၊လူ လူချင်း ဖိနှိပ်သွေးစုပ်မှု၊အထက်တန်းလွှာက အာဏာချုပ်ကိုင်မှု စတာတွေအားလုံးရဲ့ မြစ်ဖျားခံရာ တခုတည်းသောအကြောင်းရင်းဖြစ်တယ်လို့ ယုံကြည်တာပါ။ gender, sexual orientation, religious factors လိင်၊လိင်စိတ်ခံယူမှု၊ဘာသာရေးအခြေခံကွဲပြားခြားနားမှု အစရှိတဲ့ အကြောင်းခြင်းရာများဟာ social class လို့ခေါ်တဲ့ လူမှုအတန်းအစားကွဲပြားခြားနားမှုနဲ့ အပြန်အလှန် ဆက်စပ်နေတဲ့အကြောင်းအရာတွေမှန်သော်ငြားလည်း အဓိကအားဖြင့် လွှမ်းမိုးထားနိုင်တဲ့ အကြောင်းတရားတွေတော့ မဟုတ်ပါဘူး။ ဆိုလိုချင်တာက ဘဝအပေါ် သေရေးရှင်ရေးဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အထိ ခြယ်လှယ်နိုင်စွမ်းမရှိတဲ့ အခြေခံမကျတဲ့ တရားတွေလို့ပဲ ဆိုချင်ပါတယ်။

    (more…)

  • စစ်တွေ ဘင်္ဂလီ ဒုက္ခသည်စခန်းမှ ပုံရိပ်များ

    စစ်တွေ ဘင်္ဂလီ ဒုက္ခသည်စခန်းမှ ပုံရိပ်များ

    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေး နိုင်ငံရေး စစ်မီးကြောင့် ဒုက္ခသည် အများအပြား ရှိနေပါသည်။ အခုဖော်ပြမှာကတော့ စစ်တွေမြို့တွင်ဖွင့်လှစ်ထားသည့် ဘင်္ဂလီ ဒုက္ခသည်စခန်းမှ ပုံရိပ်တချို့ ဖြစ်ပါသည်။ ရိုက်ကူး – ထွန်းမြတ်နိုင်

    (more…)