Red News Agency

Independent Journalism for Justice and Human Rights.

Tag: လေယာဉ်ဗုံးကြဲ

  • လက်ပံလှကျေးရွာ ဗုံကြဲခံရသည့်အတွက် ကလေးငယ် (၆)ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၂၇)ဦး သေဆုံး

    လက်ပံလှကျေးရွာ ဗုံကြဲခံရသည့်အတွက် ကလေးငယ် (၆)ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၂၇)ဦး သေဆုံး

    RNA_မတ်(၁၅)၊၂၀၂၅ ခုနှစ်။

    မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ လူစည်ကားရာ စျေးဆိုင်တန်းများအား စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် (၆) ဦးအပါအဝင် (၂၇) ဦးသေဆုံးပြီး (၃၀) ဝန်းကျင် ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကယနေ့ ထုတ်ပြန်ထားသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်နယ်မြေအတွင်းရှိ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက မတ်လ (၁၄)ရက်နေ့ နေ့လယ် (၃) နာရီဝန်းကျင်ခန့်က လူစည်ကားရာ စျေးဆိုင်တန်းများအား အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ မတ်လ (၄)ရက်နေ့တွင်လည်း လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ (၆)ဦး အသက်ဆုံးရှုံးခဲ့ရသည်။

    (more…)

  • တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ဘုန်းတော်ကြီးတပါးနှင့် မိသားစု ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးသေဆုံး

    တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ဘုန်းတော်ကြီးတပါးနှင့် မိသားစု ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးသေဆုံး

    RNA_ဇွန်(၂၇)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း မြောက်ယမား ရေလှောင်တမံဆည်ရင်းရှိ အစည်းအဝေးဆောင်နှင့် ညောင်ကုံးကျေးရွာကို ယနေ့ညနေ ၃ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၁၀ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၁ လုံးမီးလောင်ပျက်စီးသွားကြောင်း သိရသည်။

    “ညောင်ကုံးကျေးရွာကို တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တော့ နေအိမ်အတွင်းက မိသားစု ၅ ဦးတပြိုင်တည်းသေသွားတယ်၊ ဘုန်းကြီးတပါးလည်းပါတယ် အမျိုးသမီးတဦးပါတယ် အားလုံးသေ ၉ ဦးသေတယ်၊ ၈ ဦးဒဏ်ရာရှိတယ် ဒဏ်ရာရတဲ့အထဲမှာ ကလေး ၂ ဦးပါတယ်။ နေအိမ်က ၁၁ လုံးမီးလောင်တယ်။ မြောက်ယမားဆည်ရင်းက အစည်းအဝေးဆောင်မှာကြတော့ အမျိုးသမီးတဦးသေတယ်၊ အမျိုးသမီးတဦးဒဏ်ရာရတယ်” ဟု ပုလဲအခြေစိုက် Red News Agency သတင်းထောက်က ပြောကြားထားသည်။

    (more…)

  • စောလုံကျေးရွာအား စစ်ကောင်စီတပ်လေကြောင်းမှ နံနက်စောစော ဗုံးကြဲမှုအတွင်း ၁၇ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံး

    စောလုံကျေးရွာအား စစ်ကောင်စီတပ်လေကြောင်းမှ နံနက်စောစော ဗုံးကြဲမှုအတွင်း ၁၇ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံး

    RNA_မေ(၁၇)၊၂၀၂၃ခုနှစ်။
     
    ကယား(ကရင်နီ)ပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ စောလုံကျေးရွာအား ယနေ့ နံနက် ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ် လေကြောင်းမှ လာရောက်ဗုံးကြဲသွားသည့်အတွက် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံးပြီး အမျိုးသား ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
     
    “လေယာဉ်ဗုံးကျဲမှု‌ကြောင့် ‌ကျေးရွာ ဆေးပေးခန်း အဆောက်အဦး၂လုံး၊လူနေအိမ် ၆လုံး ပျက်ဆီးခဲ့ပါသည်။ဘုန်းကြီးကျောင်း တစ်ကျောင်း အနည်းငယ် ထိခိုက်ခဲ့ပါသည်” ဟု ဘောလခဲ PDF ကထုတ်ပြန်ထားသည်။

    (more…)

  • ကျားဖြူတပ်ခွဲ စခန်းတခု လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး PDF ရဲဘော်(၃) ဦးကျဆုံး

    ကျားဖြူတပ်ခွဲ စခန်းတခု လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး PDF ရဲဘော်(၃) ဦးကျဆုံး

    RNA_မေ(၉)၊ ၂၀၂၃ ခုနှစ်။
     
    ပြည်သူ့ကာကွယ်ရေးတပ် ကျားဖြူတပ်ခွဲ (၁) စခန်းတခုကို စစ်ကောင်စီတပ်လေကြောင်းမှ မေလ ၈ ရက်နေ့ညပိုင်းက လေယာဉ်ဖြင့် ဗုံးလာကြဲသည့်အတွက် စခန်းမှ ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
     
    စစ်ကောင်စီတပ်၏ လေကြောင်းအသုံးပြုပစ်ခတ်မှုအတွင်း ကျားဖြူတပ်ခွဲ (၁) မ PDF ရဲဘော် ဇွဲမာန်လင်း(ခ) စနေ၊ ရဲ​ဘော် ​ထွန်းလင်းအောင် (ခ)မြကြီး၊ ရဲမေ မခင်သန္တာဆွေ(ခ)မမြင့်တို့ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် အပစ်မဲ့ပြည်သူများ သေဆုံး

    စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် အပစ်မဲ့ပြည်သူများ သေဆုံး

    RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။

    တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ စာသင်ကျောင်းအနီး စစ်ကောင်စီတပ် လေကြောင်းမှ ယနေ့နံနက် ( ၁၁) နာရီခန့်က ဗုံး (၂) ကြိမ် ကြဲချသည့်အတွက် နေရာတွင် ပြည်သူ (၇) ဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသူများပြားကြောင်း၊ ဒဏ်ရာရရှိသူများထဲတွင်လည်း သေဆုံးမှုများ ရှိနိုင်သေးသည်ဟု ဒေသခံတချို့ထံမှ သိရသည်။

    [embedyt] https://www.youtube.com/watch?v=4rF7PL9nzwA[/embedyt]

    #RedNewsAgency

  • စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ ယာယီအထိုင်ရုံး ဗုံးကြဲခံရ

    စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ ယာယီအထိုင်ရုံး ဗုံးကြဲခံရ

    RNA_ဇန်နဝါရီ(၁၅)၊၂၀၂၃ ခုနှစ်။
     
    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီယာယီအထိုင်ရုံးပြုလုပ်ထားသည့် ပလိပ်ထွီ ဘုန်းတော်ကြီးကျောင်းအဆောက် အဦပေါ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
     
    “လေယာဥ်ဗုံးကြောင့် တစ်ဖွဲ့လုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ် အဖွဲ့၀င် နှစ်ယောက်မှာ ပြင်းထန်ဒဏ်ရာ မစိုးရိမ်ရ အခြေအနေပါ။ ငွေသားသိန်းသုံးဆယ်၊ ရုံးသုံး Computer တစ်လုံး၊ Solar သုံးချပ်၊ Hymon Jeep ကား တစ်စီး ၊ Battery လေးလုံး၊ ဖုန်းနှစ်လုံး၊ Printer တစ်လုံး ၊ ဆိုင်ကယ် နှစ်စီး ၊ ခြုံစောင်များ နှင့် အခြားလူသုံးကုန်ပစ္စည်း အားလုံးနီပါး စုတ်ပြတ်ပျက်စီးသွားခဲ့ပါတယ်” ဟု Mindat Township IDPs Camp Management Committee က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)