Tag: လေကြောင်းတိုက်ခိုက်မှု
-

ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေ
RNA_ဇူလိုင်(၂၉)၊၂၀၂၄ ခုနှစ်။မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်ပြီး ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို ထိမ်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။ဒေသတွင်းတော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ်မေလ အတွင်းကတည်းက စလင်းမြို့နယ်၊ ငလှိုင်တွင်း ကျေးရွာအနီးရှိ ( ရေနံစိမ်းထွက်ရှိသည့်ဒေသ) စစ်ကောင်စီတပ်စခန်းကို မောင်းထုတ်နိုင်ခဲ့ပြီး ဒေသတွင်းစိုးမိုးမှုများလုပ်ဆောင်ခဲ့ကြောင်း၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းနယ်အတွင်းရှိ ဆည်တချို့မှ စစ်ကောင်လက်အောက်ခံများကိုလည်း မောင်းထုတ်ထားပြီး နယ်မြေစိုးမိုးမှုများရရှိထားကြောင်း ဒေသတွင်း စစ်ရေးသတင်းရစ်မြစ်က ပြောကြားထားသည်။ -

ပညာရေးနဲ့ စစ်ပွဲကြား ဗျာများရအုံးမယ့် အနာဂတ်…
“စစ်မီးပူနေတဲ့ မြို့ပေါ်မှာ ကျောင်းသားတွေကို ကျောင်းကိုလွှတ်ဖို့ ဆိုတာ မိဘတွေအတွက် စွန့်စားလွန်းရာကျသလို စစ်ပွဲတိုက်ရိုက်မဖြစ်ပွားနေတဲ့ မြို့တွေပေါ်ကို ကျောင်းပြောင်းဖို့ကိုလည်း ခွင့်ပြုမပေးတာကြောင့် ကျောင်းသားမိဘတွေအတွက် ရွေးချယ်ရခက်နေတယ်။ နယ်မြေအတွင်းမှာ စစ်ပွဲတွေဖြစ်ပြီးပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရတာကို ဖုံးကွယ်ချင်ယုံနဲ့ အဖြူအစိမ်း ကျောင်းသားငယ်တွေကို စာသင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကျောင်းတွေမှာ လူစုလူဝေးဖန်တီးချင်တာပဲ ဖြစ်တယ်”
ရန်နိုင် – Wiper
မိုးဦးရာသီနဲ့အပြိုင် ကျောင်းသူ၊ ကျောင်းသားလေးတွေရဲ့ အဖြူအစိမ်း တူညီဝတ်စုံလေးတွေနဲ့ တင့်တယ်နေပုံက မြန်မာနိုင်ငံအတွက် မရိုးနိုင်တဲ့အလှအပ တခုပဲ။ သားသမီးတွေကို ရင်အုပ်မကွာ ထားတတ်တဲ့ မိဘတွေအတွက် ကိုယ့်ရဲ့ရင်သွေးလေးတွေကို ပညာတတ်ဖို့ဆိုတဲ့စိတ်နဲ့ စာသင်ကျောင်းဆိုတဲ့နေရာကို မပို့ချင်ပေမယ့်လည်း ပို့ကြရတယ်။ စိတ်မချတတ်တဲ့ မိဘတွေက မူလတန်းအရွယ် ကလေးမဟုတ်ပဲ အထက်တန်းကျောင်းသားကြီးတွေဖြစ်နေရင်လဲ ကျောင်းပေါက်ဝထိ လိုက်ပို့ပြီး ဆရာ၊ ဆရာမလက်ထဲ အပ်လိုက်ရမှာ စိတ်ချတတ်ကြတယ်။
နိုင်ငံကိုအုပ်ချုပ်တဲ့ ခေါင်းဆောင်မကောင်းရင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေလဲ အန္တရာယ်တွေ ဝိုင်းနေတတ်တယ်။ အာဏာနဲ့လက်နက်ကို အားကိုးတတ်တဲ့ အုပ်ချုပ်သူ လူတန်းစားတရပ်ကြောင့် ပညာရေးနယ်မြေ၊ ဘာသာရေးနယ်မြေ၊ ကျန်းမာရေးနယ်မြေရယ်လို့ သတ်မှတ်ချက်မရှိပဲ အချိန်မရွေး လူသတ်လက်နက်တွေအသုံးပြုတဲ့နယ်မြေဖြစ်လာနိုင်တယ်။ ပညာသင်ကြားနေတဲ့ ကလေးငယ်ဖြစ်ဖြစ်၊ ကလေးမိဘပဲ ဖြစ်ဖြစ် အသက်အန္တရာယ် အချိန်မရွေးကျရောက်နိုင်တဲ့ စစ်ပွဲရဲ့ ကြမ်းတမ်းမှုကို ကြုံကြရမှာ စိတ်ပူမိတယ်။

ဓာတ်ပုံ – စစ်ကောင်စီဝန်ခံထားသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုအပြီး မြင်ကွင်း။ ကျောင်းတတ်ရမယ့် အချိန်ရောက်လာပေမယ့်လည်း တနိုင်ငံလုံးစစ်ပွဲရဲ့အငွေ့အသက်တွေ လွှမ်းမိုးနေသလို ငြိမ်းချမ်းဖို့ဆိုတဲ့အနာဂတ်ကလည်း အလှမ်းဝေးနေဆဲပဲ။ မငြိမ်းချမ်းတဲ့ နိုင်ငံအတွင်းမှာ ပြည်သူလူထု အားလုံးလည်း လူမှုဒုက္ခတွေကို ဆိုးဆိုးဝါးဝါးကြုံနေကြရတယ်။ စစ်ပွဲတွေ ထူပြောနေတဲ့ တနိုင်ငံလုံးမှာ ကျောင်းသားအရွယ် ကလေးငယ်တွေလဲ စစ်ရှောင်ဘဝနဲ့ပြေးနေရသူတွေလည်း ပေါများနေဆဲပဲ။ စစ်ပွဲတွေ ဘာလို့များနေလဲ၊ စစ်ရှောင်တွေကို ဘယ်လိုဖြေရှင်းမလဲ မစဉ်းစားတတ်တဲ့ အာဏာရှင်အုပ်ချုပ်သူတွေက ကျောင်းသားတွေများရင် ပညာတတ်တွေများမယ်လို့ သတ်မှတ်ခဲ့တယ်။ တနှစ်တစ်တန်းအောင်ရင် လူသားရင်းမြစ်တွေ ဖွံ့ဖြိုးလာမယ်လို့ သတ်မှတ်ခဲ့တယ်။
-

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုက တော်လှန်ရေးကို မဟန့်တားနိုင်
RNA_နိုဝင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုသည် တိုက်ပွဲများထက် အရပ်သားများကို ဦးတည်တိုက်ခိုက်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးကို မဟန့်တားနိုင်ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး – Burma Affairs & Conflict Study ( BACS) အဖွဲ့မှ ကိုမင်းထက်အောင်က ပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=xY6nI_3s5t0[/embedyt]
၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၉ လတာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့် အလေ့အထားများ အစီရင်ခံစာကို ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး – Burma Affairs & Conflict Study ( BACS) က ယခုလအတွင်း ထုတ်ပြန်ထားသည်။
-

လေကြောင်းတိုက်ခိုက်မှု ၃၉၅ ကြိမ်အတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးကျဆုံးခဲ့ရ
RNA_နိုဝင်ဘာ(၃၀)၊၂၀၂၃ ခုနှစ်။
မြေပြင်တိုက်ပွဲများအတွင်း ရှုံးနိမ့်နေသည့်အတွက် စစ်ကောင်စီ၏ လေတပ်မှ လေကြောင်းတိုက်ခိုက်မှု ၃၉၅ ကြိမ်ပြုလုပ်မှုအတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးကျဆုံးခဲ့ရပြီး အရပ်သား ၃၂၃ ထက်မနည်း သေဆုံးခဲ့ရကြောင်း သိရသည်။
မှတ်ချက် – စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့်အလေ့အထများ အစီအရင်ခံစာ PDF ရယူရန်
၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၉ လတာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့် အလေ့အထားများကို ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး – Burma Affairs & Conflict Study ( BACS) အဖွဲ့က ပြုလုပ်ထားသည့် အစီအရင်ခံစာတွင် လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်သည့် အချက်အလက်များကို ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ၉ လတာအတွင်း Jet Fighter ဖြင့် ၂၆၇ ကြိမ်၊ ရဟတ်ယာဉ်ဖြင့် ၁၀၉ ကြိမ် တိုက်ခိုက်ခဲ့ပြီး၊ Jet Fighter နှင့်ရဟတ်ယာဉ် ပူးတွဲတိုက်ခိုက်မှု ၁၉ ကြိမ်ပြုလုပ်ခဲ့မှုအတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးနှင့် အရပ်သား ၃၂၃ ဦးသေဆုံးခဲ့သည်ဟု BACS ၏ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့် အလေ့အထားများ အစီအရင်ခံစာတွင် ဖော်ပြထားသည်။ -

စစ်ကောင်စီတပ် ပြောင်းလဲလာသည့် စစ်ရေးဗျူဟာ
” နေ့ဘက် Drone ရန်ကာကွယ်ရန်၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုများကို ကာကွယ်ရန်အတွက် ညတိုက်ပွဲဗျူဟာကိုပြောင်းလဲအသုံးပြုလာရခြင်းဖြစ်ပါသည်။ ထို့အပြင် ယခင်လို တိုင်းရင်းသာလက်နက်ကိုင်စခန်းများနှင့် PDFစခန်းများကို နေ့အချိန်စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းများမပြုလုပ်တော့ဘဲ လေကြောင်းဖြင့်သာ ညဘက်တိုက်ခိုက်”အောင်ဇေစစ်တပ်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများတိုက်ခိုက်လာသည်မှာ သာမန်ရိုကျတိုက်ပွဲများနှင့် သာမန်ရိုးကျစစ်နည်းဗျူဟာများဖြင့်သာ တိုက်ခိုက်လာခဲ့ပါသည်။ ယခုအခါ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ် အာဏာသိမ်းပြီသည်နောက်ပိုင်းတွင် ယခင် ရင်းသားလက်နက်ကိုင်များသာမက ဒေသကာကွယ်ရေးတပ်များနှင့် PDFရဲဘော်များကိုပါ တိုက်ခိုက်လာရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့တိုက်ခိုက်လာရသော စစ်တပ်သည် ယခင် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်သလ်ို သာမန်ရိုးကျတိုက်ပွဲ သာမန်ရိုးကျ ဗျူဟာများကို အသုံးပြု တိုက်ခိုက်၍ မရတော့ဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း နည်းဗျူဟာနှင့် ညဘက်ချီတက်တိုက်ခိုက်ခြင်း နည်းဗျူဟာ (ညတိုက်ပွဲ)များကို ပြောင်းလဲ ကျင့်သုံးလာသည်ကို တွေ့ရှိရသည်။စစ်ကောင်စီတပ် တိုက်ပွဲပုံသဏ္ဍာန် ဘာ့ကြောင့် ပြောင်းလဲလားသလဲဆိုတော့ ဒေသကာကွယ်ရေးတပ်များနှင့် PDFတိုက်ခိုက်ရေးရဲဘော်များ၏ ဘယ်အချိန် ဘယ်နေရာမှပေါ်ပေါက်လာပြီး တိုက်ခိုက်လာမည်ကို မသိရှိရခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ စစ်ကြောင်းနှင့်ယာဥ်တန်းများအား ချုံခိုတိုက်ခိုက်ခြင်းနှင့် Drone များအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်ခြင်းများကို ခံလာရပြီး ထိခိုက်ကျဆုံးမှု များလာခြင်းကြောင်းဖြစ်သည်။ ရှမ်း- ကယားအစပ်က တိုက်ပွဲများတွင်လည်း နေ့လည်ခင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ Droneဖြင့် ဗုံးသီချတိုက်ခိုက်ခြင်း၊ ဘက်ပေါင်းစုံမှ စစ်ကောင်စီတပ်စစ်ကြောင်းကို ထိုးနှက်တိုက်ခဲ့ခြင်းတို့ကြောင့် စစ်ကောင်းစီတပ်မှ အရာရှိအပါဝင် စစ်သည်အများအပြားသေဆုံးထိခိုက်မှုများရှိခဲ့ပါသည်။ထို့ပြင်ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလားသော သံချပ်ကား(၂)စီးပါသော စစ်ကောင်စီစစ်ယာဥ်တန်းတခုကို ချင်းပြည်နယ် ဒေသကာကွယ်ရေးတပ်တို့က Dromeအသုံးပြုပြီး ဗုံးသီချတိုက်ခိုက်ပြီး ယာဥ်တန်းတခုလုံးကို အလစ်အငိုက် တိုက်ခိုက်လိုက်သောကြောင့် ယာဥ်တန်းတွင်ပါလာသော သံချပ်ကား(၂)စီးနင်း စစ်ယာဥ်တန်းတခုလုံး ဖျက်ဆီးခံရသည့်အပြင် ပါလာသောစစ်ကောင်စီတပ်သားအများအပြား ထိခိုက်ချဆုံးပြီ လက်နက်ခဲယမ်းနှင့် ရိက္ခာများကိုပါ သိမ်းဆည်းရမိသည်အထိ စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံးမှု များလာသောကြောင့် စစ်နည်းဗျူဟာများကို ပြောင်းလဲအသုံးပြုလာရခြင်းဖြစ်သည်ဟု ခန့်မှန်ုးမိပါသည်။