Tag: စစ်ကောင်စီလော်ဘီ

  • CNN အပါအဝင် Fox News, NBC, ABC စသည့် အမေရိကန်အခြေစိုက်သတင်းဌာနများကို မဟုတ်မမှန်အသုံးချပြီး စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်နေ

    CNN အပါအဝင် Fox News, NBC, ABC စသည့် အမေရိကန်အခြေစိုက်သတင်းဌာနများကို မဟုတ်မမှန်အသုံးချပြီး စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်နေ

    Red News / Fact Check

    အမေရိကန်သမ္မတ ထရမ့်၏ ဇူလိုင် ၇ က ပေးပို့လာသော မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့် အကြောင်းကြားစာအား စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဇူလိုင် ၁၀ တွင် အကြောင်းပြန်စာပေးပို့ခဲ့ခြင်းနှင့်ပတ်သက်၍ CNN အပါအဝင် Fox News, NBC, ABC စသည့် အမေရိကန်အခြေစိုက်သတင်းဌာနကြီးများက စစ်ခေါင်းဆောင်နှင့် ၎င်း၏အခွန်လျှော့ကောက်ရန် ပြန်လည်အကြောင်းကြားစာကို လွန်စွာနှစ်သက်သဘောကျနေကြောင်း စစ်တပ်လော်ဘီများက ဇူလိုင် ၁၂ တွင် စတင်ဝါဒဖြန့်ထားကြသည်။

    စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ

    CNN သတင်းဌာန၏ ဇူလိုင် ၁၂ ဖော်ပြချက်အရ စစ်ကောင်စီ၏ ပြန်စာသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် အကောင်းဆုံး အကြောင်းပြန်ကြားချက် သဝဏ်လွှာဖြစ်ပြီး ထရမ့်က လွန်စွာသဘောကျနှစ်ခြိုက်နေကြောင်း၊ Fox News သတင်းဌာနကလည်း မဲခိုးမှုကို ကျော်လွှားနိုင်သော၊ မဟုတ်မခံ ပြတ်ပြတ်သားသားနှိမ်နင်းနိုင်သော ဗိုလ်ချုပ်ကြီးအဖြစ် ချီးမွမ်းနေကြောင်း၊ အကြောင်းပြန်စာအား သဘောကျလွန်း၍  အမေရိကန်သတင်းဌာနကြီးများမှ တစ်နာရီခြားတစ်ခါ တစ်တိုင်းပြည်လုံးကို တီဗီမှ ထုတ်လွှင့်ပြသနေကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင် အုံးအုံးကျက်ကျက် ဟိုးလေးတကျော်ကျော် ဖြစ်နေကြောင်း၊ ထိုအကြောင်းများကြောင့် ထရမ့်အစိုးရက မြန်မာနိုင်ငံအပေါ် အခွန် ၂၀% နှင့်အောက်သာ ကောက်ခံသွားတော့မည်ဖြစ်ကြောင်း စသဖြင့် ရေးသားထားသောပို့စ့်ကို ဇွန် ၁၂ ညပိုင်းတွင် “နိုင်စိုးနှင့် အမျိုးများ”အမည်ခံ စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်က “ရွှေလမ်း ငွေလမ်းပေါက်ပါပြီ”ခေါင်းစဉ်ဖြင့် စတင်ဝါဒဖြန့်ဖော်ပြလာသည်။

    (more…)

  • အရပ်သားပြည်သူများသေဆုံးမှုကို PDF များသေဆုံးသည်ဟုဆိုကာ စစ်တပ်လော်ဘီများ ပုံစံအမျိုးမျိုးဖြင့် ဝါဒဖြန့်

    အရပ်သားပြည်သူများသေဆုံးမှုကို PDF များသေဆုံးသည်ဟုဆိုကာ စစ်တပ်လော်ဘီများ ပုံစံအမျိုးမျိုးဖြင့် ဝါဒဖြန့်

    Red News / Fact Check

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၃ ဦးအပါအဝင် စစ်ဘေးရှောင် အရပ်သားပြည်သူ ၃၀ ဝန်းကျင် သေဆုံးခဲ့ပြီး အယောက် ၅၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ခြင်းကို စစ်ကောင်စီလော်ဘီများက PDF များထိခိုက်သေဆုံးခြင်းသာဖြစ်သည်ဟု သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနိုင်ရန် အင်တိုက်အားတိုက် ဝါဒဖြန့်ထားကြသည်။

    စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များက အဆိုပါဖြစ်စဉ်အတွင်းမှ ဘုန်းကြီးကျောင်းကို PDF များ စခန်းချခိုအောင်းရာနေရာအဖြစ်လည်းကောင်း၊ လင်းတလူကျေးရွာကို PDF များစုဖွဲ့နေသော ရွာအဖြစ်လည်းကောင်း၊ သေဆုံးသူများကို PDF များအဖြစ်လည်းကောင်း၊ တာဝန်သိပြည်သူတစ်ဦး၏ နေရာနှင့်တကွ သတင်းပေးချက်အရ အတိအကျတိုက်ခိုက်ချေမှုန်းခဲ့ခြင်းအဖြစ်လည်းကောင်း စသဖြင့် ပုံစံအမျိုးမျိုးဖြင့် ပုံဖျက်ဝါဒဖြန့်ခဲ့ကြသည်။

    (more…)

  • လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA (၄၉) ဦး သေဆုံးခဲ့သည်ဟု စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်

    လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA (၄၉) ဦး သေဆုံးခဲ့သည်ဟု စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်

    Red News / Fact Check

    ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အား ဇွန်လ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA မှ ကျောက်ပေါက်နှင့် ရွှေဒါးဦးဆောင်အဖွဲ့မှ (၁၅) ဦး၊ ကျော်ဦးအဖွဲ့မှ ၁၃ ဦး၊ ကိုအေးအဖွဲ့မှ ၂၁ ဦး စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့သည်ကို TNLA ဘက်မှ တင်ပြီး ပြန်ဖျက်သွားသည်ဟုဆိုကာ စစ်ကောင်စီလော်ဘီများသည် ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။

    စစ်ကောင်စီလော်ဘီများဝါဒဖြန့်မှု
    ——————————
    စစ်ကောင်စီလော်ဘီ တယ်လီဂရန် ဗြုတ်စဗျင်းတောင်း သတင်းများ ဆိုသည့် ချန်နယ်မှစတင်ကာ ဇွန်လ ၂၉ ရက်နေ့က စတင်ဝါဒဖြန့်ခဲ့ရာ ကြည့်ရှုသူ တစ်ထောင်ကျော်သာရှိခဲ့သော်လည်း ထိုဝါဒဖြန့်အကြောင်းအရာအား အခြားသော ဖော်လိုဝါများသည့် လော်ဘီချန်နယ်များဖြစ်သည့် Kyaw Swar, Ko Thet, Snow Queen အပါအဝင် ချန်နယ် ၂၅ ခုက ကူးယူဝါဒဖြန့်ထားကြသဖြင့် ပျံ့နှံ့မှုအားကောင်းလျက်ရှိသည်။ Kyaw Swar ချန်နယ်တွင် ဝင်ရောက်ကြည့်ရှုသူ ၃ သောင်း ၄ ထောင်ခန့်၊ Ko Thet ချန်နယ်တွင် ၂ သောင်း ၄ ထောင်ကျော်နှင့် Snow Queen ချန်နယ်တွင် ခုနစ်ထောင်နီးပါးရှိခဲ့သည်။

    (more…)

  • NUG ၏ မြေအောက်ဆေးရုံကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီများ နည်းမျိုးစုံဖြင့် မဟုတ်မမှန်ဝါဒဖြန့်နေ

    NUG ၏ မြေအောက်ဆေးရုံကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီများ နည်းမျိုးစုံဖြင့် မဟုတ်မမှန်ဝါဒဖြန့်နေ

    Red News / Fact Check

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ မြေအောက်ဆေးရုံတည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီလော်ဘီများသည် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာဖိနှိပ်စော်ကားသည့်အကြောင်းအရာ၊ တော်လှန်ရေးအင်အားစုများ သိက္ခာကျစေမည့်အကြောင်းအရာ၊ ငွေကြေးအလွဲသုံးစား လုပ်ဆောင်နေသည် စသည့်အကြောင်းအရာတို့ဖြင့် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်မှုများကို တယ်လီဂရန်ချန်နယ်များတွင် အင်တိုက် အားတိုက်ဝါဒဖြန့်ချိနေကြောင်း တွေ့ရှိရသည်။

    စစ်ကောင်စီလော်ဘီ ဝါဒဖြန့်မှု
    —————————
    မြေအောက်ဆေးရုံနှင့်ပတ်သက်၍ လှောင်ပြောင်ထားသော ဝါဒဖြန့်ပို့စ်အား ဇွန်လ ၂၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ လော်ဘီများဖြစ်သော အကုန်သိချန်နယ်နှင့် မှိုင်းဝေချန်နယ်တို့မှစတင်ကာ အလှူခံထားသောငွေနှင့် ပတ်သက်ပြီး မဟုတ်မမှန်ဝါဒဖြန့်ချိထားမှုကို တွေ့ရှိရသည်။ ၎င်းတို့ တင်ထားသောပို့စ်ကို တစ်နေ့တည်းမှာပင် စစ်ကောင်စီလော်ဘီ ချန်နယ် (၁၇) ခုကနေ ထပ်မံဖြန့်ချိခဲ့ကြပါတယ်။ ဇွန်လ ၂၇ ရက်နေ့မှာလည်း စစ်ကောင်စီလော်ဘီချန်နယ် (၄) ခုကနေ ထပ်မံဝါဒဖြန့်ခဲ့ကြသည်။ အကုန်သိချန်နယ်မှ ဖြန့်ဝေသော မြေအောက်ဆေးရုံနှင့်ပတ်သက်သောဝါဒဖြန့်ပို့စ်ကို ကြည့်ရှုသူ တစ်သောင်းတစ်ထောင်ကျော် ရှိခဲ့သည်။

    (more…)

  • ရေးဘီလူးတပ်ဖွဲ့ လုံခြုံရေးစစ်ဆေးမှုကို စစ်ကောင်စီလော်ဘီတွေ မခံမရပ်နိုင်ဖြစ်နေ

    ရေးဘီလူးတပ်ဖွဲ့ လုံခြုံရေးစစ်ဆေးမှုကို စစ်ကောင်စီလော်ဘီတွေ မခံမရပ်နိုင်ဖြစ်နေ

    RNA_စက်တင်ဘာ(၁၇)၊၂၀၂၄ခုနှစ်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ရွာထိပ် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ရှိသည့်တံတားအနီး ရေးဘီလူးတပ်ဖွဲ့ ရဲဘော်များ ယမန်နေ့က နယ်မြေလုံခြုံရေး စစ်ဆေးမှုများအပေါ်  စစ်ကောင်စီလော်ဘီများမခံမရပ်နိုင် ဖြစ်နေကြောင်း တွေ့ရှိရသည်။

    ရေးဘီလူးတပ်တပ်ဖွဲ့ နယ်မြေလုံခြုံရေး စစ်ဆေးခဲ့သည့် ကျောင်ရွာတွင် စစ်ကောင်စီတပ် ၂ တပ်ရှိပြီး စစ်ကောင်စီလော်ဘီတွေဖြစ်သည့် “နန်းငယ်” တယ်လီဂရန်နှင့်အခြားသော စစ်ကောင်စီလော်ဘီချန်နယ်များတွင် “ရေးတပ်နယ် က လုံခြုံရေးတာဝန်ရှိသူတွေ မရှက်ကြဘူးလား” ခေါင်းစဉ်ဖြင့် ” ?သစ္စာမဲ့နေတာလား? ? သူရဲဘောကြောင်နေလား? ?လောက်ကောင်တွေလား?” စသည့်မေးခွန်းများဖြင့် စွပ်စွဲပြောဆိုကာ မခံမရပ်နိုင်ဖြစ်နေကြကြောင်း တွေ့ရှိရသည်။

     

    #RedNewsAgency #RNA