မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ဖမ်းသည့် စခန်းမှူး ဆိုင်ကယ်ယာဉ်တန်း မိုင်းဆွဲခံရ

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ဖမ်းသည့် စခန်းမှူး ဆိုင်ကယ်ယာဉ်တန်း မိုင်းဆွဲခံရ

RNA- အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ မုံရွာမြို့ လူထုသပိတ် ခေါင်းဆောင်တဦးဖြစ်သူ ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ဖမ်းခဲ့သည့် စခန်းမှူး မြင့်ဆွေပါသည့်ဆိုင်ကယ်ယာဉ်တန်း ယနေ့ နံနက် ၈ နာရီကျော်က Kanbalu Underground Warriors (KBU-UG) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒလန် အရှင်းခံရသည့် ကန့်ဘလူမြို့နယ် ရီးဒွေးကျေးရွာ ကိစ္စကို ကန့်ဘလူမြို့နယ် ထနိးကုန်းရွာ နယ်မြေ စခန်းက မြင့်ဆွေအပါအဝင် ရဲအဖွဲ့ ဆိုင်ကယ်များဖြင့် လာရောက်စဉ် မိုင်းဆွဲခံရခြင်း ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများရှိပေမဲ့ တိတိကျကျ မပြောနိုင်သေးကြောင်း၊ ရီးဒွေးရွာရှိ ပျူစောထီး ဒလန် ပူတူးကို အောက်တိုဘာ ၂၆ ရက်နေ့ည ၉…
Read More
တပ်မတော်ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် နိုင်ငံရေးတွင်ဝင်နေမှုမှ နှုတ်ထွက်ရန် KNU တောင်းဆို

တပ်မတော်ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် နိုင်ငံရေးတွင်ဝင်နေမှုမှ နှုတ်ထွက်ရန် KNU တောင်းဆို

RNA- အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် တပ်မတော်က နိုင်ငံရေးတွင်ပါဝင်နေမှုမှ နှုတ်ထွက်ကြောင်း ကြေငြာရန် ယနေ့ ( အောက်တိုဘာလ ၁၅ ရက်) နံနက်ပိုင်းက KNU က ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်သည်။ ကရင်အမျိုးသားအစည်းအရုံး – KNU သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရေးမျှော်မှန်းကာ NCA ( တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် – Nationwide Ceasefire Agreement) လက်မှတ်ရေးထိုးခဲ့သည်မှာ ယနေ့ (၆) နှစ်ပြည့်နေ့တွင် အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့သည်။ လက်ရှိ ဆိုးဝါးနေသည့် နိုင်ငံရေးအ‌ခြေအနေအား ကယ်တင်နိုင်ရန်အတွက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူများအားလုံးကို…
Read More
စစ်ကောင်စီအလိုကျ တရားစီရင်နေသောတရားသူကြီးသည် ပြစ်မှု ကျူးလွန်နေခြင်းဖြစ်သည်ဟု NUG က ထုတ်ပြန်

စစ်ကောင်စီအလိုကျ တရားစီရင်နေသောတရားသူကြီးသည် ပြစ်မှု ကျူးလွန်နေခြင်းဖြစ်သည်ဟု NUG က ထုတ်ပြန်

RNA ၊ အောက်တိုဘာ ၈ ရက်။ စစ်ကောင်စီအလိုကျ တရားစီရင်နေသော တရားသူကြီးသည် ပြစ်မှုကျူးလွန်နေခြင်းဖြစ်သည်ဟု NUG တရား ရေးဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ Red News Agency
Read More
မင်းအောင်လှိုင် ပူတာအိုလာမည်ကို လက်မခံကြောင်း လက်နက်ကြီး ပစ်ခတ် သတိပေး

မင်းအောင်လှိုင် ပူတာအိုလာမည်ကို လက်မခံကြောင်း လက်နက်ကြီး ပစ်ခတ် သတိပေး

RNA – အောက်တိုဘာ ၃ ရက်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပူတာအိုမြို့သို့ လာမည်ကို လက်မခံကြောင်း ပူတာအို PDF က ယနေ့ ( အောက်တိုဘာ ၃ ရက်) နံ‌နံစောစော ၁ နာရီဝန်းကျင်က မူလာရှီးဒီ အထူးစစ်ဆေးရေး စုပေါင်းဂိတ်ကို လက်နက်ကြီး ပစ်ခတ် သတိပေးလိုက်ကြောင်း သိရသည်။ ” အခုချိန်မှာ အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ပူတာအိုသို့ လာမည်ဖြစ်သည့်အတွက် ပူတာအိုမှ လက်မခံကြောင်းနှင့် ရောရှိလာပါက ဒီထက်ကြမ်းသော သတိပေးပစ်ခတ်မှုများ ပြုလုပ်သွားမည်” ဟု PUTAO PDF က ယနေ့နံပိုင်းတွင် ထုတ်ပြန်ထားသည်။ ယနေ့ နံနက်…
Read More
NUGက PRA ကို ကျပ်သိန်း ၂၀၀ ထောက်ပံ့

NUGက PRA ကို ကျပ်သိန်း ၂၀၀ ထောက်ပံ့

RNA- စက်တင်ဘာ ၂၅ ရက်။ အမျိုးသားညီညွတ်ရေး အစိုးရ- NUG က People Revolution Army (PRA)ကို ကျပ်သိန်း ၂၀၀ ထောက်ပံ့ပေးခဲ့‌ကြောင်း PRA က ထုတ်ပြန်ထားသည်။ Red News Agency
Read More
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီတပ်သားများပါလာသည့် ကားကြီး ၂စီးကို မိုင်းခွဲတိုက်ခိုက်

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီတပ်သားများပါလာသည့် ကားကြီး ၂စီးကို မိုင်းခွဲတိုက်ခိုက်

RNA – စက်တင်ဘာ ၂၃ ရက်။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနှင့် ရေပိုးစား ကျေးရွာအကြား မန္တလေးမှ မုံရွာဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်သားများပါလာသည့် ယာဉ်ကြီး ၂ စီးကို ယနေ့ ( စက်တင်ဘာလ ၂၃ ရက်) နံနက်ပိုင်းက မိုင်းခွဲ တိုက်ခိုက်ခဲ့သည်ဟု ချောင်းဦး PDF က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သားများပါလာသည့် ယာဉ်ကြီး၂ စီးမှာ မိုင်းထိပြီး ဘယ်ဘက်အခြမ်းထိပြီး သေဆုံးသူ ၆ ဦးထက်မနည်း ရှိနိုင်ကြောင်း၊ ဒဏ်ရာရရှိသူများရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ #rednewsagency
Read More
စက်တင်ဘာလ ၂၀ ရက်နေ့အထိ KNDO တပ်ရင်း ၁ နယ်မြေ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၅ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ

စက်တင်ဘာလ ၂၀ ရက်နေ့အထိ KNDO တပ်ရင်း ၁ နယ်မြေ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၅ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ

RNA- စက်တင်ဘာ ၂၀ ရက်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးလက်အောက် ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – KNDO တပ်ရင်း (၁) နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် စက်တင်ဘာ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ တိုက်ပွဲ ၄၅ ကြိမ် ဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်က ၃၅ ဦးသေဆုံးကာ ၅၁ ဦး ဒဏ်ရာရရှိသည်ဟု ယနေ့တွင် ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။ ” သံလွင်မြစ်ကမ်းနားရှိ အာဏာသိမ်းစစ်ကောင်စီ ၏ တပ်စခန်းအချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့မှတိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ကျရှုံးသွားသော တပ်စခန်းများကို စစ်ကောင်စီဖက်မှပြန်လည် တိုက်ယူရန် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း KNDO…
Read More
ပစ်ခတ်မှုများတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၂၅ ယောက်သေဆုံး

ပစ်ခတ်မှုများတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၂၅ ယောက်သေဆုံး

RNA- စက်တင်ဘာ ၁၇ ရက်။ တိုင်ရင်းသားလက်နက်ကိုင်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စက်တင်ဘာလ ၁၆ ရက်‌နေ့က စစ်ကောင်စီဘက်က အနည်းဆုံး ၂၅ ယောက်သေဆုံးကြောင်း သိရသည်။ NUG အစိုးရ ပြည်ထဲရေးဌာန ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များအရ ချင်းပြည်နယ် ကျင်ဒွေးမြို့နယ်တွင် ၇ ယောက်၊ ကန်ပက်လက်နှင့်ဆော့မြို့အကြား ၇ ယောက်၊ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ၆ ယောက်၊ မန္တလေးတွင် ၁ ယောက်၊ ကယားပြည်နယ် ဒီမော့ဆို မြို့နယ်တွင် ၄ ယောက် စစ်ကောင်စီဘက်က သေဆုံးခဲ့သည်ဟု ဆိုသည်။ အာဏာသိမ်း စစ်ကောင်စီ၏ စစ်ရေးပစ်မှတ် – ၁၂ နေရာ၊…
Read More
စစ်ကောင်စီကို ဝင်တိုက်ရာ ချောင်းဦးPDF အဖွဲ့က ၄ ဦးကျပြီး ၁ ဦးအဖမ်းခံရ

စစ်ကောင်စီကို ဝင်တိုက်ရာ ချောင်းဦးPDF အဖွဲ့က ၄ ဦးကျပြီး ၁ ဦးအဖမ်းခံရ

RNA – စက်တင်ဘာ ၁၆ ရက်။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကုလားကြီးကျေးရွာနှင့် ကံဇီးကျေးရွာတို့တွင် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့က အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်နေသည့်အတွက် ချောင်းဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ( စက်တင်ဘာလ ၁၆ ရက်) တွင် မိုင်းဆွဲတိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၄ ဦးကျဆုံးပြီး ၁ ဦးဖမ်းခံလိုက်ရကြောင်း သိရသည်။ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြောက်ကျား တပ်ဖွဲ့က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ စစ်ကောင်စီတပ် အထိအခိုက်ရှိပြီး လက်နက်ကြီးငယ်များဖြင့် ရမ်းသန်းပစ်ခတ်ရာမှ ဒေသခံ PDF အဖွဲ့ဝင်များ လက်နက်ကြီးမှန်ကာ ကျဆုံးခဲ့ရကြောင်း ဝမ်းနည်းခြင်း သဝဏ်လွှာကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ Red News…
Read More
မကွေးမြို့ ကြံ့ခိုင်ရေးရုံးအနီး ဗုံးပေါက်ကွဲမှုကို မကွေးတိုင်း အခြေပြု PDF များ မလုပ်ခဲ့ဟု ထုတ်ပြန်

မကွေးမြို့ ကြံ့ခိုင်ရေးရုံးအနီး ဗုံးပေါက်ကွဲမှုကို မကွေးတိုင်း အခြေပြု PDF များ မလုပ်ခဲ့ဟု ထုတ်ပြန်

မကွေး၊ စက်တင်ဘာ ၁၄ ရက်။ မကွေးမြို့ ကြံ့ခိုင်ရေးရုံးအနီး ယနေ့ ( စက်တင်ဘာလ ၁၄ ရက်) နံနက်ပိုင်းက ပေါက်ကွဲမှုသည် မကွေးတိုင်းအ‌ခြေပြု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲခဲ့ခြင်းမဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ မကွေးတိုင်းအခြေပြု PDF မိတ်ဖက်ောဖွဲ့အစည်းများဖြစ်သည့် People’s Defense Force ( Magway) ၊ Magway Division People’s Defense Force ၊ People’s Revolutionary Association ၊ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပွင့်ဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့က စစ်ကောင်စီ၊ စစ်ကောင်စီ‌ထောက်တိုင် ယန္တရားနှင့် စီးပွားရေးထောက်တိုင်များကိုသာ ဦးတည်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။ ယနေ့…
Read More