Red News Agency

Independent Journalism for Justice and Human Rights.

Tag: ရွှေမျောလုပ်ငန်း

  • ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်မှု ပိုတိုးလာ၊ KIA/PDF မှ အရေးယူဆောင်ရွက်ပေးမှုမရှိ

    ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်မှု ပိုတိုးလာ၊ KIA/PDF မှ အရေးယူဆောင်ရွက်ပေးမှုမရှိ

    RNA_ဖားကန့်၊ မတ် (၁၃)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ အများသုံး ကျေးရွာပိုင်ရေကန်အတွင်းရွှေမျောတိုက်မှု ဒေသခံများမလိုလားသော်လည်း ဒေသအာဏာပိုင်များ၏ အရေးယူဆောင်ရွက်ပေးမှု မရှိခြင်းကြောင့် ရွှေမျောစင်များ ပိုတိုးလာကြောင်း သိရသည်။

    “ကျနော်အရင်တစ်ခါလည်းပြောပါတယ်၊ ရေကြည်ရေကန်ထဲ ရွှေမျောတိုက်တော့၊ ရေအသုံးပြုရအဆင်မပြေဘူးလို့၊ ဒါကိုသတင်းတက်လာလည်း KIAရော PDF ရော ရွှေမျောတိုက်တာကို မတားပေးကြဘူးဗျ” ဟု ဒေသခံတစ်ဦးကပြောသည်။

    (more…)

  • ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်နေမှု ‌ဒေသခံများ မကျေနပ်

    ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်နေမှု ‌ဒေသခံများ မကျေနပ်

    RNA_ဖားကန့်၊မတ် (၁၀)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ အများသုံး ကျေးရွာပိုင်ရေကန်အတွင်း မျောစင်ထောင် ရွှေမျောတိုက်နေမှုကို ဒေသခံပြည်သူများက လက်မခံ မကျေနပ်ကြကြောင်း သိရသည်။

    ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်နေသည့် လုပ်ကွက်များနှင့်  ‌ရွှေမျောတိုက်နေသည့်လုပ်ငန်းအများစုက စစ်ကောင်စီနှင့် ဘာသာရေးနောက်များကြောင့် လုပ်ကိုင်နေသည့်အတွက် ပြည်သူများမှာ တရားဝင် မပြောရဲကြခြင်း ဖြစ်နေကြသည်။

    (more…)

  • စစ်ကောင်စီလက်ပါးစေနှင့် လုပ်ငန်းရှင်များပေါင်းပြီး ရွှေမျောလုပ်ငန်းများ တရားမဝင် လုပ်ကိုင်နေ

    စစ်ကောင်စီလက်ပါးစေနှင့် လုပ်ငန်းရှင်များပေါင်းပြီး ရွှေမျောလုပ်ငန်းများ တရားမဝင် လုပ်ကိုင်နေ

    RNA_မတ်၉၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ရွှေမျောလုပ်ငန်းကို စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်၊ ရပ်ကျေးအုပ်ချုပ်ရေးနှင့်ပေါင်းပြီး တရားမဝင် လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

    NLD အစိုးရလက်ထက်က ကရားကျေးရွာ ရေတိုက်စားမှု မရှိစေရေးအတွက် ရေထိန်းနံရံ ပြုလုပ်ထားပြီး၊ ကျေးရွာအနီး ရွှေမျောလုပ်ငန်းများ၊ သဲ၊ ကျောက် ထုတ်လုပ်မှုများကို ခွင့်မပြုခဲ့ကြောင်း၊ ယခု စစ်ကောင်စီလက်ပါးစေများနှင့် လုပ်ငန်းရှင်များပေါင်းပြီး တရားမဝင်ပြုလုပ်နေကြောင်း သိရသည်။

    ” အခုဆို ရွာဆိပ်ကမ်းကိုရောက်ပြီ၊ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ကမ်းထိန်းနံရံကျတဲ့ တည့်တည့်နေရာကို မောင်းနေပါတယ်။ ကျေးရွာနေပြည်သူတွေက ဒါကိုလက်မခံနိုင်ကြောင်းပြောနေကြပါတယ် လက်ရှိမှာသူတို့လုပ်ချင် ရာလုပ်နေကြပါတယ်။ နောက်ဆိုထက်ပိုဆိုးလာနိုင်တာ့မို့ ဘယ်သူ့ပြောရမှန်းလဲ မသိတော့ဘူး ရှိတဲ့လူကြီးကလဲ အထက်ကခိုင်းရင် ဟုတ်ကဲ့ခေါင်းငြိမ့်ဘဲ တတ်တာဆိုတော့ ရွာနေပြည်တွေ အားကိုးမရှိပါဘူး” ဟု ဒေသခံပြည်သူ တဦးက ပြောထားသည်။

    ဖောင်းပြင်မြို့နယ်၊ နတ်စက်ကျေးရွာအုပ်စုအတွင်း ချင်းတွင်းမြစ်ကြောင်းတလျှောက် စစ်ကောင်စီနှင့် ပူးပေါင်းပြီး မြစ်ကျောက်၊မြစ်သဲ ထုတ်လုပ်မှုကို အကြောင်းပြပြီး ရွှေမျော လုပ်ငန်း လုပ်ကိုင်နေသည့် ပြည်သူအားလုံး မတ်လ (၄) ရက်နေ့မှစပြီး လုပ်ငန်းများ ရပ်နားထားကြရန် ဖောင်းပြင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

    Red News Agency