Tag: ပြည်သူများကြိုဆို

  • စခန်းသိမ်းပြန် ရဲဘော်များကို ပြည်သူများကြိုဆို

    စခန်းသိမ်းပြန် ရဲဘော်များကို ပြည်သူများကြိုဆို

    RNA_ဇွန်(၆)၊၂၀၂၅ခုနှစ်။

    ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ ဘလယ်ဒိုစခန်းအား မေလ၊ ၂၃ ရက်နေ့ကလည်းကောင်း၊ သေ့ဘောဘိုးစခန်းအား ဇွန်လ ၃ ရက်နေ့ကလည်းကောင်း သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်သူ့အောင်ပွဲအဖြစ် အောင်ပွဲရယူခဲ့ကြသော KNLA၊ PDF ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့များအား ပြည်သူများက အားရဝမ်းသာစွာဖြင့် ကြိုဆိုခဲ့ကြသည်ဟု ဇွန်လ (၅) ရက်နေ့တွင် Cobra Column 2 VENOM ကအသိပေးထားသည်။

    (more…)

  • မင်းတပ်မြို့သိမ်းတိုက်ပွဲပြန် ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

    မင်းတပ်မြို့သိမ်းတိုက်ပွဲပြန် ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

    RNA_ဇန်နဝါရီ(၃)၊၂၀၂၅ခုနှစ်။

    ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့် အခြားသောမဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်ပြီး ပြန်လာခဲ့သော စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှ အောင်ပွဲရ ရဲဘော်များကို ဒေသခံတော်လှန်ပြည်သူများက ဝမ်းသာအားရ အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြကြောင်း ရုပ်သံမှတ်တမ်းကို ယနေ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားသည်။

    (more…)

  • တိုက်ပွဲပြန် PDF များကို အိုးစည်ဒိုးပတ် အကများဖြင့် ပြည်သူများက ဝမ်းသာအားရ ကြိုဆို

    တိုက်ပွဲပြန် PDF များကို အိုးစည်ဒိုးပတ် အကများဖြင့် ပြည်သူများက ဝမ်းသာအားရ ကြိုဆို

    စစ်ကောင်စီတပ်သား (၅၀) ကျော်သေဆုံးသည့် တိုက်ပွဲအပြန် PDF များကို အိုးစည်ဒိုးပတ် အကအခုန်များဖြင့် ပြည်သူများက ဝမ်းသာအားရ ကြိုဆို

    RNA_ဇန်နဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတလျှောက် ကုန်းကြောင်း၊ ရေကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅၀) ဝန်းကျင်သေဆုံးသည့် တိုက်ပွဲအပြန် PDF ရဲဘော်များကို ဒေသခံပြည်သူများက အိုးစည်ဒိုးပတ် အကအကုန်များ အစားအသောက်များဖြင့် အားရဝမ်းသာစွာ များဖြင့် ကြိုဆိုကြောင်း သိရသည်။

    “ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅၀ကျော် ကျဆုံးပြီး၊ စစ်ကောင်စီတပ်သားများထံမှ လက်နက်ကြီး၊ငယ်များ၊လည်း သိမ်းဆည်းရမိကြသည်။ စစ်ကောင်စီတပ်များ အရှုံးနှင့်ပြန်ဆုတ်သွားပြီး‌နောက် အောင်ပွဲဖြင့်ပြန်လာကြသည့် တော်လှန်ရေးတပ်ဖွဲ့များကို ကနီမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀နီးပါးမှ ပြည်သူ ထောင်ချီဟာ စုရပ် (၇)ခုမှာ စုဝေးကာ အောင်သပြေပန်းများ၊ အိုးစည်ဒိုးပတ် အကအခုန်များစွာဖြင့် သောင်းသောင်းဖြဖြကြိုဆိုကြပြီး၊ အစားအသောက်များ ဧည့်ခံ ကျွေးမွေးခြင်းနှင့်တော်လှန်ရေးထောက်ပံ့ငွေများလည်း လှူဒါန်းကြပါသည်” ဟု Myanmar Defense Force – MDF-ဗဟိုပြန်ကြားရေးကော်မတီက ယမန်နေ့က ထုတ်ပြန်ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=IIGZZbDQovU[/embedyt]

    အာဏာသိမ်းစစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် Myanmar Defense Force နှင့် ရွှေဘိုခရိုင်တပ်ရင်း ၂၆၊ ခရိုင် တပ်ရင်း ၁၊၂၊ ကျောင်းသားလက်ရုံးတပ်၊ KPDF၊ ဒေသခံပကဖများ၊ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့စသည်တို့က တိုက်ခိုက်ခဲ့ကြပြီးအပြန် ပြည်သူထောင်ချီပြီး ဆိုကြိုခဲ့ကြသည်ဟု သိရသည်။

    Red News Agency