Tag: ပျူစောထီး
-

အင်းစိန်ထောင် ပါဆယ်ဌာန ဗုံးပေါက်ကွဲမှု အနည်းဆုံး ၂ ဦးသေ
RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ ခုနှစ်။ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင် တိုက်သမားများထံပို့သည့် ပါဆယ်ဌာနတွင် ယနေ့ ( အောက်တိုဘာ ၁၉ ရက်) နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်း တစ်ဦးပါအဝင် အနည်းဆုံး (၂) ဦးသေဆုံးကြောင်း သိရသည်။” အခုပေါက်တာက ပါဆယ်ဌာနပေါ့၊ တိုက်ထဲနေရာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဆီကို ပါဆယ်ပို့တဲ့ နေရာလေ၊ ဖြစ်နိုင်တာက PDF တွေ လုပ်တာ မဖြစ်နိုင်ဘူး၊ အင်းစိန်ထောင်က အစစ်အဆေးတအား ကြပ်နေတာလေ ပျူစောထီးတွေလုပ်တာဖြစ်နိုင်တယ်၊ အခု ဝန်ထမ်းတဦးက တန်းသေတယ်၊ နောက်ထပ်တယောက်က သတိမေ့သွားပြီးမှ သေတယ်၊ အပြင်က ထောင်ဝင်စာလာတဲ့အထဲကလည်း ကလေးတယောက် ဒဏ်ရာရသေးတယ်၊ အခြားဒဏ်ရာရတဲ့ သူရှိနိုင်သေးတယ်” ဟု အင်းစိန်ထောင်နှင့် နီးစပ်သူ တဦးက Red News Agency ကို ပြောသည်။အင်းစိန်ထောင် ယနေ့ နံနက်ပေါက်ကွဲမှု မည်သည့်အဖွဲ့က လုပ်သည်ကို တိတိကျကျ မသိရှိရသေးကြောင်း၊ ဝန်ထမ်းများ ပါဆယ်များကို စစ်ဆေးရင်း ပေါက်ကွဲသွားကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို ပစ်မှတ်ထားပြီး လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ယူဆနေကြကြောင်း စုံစမ်းသိရှိရသည်။Red News Agency -

တောင်ရွာသစ်ကျေးရွာမှ ပြည်သူတချို့ကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများ သတ်ဖြတ်
RNA_ဇူလိုင် ၁၄၊၂၀၂၂ခုနှစ်။
အင်တာနက်ဖြတ်တောက်ခံထားရသည့်စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ကန့်ဒေါင့်အုပ်စု၊တောင်ရွာသစ်ကျေးရွာမှ အပြစ်မဲ့ကျေးရွာသူရွာသားတချို့ကို ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်နှင့်ပျူစောထီးများက သတ်ဖြတ်သွားကြောင်း သိရသည်။

ဓာတ်ပုံ : နှင်းရိပ်နွေ “ဆက်သွယ်ရေးဆိုးဆိုးဝါးဝါးအဖြတ်ခံထားရလို့ မီဒီယာမှာမပေါက်ရောက်တဲ့ခုလိုဖြစ်ရပ်တွေ ကျနော်တို့စစ်ကိုင်းမှာ အများကြီးပါ။ ကျနော်တို့ကိုယ်တိုင်ရိုက်ယူလာကြလို့သာ သိရတာပါ။2Gအင်တာနက်လေး ရဖို့ဆိုရင်တောင် ခွေးတွေနဲ့မလှမ်းမကမ်း(ဒါမှမဟုတ်) တောင်ကြိုတောင်ကြားတစ်နေရာ၊တစ်ခါတလေ တခြားမြို့နယ်ထိ ထွက်ရပါတယ်” ဟု တော်လှန်ရေးရဲဘော် ကဗျာဆရာ နှင်းရိပ်နွေက လူမှုကွန်ယက်မှတဆင့် အသိပေးထားသည်။

ဓာတ်ပုံ : နှင်းရိပ်နွေ ကဗျာဆရာ နှင်းရိပ်နွေ ရေးသားထားသည့် “စစ်ပွဲဧရိယာ” တော်လှန်ရေးကဗျာစာအုပ် (E-Book) ကို ရောင်းချနေပြီး လူမသိသူမသိဒုက္ခရောက်နေတဲ့ပြည်သူတွေသည့် မြေပြင်မှာအသက်ပေးတော်လှန်နေရပြီး နာမည်ယူရကောင်းမှန်းမသိသူများ ၊ မီဒီယာပေါ်မရောက်သည့်အတွက် နာမည်မရသည့်အဖွဲ့အစည်းတွေကို ပိုကူနိုင်ဖို့အတွက် ရောင်းချနေကြောင်း သိရသည်။

ဓာတ်ပုံ : နှင်းရိပ်နွေ Red News Agency
-

စစ်ကောင်စီတပ်က ပြည်သူ့စစ် (ပျူစောထီး) ဖွဲ့ဖို့ တရွာ (၂၀) ယောက် တောင်းနေ
RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။
စစ်တပ်အာဏာသိမ်းပြီး ပြည်သူ့ဘက်ပူးပေါင်းမှုနှင့် ထွက်ပြေးမှုများကြောင့် အင်အားနည်းနေသည့် စစ်ကောင်စီတပ်သည် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ကျေးရွာ (၁၀) ကျော်မှာ ပြည်သူ့စစ် ( ပျူစောထီး) ဖွဲ့ရန် တရွာ လူ (၂၀) ပေးရမည်ဆိုပြီး အတင်းအဓမ္မ လူတောင်း စုဆောင်းနေကြောင်း ဒေသခံများထံက သိရသည်။
ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ် အင်အားနည်းနေပြီး ကျေးရွာတွေအပေါ် နိုင်ထက်စီးနင်း လူစုဆောင်းနေပြီး၊ နတ်ရေကန် တောင်ပေါ်က ရေကြောင်းရန် ကာကွယ်ရေးတပ်များနှင့် ထွေအုပ်များ ပူးပေါင်းအင်အား (၅၀) နီးပါးဖြင့် ကျေးရွာအတွင်းဝင်ကာ ဖုန်းများစစ်ဆေးခဲ့ပြီး၊ ကျေးရွာအတွင်းလူငယ်များ ပျောက်ဆုံးမှု ရှိ မရှိ ဇန်နဝါရီလ ၂၆ ရက်နေ့က စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ငဖဲမြို့နယ်၊ နောင်၊ လိုင်၊ စွန်တက်၊ ဂုတ်ကြီး၊ ပဘွေး၊ ဘုံဘော၊ ခွန်ဆူ၊ လင်းတဲ၊ ဆင်ယင်း၊ ကြက်ဥစသည့် ကျေးရွာများတွင် အိမ်ထောင်စုစာရင်းတွေတောင်းပြီး တရွာလျှင် လူဦးရေ ၂၀ ပြည့်သူစစ်ဝင်ရန် ယခုလကုန် ပေးပို့ရမည်ဟု စစ်ကောင်စီတပ်တွေ လာရောက်ပြောဆိုသွားကြောင်း သိရသည်။ (more…)