Tag: ကော်ဘရာစစ်ကြောင်း

  • ကော်ဘရာ သူရဲကောင်း (၃) ဦးဈာပန 

    ကော်ဘရာ သူရဲကောင်း (၃) ဦးဈာပန 

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ကော်ဘရာ စစ်ကြောင်းမှ ကျဆုံး ရဲဘော် (၃) ဦးဈာပန ယနေ့ ညနေပိုင်းက စစ်ကြောင်းမှ ရဲဘော်များက ပြုလုပ်ခဲ့သည်။

    နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲဘော် နော်အဲမူ အသက် (၂၉) နှစ်၊ ရဲဘော် ကျော်စွာဟိန်း (ခ) ကျော်ကြီး အသက် (၂၀) နှစ် ၊ ရဲဘော် သီတာအေး (ခ) လုလုဖော် အသက် (၂၂) နှစ်တို့ ကျဆုံးခဲ့ရသည်။

    [embedyt] https://www.youtube.com/watch?v=krYpkDi-zj4[/embedyt]

    ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၇) ဗိုလ်ဒါဘော ဦးစီးသည့် ကော်ဘရာ စစ်ကြာင်းသည် ကရင်ပြည်နယ်၊ မြဝတီ – ဝေါ်လေ ဒေသ၊ လေ့ကေ့ကော်၊ ဖလူး၊ မင်းလက်ပံ၊ သဲဖြူချောင်း၊ လူခို့၊ ဘလက်တို၊ သေ့ဘော့ဘိုး၊ ဆုံဆည်းမြိုင်၊ တောင်နီ စသည့် ဒေသတွင်း နယ်မြေအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း သိရသည်။

    #RedNewsAgency

  • ကော်ဘရာစစ်ကြောင်း အလစ်အငိုက်တိုက်ခိုက်ခံရပြီး အမျိုးသမီး ရဲဘော် (၂) ဦးပါအဝင် ရဲဘော် ၃ ဦးကျဆုံး

    ကော်ဘရာစစ်ကြောင်း အလစ်အငိုက်တိုက်ခိုက်ခံရပြီး အမျိုးသမီး ရဲဘော် (၂) ဦးပါအဝင် ရဲဘော် ၃ ဦးကျဆုံး

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။
     
    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသတွင် ကော်ဘရာစစ်ကြောင်းမှ ကားတစ်စီးကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက အလစ်အငိုက်ဖမ်းပြီး ချောင်းမြောင်းတိုက်ခိုက်ရာ အမျိုးသမီးရဲဘော် (၂) ဦးပါအဝင် အနည်းဆုံး ရဲဘော် (၃) ဦးကျဆုံးခဲ့ကြောင်း Red News Agency က အတည်ပြုနိုင်သည်။
     
    “အခုက အဲ့မူရယ်၊ နောက်အမျိုးသမီးတဦးရယ်၊ အမျိုးသား တဦးရယ်ပေါ့ ကျသွားတာ သေချာပါပြီ၊ ဒါပေမဲ့ ပြင်ထားတာတော့ ၆ နေရာရှိတယ်ကြားတယ်၊ သေချာတာက ၃ ဦးက သေချာပါပြီ၊ စခတွေက ချောင်းမြောင်းပစ်တာ၊ တိုက်ပွဲဖြစ်ပွားချိန်မှာ မဟုတ်ပါဘူး” ဟု PDF ရဲဘော်တဦးက အတည်ပြုပြောကြားထားသည်။
     
    ကရင်ပြည်မှာ စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်းနှင့် မဟာမိတ်အဖွဲ့များ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေကြပြီး၊ စစ်ကောင်စီတပ်က ချောင်းမြောင်းပစ်ခတ်သည့်အတွက် အကျအဆုံးများရခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူတချို့ရှိကြောင်း သိရသည်။
     
    #RedNewsAgency

  • တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦးအပါ အဝင် (၄) ဦးသေ၊ အများအပြား ထွက်ပြေး 

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦးအပါ အဝင် (၄) ဦးသေ၊ အများအပြား ထွက်ပြေး 

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘော့ဘိုးကျေးရွာအနီးသို့ လာရန်ကြိုးစားနေသည့် စစ်ကောင်စီတပ် တပ်မ (၄၄)လက်အောက်ခံ ၊ နည်းဗျူဟာ (၄၄၃)၏ တပ်များကို ကော်ဘရာစစ်ကြောင်းနှင့် မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် (၄) ဦးသေဆုံးကာ အများအပြား ထွက်ပြေးကြကြောင်း သိရသည်။

    စစ်ကောင်စီတပ်ကို KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း၏ တပ်ခွဲ(၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ တို့က နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှ ညနေ ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်က သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူ အများအပြားပစ်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများထွက်ပြေးကြရပြီး နယ်မြေရှင်းလင်းရေးလုပ်စဉ် ၅.၅၆ (ကပစ) ကျည်ဆန် (၃၇၀)တောင့်၊ (၄၀) မမ ဗုံးသီး (၈) လုံး၊ RPG ဗုံးသီး (၃)တောင့်၊ ၎င်းပို့ယမ်းတောင့် (၃) တောင့်၊ (၅.၅၆)ကျည်ဘောက် (၈)ခု၊ MA – 2 ကျည်ဘောက်(၁)ခု၊ လက်ပစ်ဗုံး (၁)လုံး၊ နင်းမိုင်း (၂)လုံး၊ စစ်သုံးမြေပုံ (၁)ချပ်၊ ကျည်ကာ ဦးထုပ် (၁)လုံး၊ စစ်သုံး လွယ်အိတ် (၁)လုံး၊ စာရွက်စာတမ်းများ၊ ပုခတ် (၁)လုံး၊ ပေါက်တူး (၁)လက်၊ စက်အားသွင်းခုံ (၁)ခု၊ ရေဘူး(၁) လုံး၊ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ(၂)ပုံ တို့အား သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

    #RedNewsAgency