ဦးရည်မွန်

ကျောင်းသားလက်ရုံးတပ်တော်နှင့် MOD တပ်ရင်း တပ်ဖွဲ့များ စစ်ရေးအပြင် ဘဏ္ဍာရေးအရင်းအမြစ်များကို ပူးပေါင်းဆောင်ရွက်မည်

ကျောင်းသားလက်ရုံးတပ်တော်နှင့် MOD တပ်ရင်း တပ်ဖွဲ့များ စစ်ရေးအပြင် ဘဏ္ဍာရေးအရင်းအမြစ်များကို ပူးပေါင်းဆောင်ရွက်မည်

RNA_ဇူလိုင်(၂)၊၂၀၂၅ခုနှစ်။ မကွေးတိုင်းအတွင်း စစ်ရေးစီမံချက်များကို ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ တာဝန်ခွဲဝေကာ စစ်ဆင်ရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွကနိုင်ရေး သဘောတူထားပြီဖြစ်ကြောင်း သိရသည်။ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဦးဆောင်ကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်တော်စုဝန်ကြီး ဦးရည်မွန်တို့ ဇွန်လ ၂၉ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ကျောင်းသားလက်ရုံးတပ်တော် အခြေစိုက် ဒေသများရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဆွေးနွေးဖလှယ်ခဲ့ကြပြီး သဘောတူညီမှုများရရှိခဲ့သည်ဟု ကျောင်းသာလက်ရုံးတပ်တော်က ထုတ်ပြန်ထားသည်။ (more…)
Read More
ဒရုန်းဖြင့် ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထား၍ ရသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

ဒရုန်းဖြင့် ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထား၍ ရသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

RNA_ဧပြီ(၄)၊၂၀၂၄ ခုနှစ်။ ယနေ့ နေ့ပြည်တော်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရုံးချုပ် (ကက-ကြည်း)၊ မင်းအောင်လှိုင် နေအိမ်ဝန်းနှင့် အေလာလေတပ်တို့ကို တိုက်ခိုက်ခဲ့သည့် ဒရုန်းသည် ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထား၍ရသည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောထားသည်။ ယနေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲနှင့် Lethal Prop တပ်ခွဲတို့က မင်းအောင်လှိုင်နေအိမ်၊ စစ်ရုံးချုပ်၊ အေလာလေတပ်တို့ကို မောင်းသူမဲ့ Kamikaze ဒရုန်း (၂၈) စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
လေကြောင်းကာကွယ်ရေးလက်နက် ဖြန့်ကျက်တပ်ဆင်ဖို့ ကန့်အသတ်ရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော 

လေကြောင်းကာကွယ်ရေးလက်နက် ဖြန့်ကျက်တပ်ဆင်ဖို့ ကန့်အသတ်ရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော 

RNA_အောက်တိုဘာ(၂၇)၊၂၀၂၂ခုနှစ်။ လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အလုံ အလောက်ဖြန့်ကျက်တပ်ဆင်နိုင်ရန် အကန့်အသတ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောသည်။ PDF ရဲဘော်များသို့ ပြောကြားသည့် ရေဒီယို NUG အသံလွှင့်အစီအစဉ်တွင် ဦးရည်မွန်က ပြောကြားထားခြင်းဖြစ်သည်။ " လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ ဒီလက်နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြပ်မတ်ထားတာ ဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဒါကြောင့် ငါတို့ ဥာဏ်သုံးပြီး ရန်သူ့လေကြောင်းဟန့်တားနိုင်မယ့်နည်းလမ်းသစ်တွေ ရှာရလိမ့်မယ်။နည်းဗျုဟာပိုင်းဆိုင်ရာ လိုအပ်တဲ့အပြောင်းအလဲနဲ့အသင့်အနေအထား ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်တယ်" ဟု ဦးရည်မွန်က ပြောသည်။ (more…)
Read More
PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိ

PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိ

PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိဟု NUG ကာကွယ်ရေးဝန်ကြီးပြော RNA_ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်ဖွဲ့ဝင်များ မဟာမိတ်များရဲဘော်များနှင့်အတူ စစ်မြေပြင်တိုက်ပွဲဝင်နေကြပြီး၊ တိုက်ပွဲဝင်ရန် အသင့်အနေအထား PDF တပ်ရင်းတပ်ဖွဲ့မြောက်များစွာ ရှိနေပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ‌ပြည်သူများကို အသိပေးထားသည်။ NUG/MODဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဥ်ရှိရှိ ဆင်နွှဲ​နေကြောင်း၊ ပြည်သူ့​တော်လှန်​ရေးတစ်စုံလုံး၏ Chain Of Command ဟာ NUG/MODနှင့် မဟာမိတ်များ ပူး​ပေါင်း​ဖော်​ဆောင်ထားသည့် ကွပ်ကဲမှုစနစ်ဖြစ်ပြီးတိုက်ပွဲ​တွေကို Chain Of Command​အောက်ကသွား​နေကြောင်း၊…
Read More