ညီနောင်မဟာမိတ်

၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက် ညနေခင်း နောက်ဆုံးရ မြန်မာသတင်းများ

၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက် ညနေခင်း နောက်ဆုံးရ မြန်မာသတင်းများ

Red News Agency ကနေ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက် ညနေခင်း နောက်ဆုံးရ မြန်မာသတင်းများ ကို တင်ဆက်ထားပါတယ်။ အဓိကသတင်းများမှာ နေပြည်တော်က ပြန်လာတဲ့ စစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ MNDAA က ရှမ်းမြောက် ကွတ်ခိုင်မြို့ကို ထိန်းချုပ် ပခုက္ကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ NUG ယာယီသမ္မတ ဒူဝါလရှီးလ တော်လှန်ရေးအင်အားစုများကို တိုက်တွန်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေးနှင့် တော်လှန်ရေးသတင်းများ ကို Red News Agency မှ တင်ဆက်ပေးထားတာဖြစ်ပါတယ်။ #RedNewsAgency #RedNews #RNA
Read More
ကွတ်ခိုင်မြို့ကိုMNDAA ထိန်းချုပ်ထား

ကွတ်ခိုင်မြို့ကိုMNDAA ထိန်းချုပ်ထား

RNA_မတ် (၁၆)၊၂၀၂၆ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့တစ်ခုလုံးကို ကိုးကန့်တပ်မတော် (MNDAA) မှ အပြည့်အဝထိန်းချုပ်ထားကြောင်းကွတ်ခိုင်မြို့ ဒေသခံတစ်ဦးက Red News Agency ကို အတည်ပြု ပြောကြားသည်။ ၂၀၂၆ ခုနှစ် မတ်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် တအာင်းတပ်တော် (TNLA) နှင့် MNDAA တပ်ဖွဲ့တို့ ကွတ်ခိုင်မြို့အနီး၌ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး TNLA တပ်ဖွဲ့များ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းတွင် မြို့ကနေ ဆုတ်ခွါသွားသည့်အတွက် ကွတ်ခိုင်မြို့တစ်ခုလုံးကို MNDAA တပ်ဖွဲ့မှ ထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်သည်။ (more…)
Read More
စနစ်တကျပြင်ဆင်ပြီး TNLA ကို ထိုးစစ်ဆင်ခဲ့တဲ့ MNDAA

စနစ်တကျပြင်ဆင်ပြီး TNLA ကို ထိုးစစ်ဆင်ခဲ့တဲ့ MNDAA

ဘုံရန်သူ အရှိုက်ကို ထိုးနှက်ခဲ့ကြတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ အဲဒီ ညီနောင် မဟာမိတ်တွေထဲက MNDAA ဟာ ညီနောင်တစ်ဖွဲ့ဖြစ်တဲ့ TNLA စိုးမိုးနယ်မြေတွေကို စနစ်တကျပြင်ဆင်ပြီး ထိုးစစ်ဆင်နေပါတယ်။ လူထုမျက်နှာမထောက် ဘုံရန်သူကို ဦးမတည်သော တိုက်ပွဲတွေဟာ တော်လှန်ရေးအတွက် အဖျက်အမှောက်သာဖြစ်ပါတယ်။ ကျည်စဖောက်သူဟာ နံပါတ် (၁) ရန်သူဖြစ်တယ်။ အာဏာ အကျိုးစီးပွားအတွက် ကျည်ဖောက်နေကြပြီလား။ MNDAA ရဲ့နောက်ကွယ်မှာ တရုတ်အစိုးရနဲ့ ဖက်ဆစ်တပ် ရှိနေပြီလားဆိုတာကို အချက်အလက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က သုံးသပ်တင်ပြထားပါတယ်။  #RedNewsAgency #RedNews #RNA
Read More
TNLA နှင့် MNDAA ညီနောင်မဟာမိတ် ဆက်ဆံရေး ထိခိုက်ပြီးနောက် တိုက်ပွဲဖြစ်

TNLA နှင့် MNDAA ညီနောင်မဟာမိတ် ဆက်ဆံရေး ထိခိုက်ပြီးနောက် တိုက်ပွဲဖြစ်

RNA_မတ်(၁၄)၊၂၀၂၆ခုနှစ်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ ညီနောင်မဟာမိတ်ဆက်ဆံရေး ထိခိုက်သည့်ပြဿနာများဖြစ်ပွားပြီးနောက် ယနေ့ (မတ်လ ၁၄ ရက်) နံနက်ပိုင်းမှ စတင်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွက်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ ကွတ်ခိုင်မြို့ နယ် လွယ်ဆမ်ဆစ်နှင့် မန်ပျိန်းကျေးရွာကြားရှိ ဗျုဟာကုန်းတွင် တစ်နေရာ၊ ကွတ်ခိုင်မြို့အထွက် ကောင်းခါးကျေးရွာအနီး တစ်နေရာ၊ ကွတ်ခိုင်မြို့၏ အနောက်မြောက်ဘက်ရှိ ရှုခင်းသာအနီး တစ်နေရာ၊ ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက်ရှိ မော်ဟန်ကျေးရွာအနီး တစ်နေရာနှင့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီး စသည့် နေရာများတွင် ထိတွေ့တိုက် ပွဲများ ဖြစ်ပွားခဲ့သည်ဟုလည်း…
Read More
တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

"အခုလည်းကြည့်ပါအုံး တရုတ်အားကိုးနဲ့ စစ်လော်ဘီတွေ ဝိုင်းပင့်နေကြတာပါ။ တစ်ကယ်သာ တိုက်ကျစတမ်းဆိုရင် မင်းအောင်လှိုင်တပ်အနေနဲ့ မင်းအောင်လှိုင်တစ်သက် ပြန်ရဖို့မရှိပါဘူး။ မြောက်ပိုင်းတခွင်လုံးဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအောက်မှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ပြန်တိုက်ယူနိုင်တဲ့ နေရာရယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲက ဘယ်မြို့များရှိလို့လဲ" ပင်လယ်သူ လာရှိုးပြန်ပေးရတဲ့ ကိစ္စအတွက် တော်လှန်ပြည်သူတွေအနေနဲ့ ဘဝင်မကျမှု၊ ခံပြင်းမှုများစွာဖြစ်ပေါ်နေမှုများ ရှိနေတာကိုတွေ့ရသလို တပ်ထောက်ခံသူများ၊ အမျိုးဘာသာသာသနာကို ဦးထိပ်ထားပါတယ်ဆိုတဲ့ အမျိုးသားရေး ဝါဒီသမားတွေကလည်း ကျေနပ်သူရှိသလို၊ မကျေနပ်သူများလည်း ရှိနေပါတယ်။ ဒါဟာ လက်ရှိ လားရှိုးနဲ့ပတ်သတ်ပြီး မြင်တွေ့ရတဲ့ လူမှုကွန်ရက်‌ပေါ် စိတ်ခံစားချက်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ပထမဆုံး တပ်ထောက်ခံသူများအနေနဲ့ လာရှိုးပြန်ရပြီ၊တပ်မတော်သားတွေ မြို့ထဲ ပြန်ဝင်ကြောင်းပြောဆိုနေပေမယ့် တစ်ကယ်တွက်ကြည့်မယ်ဆိုရင်တော့ မင်းအောင်လှိုင်အတွက် သမိုင်းဆိုးကြီးဆိုတာကိုလည်း စစ်လော်ဘီတွေ…
Read More
သီပေါမြို့သိမ်းတိုက်ပွဲကာလအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

သီပေါမြို့သိမ်းတိုက်ပွဲကာလအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၁၆)၊၂၀၂၄ခုနှစ်။ ရှမ်းမြောက်၊ သီပေါမြို့သိမ်းပိုက်နိုင်ရေး တိုက်ပွဲ (၂) လကျော်ကြာအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဖာလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁)လက်၊ RPG (၂)လက်၊ စက်လက် (၉)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း သိရသည်။ သီပေါမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ (၂)လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့ထိ စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု…
Read More
စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ထင်ထားတာထက် ပိုမြန်သွားနိုင်တယ်

စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ထင်ထားတာထက် ပိုမြန်သွားနိုင်တယ်

"ကမ္ဘာ့သမိုင်း စာမျက်နှာမှာလည်း နိုင်ငံပိုင် ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို မရရှိခဲ့တာကြောင့် စစ်ရေးနဲ့ နိုင်ငံရေးမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ကျရှုံးသွားခဲ့ရတဲ့ တပ်မတော်ကြီးတွေ ရှိခဲ့ဖူးပါတယ်" ကေဂျီ - Wiper တော်လှန်ရေး သုံးနှစ်ကျော် လေးနှစ်တာ ကာလအတွင်း ရုန်းကန်ဖြတ်သန်းလာခဲ့ရပုံတွေနဲ့ လက်ရှိအနေအထားကို လေ့လာကြည့်မယ်ဆိုရင် နွေဦးတော်လှန်ရေးမှာ စစ်ရေး တိုးတက်အောင်မြင်မှုဟာ အရှိန်အဟုန် မြင့်မားလွန်းတာကို တွေ့မြင်ရပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့ နေရာက ပါဝင်နေတာကို တွေ့မြင်နေကြရပြီး ဒါဟာလည်း ပြည်သူလူထုရဲ့ အာဏာသိမ်း စစ်တပ်အပေါ် လက်မခံတော့တဲ့ အခြေအနေတွေကြောင့် ဖြစ်လာရတယ် ဆိုတာကို သိသာစေပါတယ်။   စစ်ရေးပိုင်းဆိုင်ရာမှာ ကြည်း၊ ရေ၊ လေ…
Read More
ညီနောင်မဟာမိတ်များ၏အောင်မြင်မှုသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေဟု ဗိုလ်နဂါးပြော

ညီနောင်မဟာမိတ်များ၏အောင်မြင်မှုသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေဟု ဗိုလ်နဂါးပြော

RNA_ဇန်နဝါရီ(၃၀)၊၂၀၂၄ခုနှစ်။   လက်နက်အားကိုးနှင့် အုပ်ချုပ်နေသည့် စစ်တပ် တစတစပြိုလာပြီး အလုံးစုံပြိုကျတော့မည့် အရိပ်အယောင်များ မြင်လာရပြီဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်များ၏ အောင်မြင်မှုများသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေကြောင်း BNRA မှ ဗိုလ်နဂါးက ယမန်နေ့ည Facebook Live တွင် ပြောကြားထားသည်။ #RedNewsAgency
Read More
၁၀၂၇ စစ်ဆင်ရေး ထောက်ခံမှုနှင့် အောင်သပြေလှုပ်ရှားမှု ပြုလုပ်

၁၀၂၇ စစ်ဆင်ရေး ထောက်ခံမှုနှင့် အောင်သပြေလှုပ်ရှားမှု ပြုလုပ်

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ထောက်ခံမှုနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အောင်သပြေလှုပ်ရှားမှု ဆန္ဒပြပွဲကို ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ် မှော်လည့်သပိတ်အင်အားစုများက ချီတက်လှည့်လည် ဆန္ဒပြခဲ့ကြသည်။   #RedNewsAgency
Read More
ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ်(ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ်အဖွဲ့ကြေညာ

ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ်(ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ်အဖွဲ့ကြေညာ

RNA_နိုဝင်ဘာ(၂)၊၂၀၂၃ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး (၇) ရက်တာ ကာလအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ဖြစ်ကြောင်း ညီနောင် မဟာမိတ် (၃) ဖွဲ့က ယနေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ထုတ်ပြန်လိုက်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ခဲ့သည့် ညီနောင်မဟာမိတ် (၃)ဖွဲ့ ဦးဆောင်သည့် “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇) ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း အကြီးအသေး စုစုပေါင်း ၉၀ ကျော်နှင့် သံချပ်ကာ…
Read More