စလင်းမြို့နယ်

စလင်းမြို့အနီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်

စလင်းမြို့အနီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်

RNA_ဇန်နဝါရီ(၆)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့အနီး ပြည်သူ့ကာကွယ်​ရေး ရဲဘော်များ လုံခြုံရေး စစ်ဆေးမှုပြုလုပ်ခဲ့သည့်အတွက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အနေအထားဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း သတင်းတာဝန်ခံ ကိုအောင်ဆန်းက​ ပြောသည်။ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (ပကဖ)) မှ ပြည်သူ လူထုသွားလာရေး အဆင်ပြေစေရန် စလင်းမြို့အနီး သွားရောက်ပြီး စလင်း -‌ ဆင်ဖြူကျွန်းကားလမ်းပိုင်းအား အသုံးပြုနေသော ခရီးသွားပြည်သူများအား ဇန်နဝါရီလ (၅) ရက်နေ့က စစ်ရေးလုံခြုံရေးအရ စစ်ဆေးမှူများ ပြုလုပ်ခဲ့ကြသည်။ (more…)
Read More
ခလရ ၂၅၉ တပ်နှင့် ခလရ ၂၅၅ တပ်မှ တပ်သား (၂) ဦး လက်နက်နှင့်တကွ အလင်းဝင်

ခလရ ၂၅၉ တပ်နှင့် ခလရ ၂၅၅ တပ်မှ တပ်သား (၂) ဦး လက်နက်နှင့်တကွ အလင်းဝင်

RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့ စက်မှုဇုန်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီ၏ ခလရ ၂၅၉ တပ်မှ တပ်သား ပြည့်ဖြိုးအောင်နှင့် ပခုက္ကူမြို့နယ် မြောက်လူးကန်အထိုင်စခန်းရှိ စလင်းမြို့အခြေစိုက် ခလရ ၂၅၅ တပ်မှ တပ်သား ကောင်းမင်းခန့်တို့သည် အောက်တိုဘာလ ၁၇ ရက်နေ့က သေနတ်၊ ကျည်တို့ ယူဆောင်လာပြီး ရေစကြိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Southern YSO PDF ထံ အလင်းဝင်ရောက်လာခဲ့သည်ဟု သိရသည်။   #RedNewsAgency #RedNews #RNA
Read More
တပ်စခန်းကို တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် လင်းဇင်းကျေးရွာပြည်သူများ တပတ်အတွင်း ထွက်ခါရန် PDF (၂) ဖွဲ့ ကြေညာ

တပ်စခန်းကို တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် လင်းဇင်းကျေးရွာပြည်သူများ တပတ်အတွင်း ထွက်ခါရန် PDF (၂) ဖွဲ့ ကြေညာ

RNA_အောက်တိုဘာ(၈)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းကျေးရွာ ရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် လင်းဇင်းကျေးရွာနေပြည်သူများ အောက်တိုဘာ (၇) ရက်မှစတင်ပြီး တပတ်အတွင်း ကျေးရွာအတွင်းနေထိုင်ခြင်း မပြုကြရန် NUG/MOD PDF မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်းနှင့် အမှတ် (၅) တပ်ရင်းတို့က ကြေညာချက်ထုတ်ပြန်ထားသည်။ (more…)
Read More
သံချပ်ကာယာဉ်အသုံးပြု စစ်ကြောင်းထိုးနေသော်လည်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွား

သံချပ်ကာယာဉ်အသုံးပြု စစ်ကြောင်းထိုးနေသော်လည်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွား

RNA_ဩဂုတ်(၁၅)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း PDF စိုးမိုးနယ်မြေတချို့ကို စစ်ကောင်စီတပ်မှ သံချပ်ကာယာဉ်အသုံးပြု စစ်ကြောင်းထိုးမှုများရှိနေသော်လည်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောကြားထားသည်။ #RedNewsAgency
Read More
ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေ

ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေ

RNA_ဇူလိုင်(၂၉)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်ပြီး ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို ထိမ်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။   ဒေသတွင်းတော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ်မေလ အတွင်းကတည်းက စလင်းမြို့နယ်၊ ငလှိုင်တွင်း ကျေးရွာအနီးရှိ ( ရေနံစိမ်းထွက်ရှိသည့်ဒေသ) စစ်ကောင်စီတပ်စခန်းကို မောင်းထုတ်နိုင်ခဲ့ပြီး ဒေသတွင်းစိုးမိုးမှုများလုပ်ဆောင်ခဲ့ကြောင်း၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းနယ်အတွင်းရှိ ဆည်တချို့မှ စစ်ကောင်လက်အောက်ခံများကိုလည်း မောင်းထုတ်ထားပြီး နယ်မြေစိုးမိုးမှုများရရှိထားကြောင်း ဒေသတွင်း စစ်ရေးသတင်းရစ်မြစ်က ပြောကြားထားသည်။ (more…)
Read More
စလင်း PDF နှင့်ပြည်သူများပူးပေါင်းပြီး ပန်းသပိတ်ပြုလုပ်

စလင်း PDF နှင့်ပြည်သူများပူးပေါင်းပြီး ပန်းသပိတ်ပြုလုပ်

RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက် တော်လှန်ရေးတွင်တာဝန်ကျေပွန်ခဲ့ကြသည့် အမျိုးသမီးများ၊ နွေဦးတော်လှန်ရေးတွင် အကျဥ်းကျခံနေရသည့်အမျိုးသမီးများ၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံဖြင့်ဆက်လက်တော်လှန်ပါဝင်နေကြသည့် အမျိုးသမီးများဂုဏ်ပြုသောအားဖြင့် June 19 လှုပ်ရှားမှူအနေဖြင့် မကွေးတိုင်း မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်း (စလင်း)မှ ရဲဘော်များနှင့် ပြည်သူများ ပူးပေါင်းကာ "စလင်းမြို့နယ်ပြည်သူလူထုပန်းသပိတ်" ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။   Red News Agency
Read More
မန်းချောင်း၊ မုန်းချောင်းနှင့် ချောင်းရေကြီးမှုများကြောင့် မကွေးတိုင်းအတွင်း လူသေမှုအပါအဝင် ပျက်စီးဆုံရှုံးမှု များပြား 

မန်းချောင်း၊ မုန်းချောင်းနှင့် ချောင်းရေကြီးမှုများကြောင့် မကွေးတိုင်းအတွင်း လူသေမှုအပါအဝင် ပျက်စီးဆုံရှုံးမှု များပြား 

RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း ဦးတည်ဝင်ရောက်လာသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးရွာသွန်းမှုများပြီးမကွေး တိုင်း၊ မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်အတွင်း မမန်းချောင်း၊ မုန်းချောင်းနှင့် ချောင်းရေကြီးမှုတို့ကြောင့် လူအသေအပျောက်ရှိခဲ့ပြီး ကျွဲနွားများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆုံးရှုံမှုများပြားခဲ့ကြောင်း သိရသည်။ "ပွင့်ဖြူမြို့နယ်မှာတော့ လူသေတာမကြားဘူး ယာတွေ ပျက်စီးသွာတယ်၊ တချို့ရွာတွေမှာ နေအိမ်တွေပျက်စီးသွားတယ်၊ စလင်း ဆက်ဖြူကျွန်းဘက်မှာတော့ လူတွေတာတွေရှိတယ်၊ အဲဒီဘက်က အပျက်အစီးပိုများတယ်၊ ကျွဲနွားတွေလည်း ‌သေတယ်၊ နေအိမ်ပျက်စီးတာတွေလည်း ရှိတယ်။ စကုဘက်က ရွာတွေမှာလည်း အပျက် အစီးရှိတယ်၊ လယ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေထဲထိ ရေဝင်တာ ရွာတွေဘက်ကတော့ ပြောစရာကို မလိုတော့ဘူး" ဟု ပွင့်ဖြူဒေသခံတဦးက ပြောသည်။ (more…)
Read More
သရက်တော ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေ၊ PDF ရဲဘော် ၃ ဦးကျဆုံး

သရက်တော ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေ၊ PDF ရဲဘော် ၃ ဦးကျဆုံး

RNA_မေ(၁၃)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ သရက်တောရဲစခန်းကို PDFများ မေလ (၁၀) ရက်နေ့ နံနက် (၃) နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေပြီး၊ PDF (၃) ဦးကျဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ သရက်တောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးခရိုင် အမှတ်(၁) တပ်ရင်း၊ မကွေးတိုင်း ကွပ်ကဲရေးအဖွဲ့နှင့် မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း ပူးပေါင်းစစ်ကြောင်းက စစ်ကြောင်းလေးကြောင်းခွဲကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (more…)
Read More