Red News Agency

Independent Journalism for Justice and Human Rights.

Tag: ဆီဆိုင်

  • လွိုင်ကော်စစ်ကူလာနေသော စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များ လွိုင်လင်းလေးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

    လွိုင်ကော်စစ်ကူလာနေသော စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များ လွိုင်လင်းလေးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

    RNA_ဇွန် (၁)၊၂၀၂၄ ခုနှစ်။
     
    ကရင်နီပြည် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ စစ်ကူလာနေသော စစ်ကြောင်းများနှင့်လည်း လွိုင်လင်လေးမြို့နယ်အတွင်း လွန်ခဲ့သည့်တပတ်ကျော်ကတည်းမှ ယနေ့ (ဇွန်လ ၁ ရက်) အထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
     
    “စစ်ကောင်စီက အင်အားဖြည့်တာမျိုးတွေ တလျှောက်လုံးလုပ်နေတယ်။ အစောက ပြောသလို လွိုင်လင်းလေးနဲ့ လွိုင်ကော်ကြား တိုက်ပွဲဖြစ်တာက ဆီဆိုင်ဘက်ကနေလာနေတဲ့ စစ်ကြောင်းတွေပေါ့နော်။ အဓိက​တော့ လွိုင်ကော်မြို့ထဲကို အင်အားဖြည့်ချင်တဲ့ ပုံစံမျိုးပေါ့နော် အဲဒီစစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်နေတာပေါ့။ လွိုင်လင်လေးဘက်က စစ်ကြောင်းတွေက လွိုင်ကော်မြို့ထဲ ဝင်ချင်နေတာပေါ့” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက Red News Agecny ကိုပြောသည်။

    (more…)